ဆဲလ်ဖုန်းများ၏ ဓါတ်ရောင်ခြည်ထွက်ရှိမှုများက လူများ၏ကျန်းမာရေးကို ထိခိုက်စေကြောင်း ရုရှားအေဂျင်စီတစ်ခုပြော

1512

Pika (NP News) - စက်တင်ဘာ ၂၆
ဆဲလ်ဖုန်းများအားလုံးမှ ဓါတ်ရောင်ခြည်ဖြာထွက်မှုများသည် လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ကြောင့် ဆဲလ်ဖုန်းများအသုံးပြုမှုကို လျှော့ချသင့်ကြောင်း ရုရှား၏ စားသုံးသူအခွင့်အရေးနှင့် လူသားကျန်းမာရေး အေဂျင်စီ Rospotrebnadzor က ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင် Iphone12 အမျိုးအစားကို ပိတ်ပင်လိုက်ပြီးနောက် ရုရှားကလည်း ပိတ်ပင်နိုင်ချေရှိသည်ဆိုသည့် ထင်ကြေးပေးမှုများရှိနေမှုနှင့်အတူ အဆိုပါအေဂျင်စီက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အေဂျင်စီပြောရေးဆိုခွင့်ရှိသူ က "ဆဲလ်ဖုန်းတွေက ဓါတ်ရောင်ခြည်ဖြာထွက်မှုတွေဟာ လူသားတွေ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ပြီးတော့ ဖုန်းပြောရာမှာလည်း ဘေးကင်းရေးစည်းမျဉ်းတွေကို လိုက်နာ ဖို့ လိုအပ်ပါတယ်။ ဖုန်းပြောမှုတွေဟာ နှစ်မိနစ်ထက်ပိုမကြာသင့်သလို ဖုန်းခေါ်ဆိုမှုတွေကြား အနည်းဆုံး ရပ်နားချိန်က (၁၅)မိနစ်ရှိသင့်ပါတယ်" ဟု ပြောထားသည်။
သုံးစွဲသူများသည် အိပ်နေစဉ်အချိန်အတွင်း ဖုန်းကို ဘေးဘက်တွင် ထားသင့်ပြီး အိတ်ကပ်များထဲတွင် ထည့်သယ် သွားမည့်အစား လွယ်အိတ်များထဲတွင် ထည့်သယ်သွားသင့်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ သည်။
ပြင်သစ်နိုင်ငံ၏ National Frequency Agency (ANFR) သည် Apple ကုမ္ပဏီ၏ iPhone 12 အမျိုးအစားက ဓါတ်ရောင်ခြည်အများအပြားကို ထုတ်လွှတ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းတွင် iPhone 12 အမျိုးအစားရောင်းချမှုကို ယခုလအစောပိုင်းတွင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ iPhone 12 ကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းသက်သာမှုများနှင့်အတူ လူကြိုက်များခဲ့သည်၊၊
iPhone 12 သည် ဓါတ်ရောင်ခြည်အများအပြား ထုတ်လွှတ်နေသည်ဆိုသည့် (ANFR) ၏ ပြောဆိုချက်များကို Apple ကုမ္ပဏီက ငြင်းဆိုထားကြောင်းလည်း သိရသည်။ သို့သော်လည်း Apple ကုမ္ပဏီသည် ယခင်တည်းက ဓါတ်ရောင်ခြည်စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံရမှုများလည်း ရှိနေသည်။

Zawgyi Version;
ဆဲလ္ဖုန္းမ်ား၏ ဓါတ္ေရာင္ျခည္ထြက္ရွိမႈမ်ားက လူမ်ား၏က်န္းမာေရးကို ထိခိုက္ေစေၾကာင္း ႐ုရွားေအဂ်င္စီတစ္ခုေျပာ
Pika (NP News) - စက္တင္ဘာ ၂၆
ဆဲလ္ဖုန္းမ်ားအားလုံးမွ ဓါတ္ေရာင္ျခည္ျဖာထြက္မႈမ်ားသည္ လူသားမ်ား၏ က်န္းမာေရးအတြက္ အႏၲရာယ္ရွိေသာ ေၾကာင့္ ဆဲလ္ဖုန္းမ်ားအသုံးျပဳမႈကို ေလွ်ာ့ခ်သင့္ေၾကာင္း ႐ုရွား၏ စားသုံးသူအခြင့္အေရးႏွင့္ လူသားက်န္းမာေရး ေအဂ်င္စီ Rospotrebnadzor က ေျပာၾကားခဲ့သည္။
ျပင္သစ္ႏိုင္ငံတြင္ Iphone12 အမ်ိဳးအစားကို ပိတ္ပင္လိုက္ၿပီးေနာက္ ႐ုရွားကလည္း ပိတ္ပင္ႏိုင္ေခ်ရွိသည္ဆိုသည့္ ထင္ေၾကးေပးမႈမ်ားရွိေနမႈႏွင့္အတူ အဆိုပါေအဂ်င္စီက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေအဂ်င္စီေျပာေရးဆိုခြင့္ရွိသူ က "ဆဲလ္ဖုန္းေတြက ဓါတ္ေရာင္ျခည္ျဖာထြက္မႈေတြဟာ လူသားေတြ အထူးသျဖင့္ ကေလးေတြအတြက္ အႏၲရာယ္ရွိပါတယ္။ ၿပီးေတာ့ ဖုန္းေျပာရာမွာလည္း ေဘးကင္းေရးစည္းမ်ဥ္းေတြကို လိုက္နာ ဖို႔ လိုအပ္ပါတယ္။ ဖုန္းေျပာမႈေတြဟာ ႏွစ္မိနစ္ထက္ပိုမၾကာသင့္သလို ဖုန္းေခၚဆိုမႈေတြၾကား အနည္းဆုံး ရပ္နားခ်ိန္က (၁၅)မိနစ္ရွိသင့္ပါတယ္" ဟု ေျပာထားသည္။
သုံးစြဲသူမ်ားသည္ အိပ္ေနစဥ္အခ်ိန္အတြင္း ဖုန္းကို ေဘးဘက္တြင္ ထားသင့္ၿပီး အိတ္ကပ္မ်ားထဲတြင္ ထည့္သယ္ သြားမည့္အစား လြယ္အိတ္မ်ားထဲတြင္ ထည့္သယ္သြားသင့္ေၾကာင္း အဆိုပါေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ သည္။
ျပင္သစ္ႏိုင္ငံ၏ National Frequency Agency (ANFR) သည္ Apple ကုမၸဏီ၏ iPhone 12 အမ်ိဳးအစားက ဓါတ္ေရာင္ျခည္အမ်ားအျပားကို ထုတ္လႊတ္ေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္းတြင္ iPhone 12 အမ်ိဳးအစားေရာင္းခ်မႈကို ယခုလအေစာပိုင္းတြင္ ပိတ္ပင္ခဲ့ေၾကာင္း သိရသည္။ iPhone 12 ကို ၂ဝ၂ဝ ျပည့္ႏွစ္ ေအာက္တိုဘာလတြင္ စတင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး ေဈးႏႈန္းသက္သာမႈမ်ားႏွင့္အတူ လူႀကိဳက္မ်ားခဲ့သည္၊၊
iPhone 12 သည္ ဓါတ္ေရာင္ျခည္အမ်ားအျပား ထုတ္လႊတ္ေနသည္ဆိုသည့္ (ANFR) ၏ ေျပာဆိုခ်က္မ်ားကို Apple ကုမၸဏီက ျငင္းဆိုထားေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း Apple ကုမၸဏီသည္ ယခင္တည္းက ဓါတ္ေရာင္ျခည္စံႏႈန္းမ်ားကို ခ်ိဳးေဖာက္ခဲ့သည္ဟု စြပ္စြဲခံရမႈမ်ားလည္း ရွိေနသည္။