အွန်လိုင်းရှော့ပင်းလိုင်စင် နှစ်သောင်းတစ်ထောင်ကျော် ထုတ်ပေးထား

 221

ပြည့်ဖြိုး(NP News)-ဇွန် ၂၆
Online Sales လုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုအဖြစ် (၂၀၂၃)ခုနှစ် အောက်တိုဘာလ (၂) ရက်မှ (၂၀၂၅) ခုနှစ် ဇွန်လ (၉)ရက်အထိ (၁)နှစ်နှင့် (၈)လအတွင်း မှတ်ပုံတင် အစောင်ရေ (၂၁ယ၁၈၈)စောင်ရှိပြီဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း များ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို ပထမ အဆင့်အနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ စာရွက် စာတမ်းပေါ်မှ အချက်အလက်များကို စစ်ဆေးခြင်းနှင့် ဒုတိယအဆင့်အနေဖြင့် စားသုံးရေးရာဦးစီးဌာနမှ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များအား စားသုံးသူများကို အကာကွယ်ပေးရန်နှင့် န-ခသာနမခန လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်ကာ အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုအဖြစ်သတ်မှတ်ပြီး ခွင့်ပြုထုတ်ပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်ကြေး နှုန်းထားများအဖြစ် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် (၇၀,ဝဝဝ)၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ် ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေး အဖွဲ့အစည်း ဖြစ်ပါက ကျပ် (၅၀,ဝဝဝ) နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်ပါက ကျပ် (၃၀,ဝဝဝ) ကောက်ခံသွားမှာဖြစ်ပြီး Online Sales လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်ရရှိပါကလည်း သက်တမ်းအားဖြင့် (၂)နှစ် သတ်မှတ်ကာ ရောင်းချခွင့် ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

Zawgyi Version:
အြန္လိုင္းေရွာ့ပင္းလိုင္စင္ ႏွစ္ေသာင္းတစ္ေထာင္ေက်ာ္ ထုတ္ေပးထား
ျပည့္ၿဖိဳး(NP News)-ဇြန္ ၂၆
Online Sales လုပ္ငန္းမ်ား မွတ္ပုံတင္ လက္မွတ္ေလွ်ာက္ထားမႈအျဖစ္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ (၂) ရက္မွ (၂၀၂၅) ခုႏွစ္ ဇြန္လ (၉)ရက္အထိ (၁)ႏွစ္ႏွင့္ (၈)လအတြင္း မွတ္ပုံတင္ အေစာင္ေရ (၂၁ယ၁၈၈)ေစာင္ရွိၿပီျဖစ္ ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။
e-Commerce Registration စနစ္မွ တစ္ဆင့္ ေလွ်ာက္ထားလာေသာ အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္း လုပ္ငန္း မ်ား၏ ေလွ်ာက္လႊာမ်ားႏွင့္ သက္တမ္းတိုးေသာ ေလွ်ာက္လႊာမ်ားကို ပထမ အဆင့္အေနျဖင့္ ကုန္သြယ္ေရးဦးစီးဌာနမွ စာ႐ြက္ စာတမ္းေပၚမွ အခ်က္အလက္မ်ားကို စစ္ေဆးျခင္းႏွင့္ ဒုတိယအဆင့္အေနျဖင့္ စားသုံးေရးရာဦးစီးဌာနမွ ေျမျပင္ ကြင္းဆင္းစစ္ေဆးၿပီးမွသာ Online Sales လုပ္ငန္းမွတ္ပုံတင္လက္မွတ္မ်ား ထုတ္ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။
အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းမ်ားအတြက္ လုပ္ငန္းမွတ္ပုံတင္လက္မွတ္မ်ားအား စားသုံးသူမ်ားကို အကာကြယ္ေပးရန္ႏွင့္ န-ခသာနမခန လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေစရန္ အတြက္ရည္႐ြယ္ကာ အေရးႀကီးကုန္စည္ႏွင့္ ဝန္ ေဆာင္မႈအျဖစ္သတ္မွတ္ၿပီး ခြင့္ျပဳထုတ္ေပးေန ျခင္းျဖစ္ေၾကာင္း သိရသည္။
မွတ္ပုံတင္ေၾကး ႏႈန္းထားမ်ားအျဖစ္ ကုမၸဏီ (သို႔မဟုတ္) စီးပြားေရးအဖြဲ႕အစည္းျဖစ္ပါက က်ပ္ (၇၀,ဝဝဝ)၊ SME လုပ္ငန္းဆိုင္ရာ အသိအမွတ္ ျပဳထားသည့္ အေထာက္အထား တစ္ခုခုပါရွိသည့္ ကုမၸဏီ (သို႔မဟုတ္) စီးပြားေရး အဖြဲ႕အစည္း ျဖစ္ပါက က်ပ္ (၅၀,ဝဝဝ) ႏွင့္ လူပုဂၢိဳလ္တစ္ဦးခ်င္းျဖစ္ပါက က်ပ္ (၃၀,ဝဝဝ) ေကာက္ခံသြားမွာျဖစ္ၿပီး Online Sales လုပ္ငန္းမ်ား မွတ္ပုံတင္လက္မွတ္ရရွိပါကလည္း သက္တမ္းအားျဖင့္ (၂)ႏွစ္ သတ္မွတ္ကာ ေရာင္းခ်ခြင့္ ျပဳထားေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနမွ သိရပါတယ္။

Related news

© 2021. All rights reserved.