ရေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦးကို အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 816

Pearl (NP News) -စက်တင်ဘာ ၁၆

ရေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦးကို KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမားများကသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှီးနှူးကျေးရွာ နှင့် ဓမင်းဆိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှီးနှူး ကျေးရွာတွင် နေထိုင်သော အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် (၆၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမား နှစ်ဦးက မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ရှိန်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ည ၇ နာရီတွင် ရေးမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနေ ဦးသောင်းစိန် (၆၀)နှစ်သည် ၎င်းနေအိမ်အနောက်ဘက်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမား တစ်ဦးက ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသောင်းစိန်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Related news

© 2021. All rights reserved.