“ Investment Banking ဆိုတာ နိုင်ငံတကာဘဏ်တိုင်းမှာရှိတယ် မြန်မာမှာပဲမရှိတာ ’’

347

နေပြည်တော်တွင် မေလ(၃၀)ရက်နှင့် (၃၁)ရက်တို့တွင်ကျင်းပခဲ့သည့် ငလျင်အလွန် မြန်မာ့စီးပွားရေး ကုစား ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲအပေါ် တကယ်လိုအပ်နေသည့်အချက်များနှင့် ပတ်သက်၍ စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဆွေးနွေးထားခြင်းကို ဖော်ပြပေးသွားပါမည်။
( ယခင်တစ်ပတ်မှအဆက် )
ကျော်နု - ဖိုရမ်ထဲမှာ ကျွန်တော်သတိထားမိတဲ့ သလောက်ပေါ့။ တချို့လုပ်ငန်းရှင်တော်တော်များ များက အစိုးရက ပြောနေတဲ့ ဘီလျံ(၉၀ဝ)တို့ကို စိတ်မဝင်စားဘူး။ အဲဒါကို သိပ်စိတ်မဝင်စားဘူး။ အဲဒါက သူတို့အတွက် ဘာမှမခက်ဘူးလို့ မြင်ထားကြတယ် တချို့တွေက။ သူတို့မြင်တာက ဘဏ်ရဲ့လုပ်ထုံးလုပ် နည်းဖြေလျှော့ဖို့ရယ်၊ အတိုးသက်သာဖို့ရယ်၊ အခြား သောဝင်ငွေရလမ်းတွေ ဖန်တီးဖို့ရယ်၊ နောက်တစ်ခါ အစိုးရရဲ့ တချို့ Policy တွေ၊ တင်းကြပ်ထားတဲ့ Policy တွေ ဒါတွေကို ဖြေလျှော့ဖိုရယ်၊ ဒါတွေကိုပဲ High Light လုပ်ပြီးတော့ တွန်းပြီးတော့ ဆွေးနွေး ကြတာမျိုးသွားတွေ့ရတယ်။ တကယ်ကော အဲဒါ ပိုဖြစ်သင့်တာလား။
ဆွေးနွေးဖော် - အဲဒါလည်းတစ်ကြောင်းပေါ့။ ကျွန်တော်ပြောတာ မြန်မာပြည်ကဘဏ်တွေမှာ သူတို့ သတ်မှတ်ထားတာ တဲ့ဟာက ဘဏ်တစ်ခုချင်းစီအလိုက်ကိုမှ လူတစ်ဦးတစ်ယောက်ကိုမှပေးရတဲ့ Limit ဆိုတာရှိတယ်။ ဆိုတော့ သူရဲ့ငွေစုငွေ အချိုးနဲ့ Single Model Limit ဆိုတာရှိတယ်။ ဆိုတော့ သူ့ရဲ့ငွေစုငွေအချိုးနဲ့ ပြန်ပေးနိုင်တဲ့နှုန်းနဲ့ ဒါက ဘဏ် တွေမပြိုလဲအောင် ဗဟိုဘဏ်ကသတ်မှတ်ထားတာပေါ့။ ဒါပေမဲ့ ဒီဗဟိုဘဏ်မှာ Investment Banking ဆိုတဲ့ဟာ နိုင်ငံ တကာဘဏ်တိုင်းမှာရှိတယ်။ မြန်မာပြည်တစ်ခုတည်းမှာမရှိတာ။ အဲဒါကို ဖြစ်စေချင်တာလို့ ကျွန်တော်ကထင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာပြည်မှာ Investment Banking ဆိုတာကို ဥပမာ သံချောင်းတွေသွင်းမယ်။ ဆီတွေ သွင်းမယ်။ ပိုက်ဆံမရှိဘူး။ လိုတယ်။ အဲဒီတစ်ကြောင်း စာအတွက်ကို ဘဏ်ကနေ ငွေထုတ်ပေးလိုက်မယ်။ ဒီသံချောင်း မြန်မာပြည်ရောက်လာရင် ဥပမာ အစိုးရကိုရောင်းမလား၊ MEC ရောင်းမလား၊ ဦးပိုင်ရောင်း မလား၊ ကုန်သွယ်ရေးဝန်ကြီး ဌာနကိုရောင်းမလား။ ရောင်းလိုက်ပြီးရင် ရောင်းတဲ့ငွေကို ဘဏ်ကပြန်ယူတာ။ အလုပ်လုပ်တဲ့လူရဲ့အမြတ်ငွေလေးကိုပဲ သူ့အကောင့်ထဲလွှဲပေးလိုက်ဆိုရင် အဲဒီလိုမျိုးနဲ့ဒါက Trade Financing လို့ခေါ်တယ်။ အဲဒီလိုမျိုး Trade Financing တွေ ဘဏ်တွေလုပ်လာနိုင်လာဖို့လိုတယ်။ လက်ရှိအခြေအနေမှာ လုပ်လို့မရအောင် ဗဟိုဘဏ် ကချုပ်ထားတယ်လို့မြင် တယ်။ နောက်တစ်ခါ Export Earning နည်းနေတယ်လို့ အမှန်က Cash Flow ကြီးကို ပေးလည်ပစ်လိုက်ရမှာရှိတယ်။ ဒီနည်းနည်း လေးရှိနေတာကိုဆုပ်ကိုင်ထားမယ့်အစား ဒီနည်းနည်းလေးကို Cash Flow ထဲထည့်ပြီးပေးလည်လိုက် ရင် ဒီ Trading Cash Flow ကြီးလည်သွားရင် ဒီငွေတွေက သူ့ဟာသူလည်ပတ်သွားလိမ့်မယ်။ ဒါမျိုး သေးသေးလေးကို ကုန်သွားမှာစိုးလို့ဆုပ်ကိုင်ထား ရင်းနဲ့ လုံးပါး ပါးပါးသွားမှာ။ ဒါလေးကို အလုပ်လုပ်တဲ့ ထဲပစ်ထည့်လိုက်ပြီးတော့ Cash Flow ကိုဆွဲခေါ်ရ မှာ။ ချိတ်ပြီးတော့ ဒီ Cash Flow ကြီးသွားအောင် ဆွဲခေါ်သွားနိုင်ရင် ဒီထဲမှာ ငွေရောက်လာမယ်။ ဆိုပါ စို့ Export ထွက်မယ့်ပစ္စည်း ဒေါ်လာရမယ့်စက်ရုံ မြန်မာပြည်မှာလာတည်တယ်။ လာတည်တဲ့စက်ရုံမျိုးကို ခုနက ကျွန်တော်ပြောတဲ့ Project Financing ဆိုတဲ့ဟာမျိုး၊ Grants ထုတ်ပေးတာမျိုး၊ Sale and Purchase Agreement မှာ Counter Guarantee အဆင့်လိုက်၊ Buyer’s Credit ထုတ်ပေးတာမျိုးတွေ ဘဏ်တွေအနေနဲ့ လုပ်ပေးလိုက်ရင်၊ လုပ်ခွင့်ပြုလိုက်ရင် အဲဒါတွေကို နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး လုပ်လို့ရသွားရင် ဒီငွေတွေက ဝင်လာမယ်။ မြန်မာပြည်မှာ အပေါဆုံးပစ္စည်းတွေကို Processing လုပ်လိုက်မယ်။ ပြီးရင် Export ထွက်သွားမယ်။ Export ငွေရလာမယ်။ အဲဒီ စက်ရုံဖြစ်ဖို့အတွက် သူ မçတည်ငွေပေးလိုက်တာနဲ့။ မတည်ပေး လိုက်တာသည် In Cash မဟုတ်ဘူး။ Guarantee တစ်ခု အနေနဲ့ထောက်ခံပေးလိုက်ရုံနဲ့ ရောက်လာမှာ။ အစိုးရအနေနဲ့ ဘာမှမဆုံးရှုံးဘူး။ ဒီပစ္စည်းက မြန်မာပြည်ထဲ ရောက်လာ မှာ။ ဆိုတော့ အဲဒီ Point လေးက ပျောက်နေတာ။ သူတို့ အဲဒီ Point ကို ကျွန်တော် တွေ့တယ်။ ဘယ်သူမှမဆွေးနွေးဘူး။ ဘယ်တိုင်းပြည်မှာမှ စီးပွားရေးသမားက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလုပ် မလုပ်ဘူး။ ချေးငွေနဲ့ပဲအလုပ်လုပ်တာ။ အဲဒီချေးငွေ ကလည်း ဘဏ်နဲ့ပဲအလုပ်လုပ်တာ။ ဆိုတော့ဘဏ်တွေက (၈၀)ရာခိုင်နှုန်းကိုချေးရတယ်။ (၂၀) ရာခိုင်နှုန်းတော့ ကိုယ်တိုင်ထုတ်ရင်းရတာပေါ့နော်။ (၂၀)ရာခိုင်နှုန်း ကြိုတင်ရင်းနှီးမြှုပ်နှံမှု Plan ကောင်းကောင်းနဲ့ သေချာရှိရမယ်။ Raw ရှိရမယ်။ ဒီဟာအပေါ်မှာ သူကထုတ်ချေးတာ (၈၀) ရာခိုင်နှုန်း၊ Trade Finan- cing လိုဟာမျိုးကျတော့ Short - Term Loan ချေးတာ။ အဲဒါမျိုးကို အရင်တုန်းက အာရှဓနဘဏ်တို့က လုပ်ခဲ့တယ်။ အဲဒီတုန်းကလည်း တော်တော်အောင် မြင်ခဲ့တယ်။ ဆိုပါစို့ စပါးကို။ သူ့ဂိုထောင်ထဲမှာ ဆန်အိတ်တွေအများကြီးရှိတယ်။ အဲဒီဆန်အိတ်ကိုအပေါင်ထားပြီး သူက ငွေချေးတယ်။ နောက်ထပ် သူဆန်ဝယ်တယ်။ ဒီဆန် Export ထွက်သွားပြီးတော့ သင်္ဘောတစ်ကြောင်း ပြန်ရောက်လာတဲ့ ငွေနဲ့ သူက သုံးကြောင်းလောက် ရအောင်လည်တယ်ပေါ့။ ဘဏ်အတိုးထက် ပိုမြတ်အောင်လုပ်သွားတယ်ဆိုရင် သူ ငွေလည်သွားတယ်။ ဒီသဘောပဲ။ အခုက ကျွန်တော်တို့က Trading ဆိုရင် ငွေသုံးကြောင်းလောက်ရင်း နေရတာ။ အဲဒီလိုမျိုးထောက်ပေးလိုက်ရင် ငွေတစ်ကြောင်းတည်းနဲ့ သင်္ဘော (၃) စင်းလောက်လှည့်လို့ ရသွားပြန်တယ်။ ဒါမျိုးကွာ တယ်။ အဲဒီတော့ နိုင်ငံတိုင်းမှာ Government Guarantee ဒါက သန်း ပေါင်းများစွာဆိုရင်တော့ Surveying Level အထိ ပေးရတဲ့ Surveying Guarantee ရှိတယ်။ နောက်တစ်ခါ ဒီဝန်ကြီးဌာန Level နဲ့ ပေးလို့ရတဲ့ Govern- ment Guarantee, Ministry Guarantee ဆို တာရှိတယ်။ နောက်တစ်ခါ ဘဏ်တွေအနေနဲ့ပေးလို့ရတဲ့ Buyer’s Credit တို့၊ Sale and Purchase Agreement ပေါ်မှာ အာမခံပေးတဲ့ ငွေတစ်ကြောင်း၊ ဒီပစ္စည်းရောက်လာရင် ဒီငွေချေပေးပါမယ်ဆိုတဲ့ Credit ဆုံးရှုံးတာမရှိဘူး။ ဒါတွေက သူတို့ Law နဲ့ ချိတ်ပြီးမှ ပေးလို့ရတဲ့အရာတွေ။ အဲဒီလိုလေးသာလုပ် လိုက်ရင် ဒီ (၉၀ဝ) ဘီလျံဆိုတဲ့ဟာက ခုနက ကျွန်တော်ပြောတဲ့ ရက်ကန်းစင်ပြိုသွားတယ်လို့ သူ့အိမ် တွင်းမှုလက်မှုလုပ်ငန်း အဲဒီလူတွေကို ချေးလိုက်။ ကိစ္စမရှိဘူး။ ဒါ SME တွေ ရှင်သန်ဖို့ပဲလိုတယ်။ ခုနကပြောတဲ့ တကယ်လိုအပ်နေတဲ့ Export Earn- ing လိုချင်သလား။ ဥပမာ ကျွန်တော်ပြောတာ ငါးတွေ Export ပို့မယ်။ ကွာလတီမကောင်းလို့ Cold Storage တို့ အကောင် လိုက်ပို့တာထက်စာရင် အသားလေးတွေလွှာထုတ်ပြီး Packing လေးနဲ့ Freeze လုပ်ပြီးတော့ Container နဲ့ပို့ရင် ဈေးပိုရ တယ်။ ငါးတစ်ကောင်ချင်းပို့တာထက် ငါးတစ်ကောင်ကို နှစ်ဒေါ်လာရတယ်ဆိုရင် အသားလေးလွှာပြီးတော့ သေချာ သန့်ပြီးမှထုတ်ရင် ငါးတစ်ကောင်က ထုတ်ရင် သူက လေးဒေါ်လာလောက်ရတာလေ။ အဲဒီအတွက် ငါးပို့နေတဲ့ကောင်က ဒီစက်ရုံလည်ဖို့အတွက် ပိုက်ဆံ မရှိဘူးဆိုရင် ဒီစက်ရုံတည်ဖို့အတွက် အရင်းအနှီး လည်ဖို့အတွက်ကို Guarantee လေး ထုတ်ပေးလိုက် ဥပမာ လေးနှစ်နဲ့အရင်းကျေမယ်။ သူကလည်း ဒီအတိုးကို ပးနိုင်တဲ့ အမြတ်လည်းရှိနေတယ်ဆိုရင် ဒီလို ပရောဂျက်ကိုမျိုးကို Review လုပ်နိုင်တဲ့ ပညာရှင်တွေက ဘဏ်ဘက်ခြမ်းမှာထိုင်နေပြီးတော့ Investment Banking သမားတွေက ထောက်ခံပြီး ထုတ်ပေးနေရင် ဒီကိစ္စကအရမ်းအဆင်ပြေသွားမှာ မြန်မာပြည်ကဘဏ် facility ညံ့လို့ မြန်မာပြည်ကလူတွေ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်နိုင်ဘူးဖြစ်နေတာ။ မြန်မာတွေက အရမ်းတော်တယ်။ မြန်မာ့ စီးပွား ရေးသမားတွေကလေ။ ဆိုတော့ တကယ်သာလုပ်ပေးမယ်ဆိုရင် နိုင်ငံတော်က ကြပ်ကြပ်မတ်မတ်နဲ့ မင်းတို့ကောင် တွေနော် ဒီပိုက်ဆံကို လိမ်သွားလို့ကတော့ ထောင်ထဲ ဘယ်နှနှစ်ထည့်လိုက်မှာဆိုရင် ဘယ်ကောင်မှမလိမ်ရဲဘူး။ အဲဒီလို ပုံစံမျိုးနဲ့ မှန်မှန်ကန်ကန်လုပ်ဖြစ် အောင်လို့ ဒါမျိုးအားပေးလိုက်ရင် ခဏလေးနဲ့ ဝုန်းဆို ပြီးတက်သွားမှာ။ နောက် ဒီအချိန်က အချိန်ခါကောင်း ငလျင်ဖြစ်သွားတယ်။ ဒီလိုအခြေအနေကြောင့် မြန် မာပြည်ကို ဝိုင်းကူရမယ်။ နိုင်ငံတကာ မှာများ အစိုးရက Guarantee ပါရင် (ဝ.ဝ၂၅) ရာခိုင်နှုန်းနဲ့တောင် ငွေချေးလို့ရတဲ့ ဒါအမြင့်ဆုံး Government to Government Guarantee, Surveying Guarantee ဝန်ကြီးဌာနက Guarantee ဆိုရင် (၂) ရာခိုင်နှုန်းနဲ့ ငွေချေးလို့ရ တယ်။ အဲဒီလို Guarantee ပေါ်မူတည်ပြီးတော့ အတိုးနှုန်းက နှစ်ရာခိုင်နှုန်း၊ လေးရာခိုင်နှုန်း ဒီလောက်ပဲချေးကြတာ။ အဲဒီ Bank Facility လေး ပြေပြစ်သွားပြီးတော့ အစိုးရနဲ့ဝန်ကြီး ဌာနတွေက ထောက်ထောက်ပံ့ပံ့လေးနဲ့ ဒီအချိန်မှာ လုပ်ပေးလိုက်ရင် ဒါတွေက အားလုံးဖြစ်သွားမှာ။ အရင်တုန်းကလည်းလုပ်ခဲ့တယ်နော်။ မလုပ်ခဲ့တာမ ဟုတ်ဘူး။ လုပ်ခဲ့ ဖူးတယ်။ အဲဒီလိုမျိုးလုပ်ခဲ့ဖူးတဲ့ အစဉ်အလာမျိုးကို ပြန်အကောင်အထည်ဖော်လိုက်ရင် ဒီအချိန်မှာ (၉၀ဝ)ဘီလျံက မြန်မာကျပ်မဟုတ်ဘူး။ ဒေါ်လာ သန်း(၉၀ဝ)လောက်ကို ဆွဲသွင်းပစ်လိုက် လို့ရတယ်။ အဲဒါကနေ မူတည်ပြီးတော့မှ မြန်မာပြည်ရဲ့စီးပွားရေးက ပြန်ပြီး အရင်ထက်တောင် ကောင်းသွားနိုင်တယ်။ ရှားနေတဲ့ဒေါ်လာ နိုင်ငံခြားငွေ ကလည်း ပြန်ပြီးစီးဆင်းသွားမှာ။ ထုတ်ကုန်တွေ များများထွက်ဖို့လိုတယ်။ ဆိုတော့ ကျွန်တော်ပြောတာ သရက်သီးတစ်လုံးကို ခုမြန်မာပြည်မှာ ငါးရာ၊ တစ်ထောင်နဲ့ဝယ်ပြီးတော့ Export ထွက်တယ်။ သရက်သီးတစ်လုံး တစ်ဒေါ်လာရတယ်။ မြတ် တော့မြတ်ပေမယ့် သရက်သီးတစ်လုံးကို စက်ရုံထောင်ပြီး အခွံခွာမယ်။ Ice bar လေးလုပ်မယ်။ ပြီးရင် သရက်သီး တစ်လုံးကို လေးဒေါ်လာလောက်ရအောင် Processing ပါသွားရင် လုပ်လို့ရတယ်။ အဲဒါမျိုးတွေကို Export Container နဲ့ သေချာ တစ်ဆင့် Export ထွက်မယ်ဆိုရင် အဲဒီလိုမျိုးထွက်တဲ့စက်ရုံ ရင်းဖို့လူ တွေကို လက်ရှိအဲဒါတွေလေးတွေ လုပ် နေတယ်။ ဒါ လေးတွေရင်းဖို့ လိုတဲ့လူတွေကိုရင်းပေးလိုက် ထုတ်ကုန်တွေကအရမ်း နိုင်ငံတကာအဆင့်မီပြီးတော့ ပိုပြီး တော့ ဒီနိုင်ငံခြားဝင်ငွေရတဲ့လုပ်ငန်းဖြစ်သွားမှာပေါ့။ အခုထက် လေး ငါးဆ ပိုရသွားမှာ။ အဲဒါကိုပြောတာ။ အဲဒါကြောင့် ရှိနေတဲ့ Earning လေးကို ကုတ်ထား မယ့်အစား Cash Flow ထဲကိုသာထည့်လည်လိုက် ပြီး ရဲရဲသာလည်လိုက်။ ဒီကောင် လည်ပတ်သွားရင် ဖြစ်လာလိမ့်မယ်။ နိုင်ငံတော်မှာ အဲဒီလိုမျိုးလုပ်နိုင်တဲ့ စီးပွားရေးပညာရှင်တွေ နေရာယူပြီးလုပ်ဖို့လို တာ။ ခုနကပြောတာ National Planning တို့ စီမံဘဏ္ဍာ ဝန်ကြီးဌာနတို့ဆိုတာ ပညာရှင်တွေရှိပါတယ်။ ဒီပရောဂျက်ရဲ့ Effect Financial Analysis ဖြစ်နိုင်စွမ်း ရှိ၊ မရှိ ဘယ်နှစ်မှာ အရင်းကျေမယ်။ အတိုးဘယ် လောက်ခံနိုင်တယ်။ ဒါတွေကို ဖတ်နိုင်တဲ့ပညာရှင် တွေလည်းရှိတယ်။ အဲဒါတွေကိုမူတည်ပြီးမှ တကယ် ဖြစ်နိုင်တဲ့ပရောဂျက်ကို အထောက်အပံ့ဖြစ် သွားအောင် ထောက်ပံ့ပေးလိုက်ရင် နိုင်ငံတော်လည်း မဆုံးရှုံးဘူး။ စီးပွားရေးသမားလည်း အလုပ်ဖြစ်သွားမယ်။ လိုနေ တဲ့ဒေါ်လာတွေလည်း ရောက်လာမယ်။ လည်ပတ်သွားမယ်။ နောက် ရေရှည် နိုင်ငံတော် ငလျင်ကာလ ထူထောင်ရေး တွေ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့စီးပွားတိုး တက်ရေးအခန်းကဏ္ဍမှာပါ ဒီကောင်အများကြီးအ ထောက်အကူဖြစ်သွားမှာ အဲဒီ Point လေးဖြစ်စေ ချင်တာ။
ကျော်နု - အဲဒီ Forum ထဲမှာပဲ နောက်တစ်ခု ဘာသွားတွေ့ရလဲဆိုတော့ ဆွေးနွေးသူတွေထဲမှာ ဘဏ်တွေမပါဘူး။ ဘဏ် Sector ဘက်က ကိုယ်စားလှယ် တွေသိပ်မတွေ့ရဘူး။
ဆွေးနွေးဖော် - ဟုတ်။ ဗဟိုဘဏ်ကပါတယ်လေ။
ကျော်နု - ဗဟိုဘဏ်ပါတယ်ဆိုပေမယ့် ပုဂ္ဂလိက ဘဏ်တွေကိုယ်စားပြု ဘယ်သူမှသိပ်မတွေ့ရဘူး။ မတွေ့ရဘဲနဲ့ ဆောက်လုပ်ရေးလောကသားအများဆုံး တွေ့ရတယ်။ စိုက်ပျိုး၊ မွေးမြူရေးလောကသားအများဆုံးတွေ့ရတယ်။ ဆောက်လုပ်ရေးလောကကိုမှ ဘိလပ်မြေ၊ သံ၊ သွပ် အစသဖြင့်အဖွဲ့ အများဆုံးတွေ့ရတယ်။ သူတို့တွေအားလုံးလိုလား ချက်ကလည်း ကျွန်တော်ထင်တယ် သွင်းကုန်ပေါ့။ သံ၊ ဘိလပ်မြေ သွင်းလာတာနဲ့ပတ်သက်ပြီး နိုင်ငံခြားငွေ အကန့်အ သတ်လုပ်ထားတာကို သိပ်ပြီးကြိုက်တဲ့ပုံမပေါ်ဘူး။ အဲဒီဘက်ကို ဇောင်းပေးဆွေးနွေးကြမယ့်ပုံစံ သွားတွေ့ရတယ်။ လိုအပ်ချက်ကအများကြီးပဲလေ။ သွင်း ရမယ့်ပစ္စည်းက ဘိလပ်မြေ၊ သွပ်၊ သံ အစရှိသဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်းသွင်းရမှာက ဒေါ်လာ ဘီလျံချီသွင်းရမယ့်သဘောဖြစ်နေတယ်။ ဒီဟာကြီးက အခွင့်အရေး၊ အခွင့်အလမ်းလို့ မြင်ကြ ပုံရတယ်။ ဒါ ကြောင့်မလို့ ဒီဟာကို ဦးစားပေးတည်ပြီး ဆွေးနွေးကြ ပုံရတယ်။ Construction သမား တွေကျ တော့လည်း သူတို့အဆောက်အအုံတွေ ပြန်ဆောက်ဖို့လိုအပ်တဲ့ ပစ္စည်းတွေ သူတို့ကိုယ်တိုင်ပဲ သွင်းလို့ရချင်တဲ့ ပုံစံမျိုး ဖြစ်နေပုံရတယ်။ သူများသွင်းလာတာကိုမလိုဘူး။ သူတို့ကိုယ်တိုင်သွင်းချင်တာ။ ပါမစ်ကြားခံမလာဘဲ သူတို့ တိုက်ရိုက်ရ တဲ့ဘက်ကို ဇောင်းပေးသွားကြည့် ပုံရတယ်။ ဝန်ကြီးဌာနဘက်က ပြန်ဆွေးနွေးတာ၊ ဗဟိုဘဏ်ကဆွေးနွေးတဲ့ ပုံစံကြည့် တော့ သူတို့ကလည်း သူတို့ဘက်ကမမှားနေဘူးပုံစံမျိုးနဲ့ Defence လုပ်ပြီးဆွေးနွေးတာကိုတွေ့ရတယ်။ ဆိုတော့ နှစ် ဖက်စလုံးကတော့ ဆွေးနွေးချက်တွေကတော့ တစ်ဖက်က ငါတို့လိုအပ်ချက်က ဒါလို့ပြောရင် ဒီဘက်ကလည်း ငါတို့မင်း ကိုပေးတာပဲ ပုံစံမျိုးနဲ့ဆွေးနွေးပြီးတော့ အဖြေကိုရှာတဲ့ပုံမတွေ့ရဘူး။ ကျွန်တော်က အဲဒီလို သွားတွေ့ရတယ်။ ဘေးကကြည့်ရင်တော့ဘယ်လို နေလဲ။
ဆွေးနွေးဖော် - မဟုတ်ဘူးလေ။ လိုအပ်ချက်ကတော့ ရှိနေတာအမှန်ပဲ။ ဝန်ကြီးဌာနတွေကျတော့လည်းလေ။ သူက ဒီ အမှန်တမ်း Principle ပေါ့။ သူတို့ရဲ့ SOP နဲ့ပဲ အမြဲတမ်းပြောတယ်။ ဒါက ပုံမှန်အခြေအနေမဟုတ်သေးဘူး။ ဖြေလျှော့ ပေးသင့်တာတွေကို ဖြေလျှော့ပေးရမှာကို ပုံမှန်အခြေအနေဟုတ်မနေတဲ့ အတွက် အဲဒီလိုမှမဖြေလျှော့ပေးဘဲ ပုံမှန် အခြေအနေကြီးအတိုင်းပြန်စဉ်းစားနေရင် ဒီကိစ္စတွေက ဘာမှ ဖြစ်လာမှမဟုတ်ဘူးပေါ့နော်။ ကျွန်တော်ခုနကပြော သလိုပေါ့။ Government အနေနဲ့ အာမခံချက်ပေး လို့ရတဲ့ကိစ္စမျိုး ဒီလိုအချိန်မျိုးမှာ ပေးလို့ရတယ်။ ပုံမှန်စီးပွားရေးပြန် ကောင်းသွားလို့ ငါတို့ မပေးဘူးကွ ဆိုတစ်မျိုးပေါ့။ ဒီလိုအချိန်မျိုး ဒါမျိုးလိုအပ်ချက် အပေါ်မှာထုတ်သုံးမှ။ နောက်တစ်ခါ တချို့ဝန်ကြီးဌာ နရဲ့စည်းမျဉ်းစည်းကမ်းတွေက လွန်ခဲ့သော အခြေခံဥပဒေလိုပေါ့။ (၁၉၄၇)ခုနှစ်ကဆွဲထားတယ်။ (၁၉၄၇) ခုနှစ်တုန်းက မှန်ရင်မှန်မှာပေါ့။ အခုခေတ်နဲ့ဖြစ်လာတဲ့အခါကျတော့ ပြောင်းလဲလာတဲ့ခေတ် စနစ်နဲ့အညီ လိုက်လျောညီထွေ ပြောင်းသင့်ရင် ပြောင်းရမှာပေါ့နော်။ အရင်တုန်းက လူတစ်ယောက် အလုပ်လုပ်မယ်ဆိုရင် နှစ်ရက် လောက်လုပ်ရတဲ့ဟာ အခုချိန်မှာ နည်းပညာတွေပေါ်ပေါက်လာတဲ့အခါ တစ်ရက်တည်းနဲ့ လုပ်ပြီးချင်လည်းပြီးမယ်။ အဲဒီတော့ အစိုးရထဲမှာ ဒီမှာ မြန်မာပြည်ကို သင်္ဘောလာ မယ်ဆိုရင် နှစ်ရက်ကြာမယ်။ အခုက ကြာချင်မှလည်း ကြာ တော့မှာလေ။ ဒီစာရွက်စာတမ်းတွေကကိစ္စ အွန်လိုင်းကနေပို့လိုက်လို့လည်းရပြီ။ အဲဒီလိုပေါ့။ အဲဒီလို အခြေအနေအချိန် အခါအရ ပြုလွယ်ပြောင်းလဲ ပြင် လွယ်ဖြစ်ရမယ်။ နိုင်ငံတော်ရဲ့ ဝန်ကြီးဌာနတွေရဲ့ Rule and Regulation တွေကလည်း (၆)လ တစ်ခါလောက် Review လေးလုပ်လုပ်ပြီးတော့ ဒီ SOP တွေကို ပြင်ပေး၊ ပြောင်းပေးနေမယ်။ ခေတ် စနစ်လျော် ညီနေမယ်ဆိုရင် ဒီလိုမျိုးအငြင်းပွားစရာတွေမဖြစ်ဘူးပေါ့။ နောက်တစ်ခါ အရေးပေါ်ကာလ လား။ ပုံမှန်ကာလလား ဒါတွေပေါ်မှာမူတည်ပြီးတော့လည်း လိုအပ်ချက်ကို လိုက်ဖြည့်တွေးပေးဖို့လိုတာပေါ့။ ကိုယ်ရဲ့လမ်းကြောင်းကြီး ပေါ်မှာပဲ ဆုပ်ကိုင်ပြီးတော့သွားကြမယ်ဆိုရင် ဒါကတော့ ဒီအတိုင်းလုပ် ထားပြီးပြီ။ ဒီဘက်ကလည်း ဒီလောက်တော့ လုပ်ထား ပြီးပြီ။ ဒီကြားထဲက Cash ကို ဘယ်သူဖြည့်မလဲ။ ဒီဟာက အခြေအနေအရ ဟသွားတာဖြစ်တဲ့အတွက် နှစ်ဖက် ဖြည့်ပြီးတော့လုပ်ပေးလိုက်ရင် ထိတွေ့မှုဖြစ် ပြီး အဆင်ပြေသွားမယ်ပေါ့။ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ဆိုတော့ နိုင်ငံတော်ဘက်က Very Conservative ပေါ့။ Conservative ကတော့ နေရာတိုင်းမကောင်းဘူးလေ။ အဲဒီလိုတော့ရှိပါ တယ်။
ကျော်နု -ဗိုလ်ချုပ်မှူးကြီးပြောသွားတာ။ ငလျင်နဲ့ ပတ်သက်တဲ့ဘဏ်ချေးငွေတွေကို အတိုးနှုန်းကို လျှော့လို့ရတဲ့အထိ သက်သာတဲ့ငွေတွေကိုလျှော့ဖို့ စဉ်းစားထားတာရှိတယ်။ ဒါပေမဲ့ ဗဟိုဘဏ်က တင်ပြလာတဲ့ဟာ သူ့စိတ်ကြိုက် မဖြစ်သေးဘူးဆိုတာ မိန့်ခွန်းထဲမှာပြောသွားတာတွေ့ရတယ်။ အတိုးနှုန်းကို သူ့ခေါင်းထဲမှာစဉ်းစားထားတာရှိတယ်။ ဗဟိုဘဏ်နဲ့ အပါအဝင်ဘဏ်တွေတင်ပြတာက သူလိုချင်တဲ့ပုံ မရောက်သေးဘူး။ ဒီငလျင်နဲ့ပတ်သက်ပြီး ချေးငွေ ထုတ် သီးသန့် Fund တစ်ခု ထွက်လာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“ Investment Banking ဆိုတာ ႏိုင္ငံတကာဘဏ္တိုင္းမွာရွိတယ္ ျမန္မာမွာပဲမရွိတာ ’’
ေနျပည္ေတာ္တြင္ ေမလ(၃၀)ရက္ႏွင့္ (၃၁)ရက္တို႔တြင္က်င္းပခဲ့သည့္ ငလ်င္အလြန္ ျမန္မာ့စီးပြားေရး ကုစား ျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးပြဲအေပၚ တကယ္လိုအပ္ေနသည့္အခ်က္မ်ားႏွင့္ ပတ္သက္၍ စီးပြား ေရးလုပ္ငန္းရွင္တစ္ဦးႏွင့္ ေဆြးေႏြးထားျခင္းကို ေဖာ္ျပေပးသြားပါမည္။
( ယခင္တစ္ပတ္မွအဆက္ )
ေက်ာ္ႏု - ဖိုရမ္ထဲမွာ ကြၽန္ေတာ္သတိထားမိတဲ့ သေလာက္ေပါ့။ တခ်ိဳ႕လုပ္ငန္းရွင္ေတာ္ေတာ္မ်ား မ်ားက အစိုးရက ေျပာေနတဲ့ ဘီလ်ံ(၉၀ဝ)တို႔ကို စိတ္မဝင္စားဘူး။ အဲဒါကို သိပ္စိတ္မဝင္စားဘူး။ အဲဒါက သူတို႔အတြက္ ဘာမွမခက္ဘူးလို႔ ျမင္ထားၾကတယ္ တခ်ိဳ႕ေတြက။ သူတို႔ျမင္တာက ဘဏ္ရဲ႕လုပ္ထုံးလုပ္ နည္းေျဖေလွ်ာ့ဖို႔ရယ္၊ အတိုးသက္သာဖို႔ရယ္၊ အျခား ေသာဝင္ေငြရလမ္းေတြ ဖန္တီးဖို႔ရယ္၊ ေနာက္တစ္ခါ အစိုးရရဲ႕ တခ်ိဳ႕ Policy ေတြ၊ တင္းၾကပ္ထားတဲ့ Policy ေတြ ဒါေတြကို ေျဖေလွ်ာ့ဖိုရယ္၊ ဒါေတြကိုပဲ High Light လုပ္ၿပီးေတာ့ တြန္းၿပီးေတာ့ ေဆြးေႏြး ၾကတာမ်ိဳးသြားေတြ႕ရတယ္။ တကယ္ေကာ အဲဒါ ပိုျဖစ္သင့္တာလား။
ေဆြးေႏြးေဖာ္ - အဲဒါလည္းတစ္ေၾကာင္းေပါ့။ ကြၽန္ေတာ္ေျပာတာ ျမန္မာျပည္ကဘဏ္ေတြမွာ သူတို႔ သတ္မွတ္ထားတာ တဲ့ဟာက ဘဏ္တစ္ခုခ်င္းစီအလိုက္ကိုမွ လူတစ္ဦးတစ္ေယာက္ကိုမွေပးရတဲ့ Limit ဆိုတာရွိတယ္။ ဆိုေတာ့ သူရဲ႕ေငြစုေငြ အခ်ိဳးနဲ႔ Single Model Limit ဆိုတာရွိတယ္။ ဆိုေတာ့ သူ႔ရဲ႕ေငြစုေငြအခ်ိဳးနဲ႔ ျပန္ေပးႏိုင္တဲ့ႏႈန္းနဲ႔ ဒါက ဘဏ္ ေတြမၿပိဳလဲေအာင္ ဗဟိုဘဏ္ကသတ္မွတ္ထားတာေပါ့။ ဒါေပမဲ့ ဒီဗဟိုဘဏ္မွာ Investment Banking ဆိုတဲ့ဟာ ႏိုင္ငံ တကာဘဏ္တိုင္းမွာရွိတယ္။ ျမန္မာျပည္တစ္ခုတည္းမွာမရွိတာ။ အဲဒါကို ျဖစ္ေစခ်င္တာလို႔ ကြၽန္ေတာ္ကထင္တယ္။ စီးပြားေရးလုပ္ငန္းရွင္ေတြက ျမန္မာျပည္မွာ Investment Banking ဆိုတာကို ဥပမာ သံေခ်ာင္းေတြသြင္းမယ္။ ဆီေတြ သြင္းမယ္။ ပိုက္ဆံမရွိဘူး။ လိုတယ္။ အဲဒီတစ္ေၾကာင္း စာအတြက္ကို ဘဏ္ကေန ေငြထုတ္ေပးလိုက္မယ္။ ဒီသံေခ်ာင္း ျမန္မာျပည္ေရာက္လာရင္ ဥပမာ အစိုးရကိုေရာင္းမလား၊ MEC ေရာင္းမလား၊ ဦးပိုင္ေရာင္း မလား၊ ကုန္သြယ္ေရးဝန္ႀကီး ဌာနကိုေရာင္းမလား။ ေရာင္းလိုက္ၿပီးရင္ ေရာင္းတဲ့ေငြကို ဘဏ္ကျပန္ယူတာ။ အလုပ္လုပ္တဲ့လူရဲ႕အျမတ္ေငြေလးကိုပဲ သူ႔အေကာင့္ထဲလႊဲေပးလိုက္ဆိုရင္ အဲဒီလိုမ်ိဳးနဲ႔ဒါက Trade Financing လို႔ေခၚတယ္။ အဲဒီလိုမ်ိဳး Trade Financing ေတြ ဘဏ္ေတြလုပ္လာႏိုင္လာဖို႔လိုတယ္။ လက္ရွိအေျခအေနမွာ လုပ္လို႔မရေအာင္ ဗဟိုဘဏ္ ကခ်ဳပ္ထားတယ္လို႔ျမင္ တယ္။ ေနာက္တစ္ခါ Export Earning နည္းေနတယ္လို႔ အမွန္က Cash Flow ႀကီးကို ေပးလည္ပစ္လိုက္ရမွာရွိတယ္။ ဒီနည္းနည္း ေလးရွိေနတာကိုဆုပ္ကိုင္ထားမယ့္အစား ဒီနည္းနည္းေလးကို Cash Flow ထဲထည့္ၿပီးေပးလည္လိုက္ ရင္ ဒီ Trading Cash Flow ႀကီးလည္သြားရင္ ဒီေငြေတြက သူ႔ဟာသူလည္ပတ္သြားလိမ့္မယ္။ ဒါမ်ိဳး ေသးေသးေလးကို ကုန္သြားမွာစိုးလို႔ဆုပ္ကိုင္ထား ရင္းနဲ႔ လုံးပါး ပါးပါးသြားမွာ။ ဒါေလးကို အလုပ္လုပ္တဲ့ ထဲပစ္ထည့္လိုက္ၿပီးေတာ့ Cash Flow ကိုဆြဲေခၚရ မွာ။ ခ်ိတ္ၿပီးေတာ့ ဒီ Cash Flow ႀကီးသြားေအာင္ ဆြဲေခၚသြားႏိုင္ရင္ ဒီထဲမွာ ေငြေရာက္လာမယ္။ ဆိုပါ စို႔ Export ထြက္မယ့္ပစၥည္း ေဒၚလာရမယ့္စက္႐ုံ ျမန္မာျပည္မွာလာတည္တယ္။ လာတည္တဲ့စက္႐ုံမ်ိဳးကို ခုနက ကြၽန္ေတာ္ေျပာတဲ့ Project Financing ဆိုတဲ့ဟာမ်ိဳး၊ Grants ထုတ္ေပးတာမ်ိဳး၊ Sale and Purchase Agreement မွာ Counter Guarantee အဆင့္လိုက္၊ Buyer’s Credit ထုတ္ေပးတာမ်ိဳးေတြ ဘဏ္ေတြအေနနဲ႔ လုပ္ေပးလိုက္ရင္၊ လုပ္ခြင့္ျပဳလိုက္ရင္ အဲဒါေတြကို ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ၿပီး လုပ္လို႔ရသြားရင္ ဒီေငြေတြက ဝင္လာမယ္။ ျမန္မာျပည္မွာ အေပါဆုံးပစၥည္းေတြကို Processing လုပ္လိုက္မယ္။ ၿပီးရင္ Export ထြက္သြားမယ္။ Export ေငြရလာမယ္။ အဲဒီ စက္႐ုံျဖစ္ဖို႔အတြက္ သူ မçတည္ေငြေပးလိုက္တာနဲ႔။ မတည္ေပး လိုက္တာသည္ In Cash မဟုတ္ဘူး။ Guarantee တစ္ခု အေနနဲ႔ေထာက္ခံေပးလိုက္႐ုံနဲ႔ ေရာက္လာမွာ။ အစိုးရအေနနဲ႔ ဘာမွမဆုံးရႈံးဘူး။ ဒီပစၥည္းက ျမန္မာျပည္ထဲ ေရာက္လာ မွာ။ ဆိုေတာ့ အဲဒီ Point ေလးက ေပ်ာက္ေနတာ။ သူတို႔ အဲဒီ Point ကို ကြၽန္ေတာ္ ေတြ႕တယ္။ ဘယ္သူမွမေဆြးေႏြးဘူး။ ဘယ္တိုင္းျပည္မွာမွ စီးပြားေရးသမားက ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ အလုပ္ မလုပ္ဘူး။ ေခ်းေငြနဲ႔ပဲအလုပ္လုပ္တာ။ အဲဒီေခ်းေငြ ကလည္း ဘဏ္နဲ႔ပဲအလုပ္လုပ္တာ။ ဆိုေတာ့ဘဏ္ေတြက (၈၀)ရာခိုင္ႏႈန္းကိုေခ်းရတယ္။ (၂၀) ရာခိုင္ႏႈန္းေတာ့ ကိုယ္တိုင္ထုတ္ရင္းရတာေပါ့ေနာ္။ (၂၀)ရာခိုင္ႏႈန္း ႀကိဳတင္ရင္းႏွီးျမႇဳပ္ႏွံမႈ Plan ေကာင္းေကာင္းနဲ႔ ေသခ်ာရွိရမယ္။ Raw ရွိရမယ္။ ဒီဟာအေပၚမွာ သူကထုတ္ေခ်းတာ (၈၀) ရာခိုင္ႏႈန္း၊ Trade Finan- cing လိုဟာမ်ိဳးက်ေတာ့ Short - Term Loan ေခ်းတာ။ အဲဒါမ်ိဳးကို အရင္တုန္းက အာရွဓနဘဏ္တို႔က လုပ္ခဲ့တယ္။ အဲဒီတုန္းကလည္း ေတာ္ေတာ္ေအာင္ ျမင္ခဲ့တယ္။ ဆိုပါစို႔ စပါးကို။ သူ႔ဂိုေထာင္ထဲမွာ ဆန္အိတ္ေတြအမ်ားႀကီးရွိတယ္။ အဲဒီဆန္အိတ္ကိုအေပါင္ထားၿပီး သူက ေငြေခ်းတယ္။ ေနာက္ထပ္ သူဆန္ဝယ္တယ္။ ဒီဆန္ Export ထြက္သြားၿပီးေတာ့ သေဘၤာတစ္ေၾကာင္း ျပန္ေရာက္လာတဲ့ ေငြနဲ႔ သူက သုံးေၾကာင္းေလာက္ ရေအာင္လည္တယ္ေပါ့။ ဘဏ္အတိုးထက္ ပိုျမတ္ေအာင္လုပ္သြားတယ္ဆိုရင္ သူ ေငြလည္သြားတယ္။ ဒီသေဘာပဲ။ အခုက ကြၽန္ေတာ္တို႔က Trading ဆိုရင္ ေငြသုံးေၾကာင္းေလာက္ရင္း ေနရတာ။ အဲဒီလိုမ်ိဳးေထာက္ေပးလိုက္ရင္ ေငြတစ္ေၾကာင္းတည္းနဲ႔ သေဘၤာ (၃) စင္းေလာက္လွည့္လို႔ ရသြားျပန္တယ္။ ဒါမ်ိဳးကြာ တယ္။ အဲဒီေတာ့ ႏိုင္ငံတိုင္းမွာ Government Guarantee ဒါက သန္း ေပါင္းမ်ားစြာဆိုရင္ေတာ့ Surveying Level အထိ ေပးရတဲ့ Surveying Guarantee ရွိတယ္။ ေနာက္တစ္ခါ ဒီဝန္ႀကီးဌာန Level နဲ႔ ေပးလို႔ရတဲ့ Govern- ment Guarantee, Ministry Guarantee ဆို တာရွိတယ္။ ေနာက္တစ္ခါ ဘဏ္ေတြအေနနဲ႔ေပးလို႔ရတဲ့ Buyer’s Credit တို႔၊ Sale and Purchase Agreement ေပၚမွာ အာမခံေပးတဲ့ ေငြတစ္ေၾကာင္း၊ ဒီပစၥည္းေရာက္လာရင္ ဒီေငြေခ်ေပးပါမယ္ဆိုတဲ့ Credit ဆုံးရႈံးတာမရွိဘူး။ ဒါေတြက သူတို႔ Law နဲ႔ ခ်ိတ္ၿပီးမွ ေပးလို႔ရတဲ့အရာေတြ။ အဲဒီလိုေလးသာလုပ္ လိုက္ရင္ ဒီ (၉၀ဝ) ဘီလ်ံဆိုတဲ့ဟာက ခုနက ကြၽန္ေတာ္ေျပာတဲ့ ရက္ကန္းစင္ၿပိဳသြားတယ္လို႔ သူ႔အိမ္ တြင္းမႈလက္မႈလုပ္ငန္း အဲဒီလူေတြကို ေခ်းလိုက္။ ကိစၥမရွိဘူး။ ဒါ SME ေတြ ရွင္သန္ဖို႔ပဲလိုတယ္။ ခုနကေျပာတဲ့ တကယ္လိုအပ္ေနတဲ့ Export Earn- ing လိုခ်င္သလား။ ဥပမာ ကြၽန္ေတာ္ေျပာတာ ငါးေတြ Export ပို႔မယ္။ ကြာလတီမေကာင္းလို႔ Cold Storage တို႔ အေကာင္ လိုက္ပို႔တာထက္စာရင္ အသားေလးေတြလႊာထုတ္ၿပီး Packing ေလးနဲ႔ Freeze လုပ္ၿပီးေတာ့ Container နဲ႔ပို႔ရင္ ေဈးပိုရ တယ္။ ငါးတစ္ေကာင္ခ်င္းပို႔တာထက္ ငါးတစ္ေကာင္ကို ႏွစ္ေဒၚလာရတယ္ဆိုရင္ အသားေလးလႊာၿပီးေတာ့ ေသခ်ာ သန႔္ၿပီးမွထုတ္ရင္ ငါးတစ္ေကာင္က ထုတ္ရင္ သူက ေလးေဒၚလာေလာက္ရတာေလ။ အဲဒီအတြက္ ငါးပို႔ေနတဲ့ေကာင္က ဒီစက္႐ုံလည္ဖို႔အတြက္ ပိုက္ဆံ မရွိဘူးဆိုရင္ ဒီစက္႐ုံတည္ဖို႔အတြက္ အရင္းအႏွီး လည္ဖို႔အတြက္ကို Guarantee ေလး ထုတ္ေပးလိုက္ ဥပမာ ေလးႏွစ္နဲ႔အရင္းေက်မယ္။ သူကလည္း ဒီအတိုးကို ပးႏိုင္တဲ့ အျမတ္လည္းရွိေနတယ္ဆိုရင္ ဒီလို ပေရာဂ်က္ကိုမ်ိဳးကို Review လုပ္ႏိုင္တဲ့ ပညာရွင္ေတြက ဘဏ္ဘက္ျခမ္းမွာထိုင္ေနၿပီးေတာ့ Investment Banking သမားေတြက ေထာက္ခံၿပီး ထုတ္ေပးေနရင္ ဒီကိစၥကအရမ္းအဆင္ေျပသြားမွာ ျမန္မာျပည္ကဘဏ္ facility ညံ့လို႔ ျမန္မာျပည္ကလူေတြ လုပ္ႏိုင္စြမ္းရွိရဲ႕သားနဲ႔ မလုပ္ႏိုင္ဘူးျဖစ္ေနတာ။ ျမန္မာေတြက အရမ္းေတာ္တယ္။ ျမန္မာ့ စီးပြား ေရးသမားေတြကေလ။ ဆိုေတာ့ တကယ္သာလုပ္ေပးမယ္ဆိုရင္ ႏိုင္ငံေတာ္က ၾကပ္ၾကပ္မတ္မတ္နဲ႔ မင္းတို႔ေကာင္ ေတြေနာ္ ဒီပိုက္ဆံကို လိမ္သြားလို႔ကေတာ့ ေထာင္ထဲ ဘယ္ႏွႏွစ္ထည့္လိုက္မွာဆိုရင္ ဘယ္ေကာင္မွမလိမ္ရဲဘူး။ အဲဒီလို ပုံစံမ်ိဳးနဲ႔ မွန္မွန္ကန္ကန္လုပ္ျဖစ္ ေအာင္လို႔ ဒါမ်ိဳးအားေပးလိုက္ရင္ ခဏေလးနဲ႔ ဝုန္းဆို ၿပီးတက္သြားမွာ။ ေနာက္ ဒီအခ်ိန္က အခ်ိန္ခါေကာင္း ငလ်င္ျဖစ္သြားတယ္။ ဒီလိုအေျခအေနေၾကာင့္ ျမန္ မာျပည္ကို ဝိုင္းကူရမယ္။ ႏိုင္ငံတကာ မွာမ်ား အစိုးရက Guarantee ပါရင္ (ဝ.ဝ၂၅) ရာခိုင္ႏႈန္းနဲ႔ေတာင္ ေငြေခ်းလို႔ရတဲ့ ဒါအျမင့္ဆုံး Government to Government Guarantee, Surveying Guarantee ဝန္ႀကီးဌာနက Guarantee ဆိုရင္ (၂) ရာခိုင္ႏႈန္းနဲ႔ ေငြေခ်းလို႔ရ တယ္။ အဲဒီလို Guarantee ေပၚမူတည္ၿပီးေတာ့ အတိုးႏႈန္းက ႏွစ္ရာခိုင္ႏႈန္း၊ ေလးရာခိုင္ႏႈန္း ဒီေလာက္ပဲေခ်းၾကတာ။ အဲဒီ Bank Facility ေလး ေျပျပစ္သြားၿပီးေတာ့ အစိုးရနဲ႔ဝန္ႀကီး ဌာနေတြက ေထာက္ေထာက္ပံ့ပံ့ေလးနဲ႔ ဒီအခ်ိန္မွာ လုပ္ေပးလိုက္ရင္ ဒါေတြက အားလုံးျဖစ္သြားမွာ။ အရင္တုန္းကလည္းလုပ္ခဲ့တယ္ေနာ္။ မလုပ္ခဲ့တာမ ဟုတ္ဘူး။ လုပ္ခဲ့ ဖူးတယ္။ အဲဒီလိုမ်ိဳးလုပ္ခဲ့ဖူးတဲ့ အစဥ္အလာမ်ိဳးကို ျပန္အေကာင္အထည္ေဖာ္လိုက္ရင္ ဒီအခ်ိန္မွာ (၉၀ဝ)ဘီလ်ံက ျမန္မာက်ပ္မဟုတ္ဘူး။ ေဒၚလာ သန္း(၉၀ဝ)ေလာက္ကို ဆြဲသြင္းပစ္လိုက္ လို႔ရတယ္။ အဲဒါကေန မူတည္ၿပီးေတာ့မွ ျမန္မာျပည္ရဲ႕စီးပြားေရးက ျပန္ၿပီး အရင္ထက္ေတာင္ ေကာင္းသြားႏိုင္တယ္။ ရွားေနတဲ့ေဒၚလာ ႏိုင္ငံျခားေငြ ကလည္း ျပန္ၿပီးစီးဆင္းသြားမွာ။ ထုတ္ကုန္ေတြ မ်ားမ်ားထြက္ဖို႔လိုတယ္။ ဆိုေတာ့ ကြၽန္ေတာ္ေျပာတာ သရက္သီးတစ္လုံးကို ခုျမန္မာျပည္မွာ ငါးရာ၊ တစ္ေထာင္နဲ႔ဝယ္ၿပီးေတာ့ Export ထြက္တယ္။ သရက္သီးတစ္လုံး တစ္ေဒၚလာရတယ္။ ျမတ္ ေတာ့ျမတ္ေပမယ့္ သရက္သီးတစ္လုံးကို စက္႐ုံေထာင္ၿပီး အခြံခြာမယ္။ Ice bar ေလးလုပ္မယ္။ ၿပီးရင္ သရက္သီး တစ္လုံးကို ေလးေဒၚလာေလာက္ရေအာင္ Processing ပါသြားရင္ လုပ္လို႔ရတယ္။ အဲဒါမ်ိဳးေတြကို Export Container နဲ႔ ေသခ်ာ တစ္ဆင့္ Export ထြက္မယ္ဆိုရင္ အဲဒီလိုမ်ိဳးထြက္တဲ့စက္႐ုံ ရင္းဖို႔လူ ေတြကို လက္ရွိအဲဒါေတြေလးေတြ လုပ္ ေနတယ္။ ဒါ ေလးေတြရင္းဖို႔ လိုတဲ့လူေတြကိုရင္းေပးလိုက္ ထုတ္ကုန္ေတြကအရမ္း ႏိုင္ငံတကာအဆင့္မီၿပီးေတာ့ ပိုၿပီး ေတာ့ ဒီႏိုင္ငံျခားဝင္ေငြရတဲ့လုပ္ငန္းျဖစ္သြားမွာေပါ့။ အခုထက္ ေလး ငါးဆ ပိုရသြားမွာ။ အဲဒါကိုေျပာတာ။ အဲဒါေၾကာင့္ ရွိေနတဲ့ Earning ေလးကို ကုတ္ထား မယ့္အစား Cash Flow ထဲကိုသာထည့္လည္လိုက္ ၿပီး ရဲရဲသာလည္လိုက္။ ဒီေကာင္ လည္ပတ္သြားရင္ ျဖစ္လာလိမ့္မယ္။ ႏိုင္ငံေတာ္မွာ အဲဒီလိုမ်ိဳးလုပ္ႏိုင္တဲ့ စီးပြားေရးပညာရွင္ေတြ ေနရာယူၿပီးလုပ္ဖို႔လို တာ။ ခုနကေျပာတာ National Planning တို႔ စီမံဘ႑ာ ဝန္ႀကီးဌာနတို႔ဆိုတာ ပညာရွင္ေတြရွိပါတယ္။ ဒီပေရာဂ်က္ရဲ႕ Effect Financial Analysis ျဖစ္ႏိုင္စြမ္း ရွိ၊ မရွိ ဘယ္ႏွစ္မွာ အရင္းေက်မယ္။ အတိုးဘယ္ ေလာက္ခံႏိုင္တယ္။ ဒါေတြကို ဖတ္ႏိုင္တဲ့ပညာရွင္ ေတြလည္းရွိတယ္။ အဲဒါေတြကိုမူတည္ၿပီးမွ တကယ္ ျဖစ္ႏိုင္တဲ့ပေရာဂ်က္ကို အေထာက္အပံ့ျဖစ္ သြားေအာင္ ေထာက္ပံ့ေပးလိုက္ရင္ ႏိုင္ငံေတာ္လည္း မဆုံးရႈံးဘူး။ စီးပြားေရးသမားလည္း အလုပ္ျဖစ္သြားမယ္။ လိုေန တဲ့ေဒၚလာေတြလည္း ေရာက္လာမယ္။ လည္ပတ္သြားမယ္။ ေနာက္ ေရရွည္ ႏိုင္ငံေတာ္ ငလ်င္ကာလ ထူေထာင္ေရး ေတြ မဟုတ္ဘူး။ ႏိုင္ငံေတာ္ရဲ႕စီးပြားတိုး တက္ေရးအခန္းက႑မွာပါ ဒီေကာင္အမ်ားႀကီးအ ေထာက္အကူျဖစ္သြားမွာ အဲဒီ Point ေလးျဖစ္ေစ ခ်င္တာ။
ေက်ာ္ႏု - အဲဒီ Forum ထဲမွာပဲ ေနာက္တစ္ခု ဘာသြားေတြ႕ရလဲဆိုေတာ့ ေဆြးေႏြးသူေတြထဲမွာ ဘဏ္ေတြမပါဘူး။ ဘဏ္ Sector ဘက္က ကိုယ္စားလွယ္ ေတြသိပ္မေတြ႕ရဘူး။
ေဆြးေႏြးေဖာ္ - ဟုတ္။ ဗဟိုဘဏ္ကပါတယ္ေလ။
ေက်ာ္ႏု - ဗဟိုဘဏ္ပါတယ္ဆိုေပမယ့္ ပုဂၢလိက ဘဏ္ေတြကိုယ္စားျပဳ ဘယ္သူမွသိပ္မေတြ႕ရဘူး။ မေတြ႕ရဘဲနဲ႔ ေဆာက္လုပ္ေရးေလာကသားအမ်ားဆုံး ေတြ႕ရတယ္။ စိုက္ပ်ိဳး၊ ေမြးျမဴေရးေလာကသားအမ်ားဆုံးေတြ႕ရတယ္။ ေဆာက္လုပ္ေရးေလာကကိုမွ ဘိလပ္ေျမ၊ သံ၊ သြပ္ အစသျဖင့္အဖြဲ႕ အမ်ားဆုံးေတြ႕ရတယ္။ သူတို႔ေတြအားလုံးလိုလား ခ်က္ကလည္း ကြၽန္ေတာ္ထင္တယ္ သြင္းကုန္ေပါ့။ သံ၊ ဘိလပ္ေျမ သြင္းလာတာနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားေငြ အကန႔္အ သတ္လုပ္ထားတာကို သိပ္ၿပီးႀကိဳက္တဲ့ပုံမေပၚဘူး။ အဲဒီဘက္ကို ေဇာင္းေပးေဆြးေႏြးၾကမယ့္ပုံစံ သြားေတြ႕ရတယ္။ လိုအပ္ခ်က္ကအမ်ားႀကီးပဲေလ။ သြင္း ရမယ့္ပစၥည္းက ဘိလပ္ေျမ၊ သြပ္၊ သံ အစရွိသျဖင့္ ေဆာက္လုပ္ေရးသုံး ပစၥည္းသြင္းရမွာက ေဒၚလာ ဘီလ်ံခ်ီသြင္းရမယ့္သေဘာျဖစ္ေနတယ္။ ဒီဟာႀကီးက အခြင့္အေရး၊ အခြင့္အလမ္းလို႔ ျမင္ၾက ပုံရတယ္။ ဒါ ေၾကာင့္မလို႔ ဒီဟာကို ဦးစားေပးတည္ၿပီး ေဆြးေႏြးၾက ပုံရတယ္။ Construction သမား ေတြက် ေတာ့လည္း သူတို႔အေဆာက္အအုံေတြ ျပန္ေဆာက္ဖို႔လိုအပ္တဲ့ ပစၥည္းေတြ သူတို႔ကိုယ္တိုင္ပဲ သြင္းလို႔ရခ်င္တဲ့ ပုံစံမ်ိဳး ျဖစ္ေနပုံရတယ္။ သူမ်ားသြင္းလာတာကိုမလိုဘူး။ သူတို႔ကိုယ္တိုင္သြင္းခ်င္တာ။ ပါမစ္ၾကားခံမလာဘဲ သူတို႔ တိုက္႐ိုက္ရ တဲ့ဘက္ကို ေဇာင္းေပးသြားၾကည့္ ပုံရတယ္။ ဝန္ႀကီးဌာနဘက္က ျပန္ေဆြးေႏြးတာ၊ ဗဟိုဘဏ္ကေဆြးေႏြးတဲ့ ပုံစံၾကည့္ ေတာ့ သူတို႔ကလည္း သူတို႔ဘက္ကမမွားေနဘူးပုံစံမ်ိဳးနဲ႔ Defence လုပ္ၿပီးေဆြးေႏြးတာကိုေတြ႕ရတယ္။ ဆိုေတာ့ ႏွစ္ ဖက္စလုံးကေတာ့ ေဆြးေႏြးခ်က္ေတြကေတာ့ တစ္ဖက္က ငါတို႔လိုအပ္ခ်က္က ဒါလို႔ေျပာရင္ ဒီဘက္ကလည္း ငါတို႔မင္း ကိုေပးတာပဲ ပုံစံမ်ိဳးနဲ႔ေဆြးေႏြးၿပီးေတာ့ အေျဖကိုရွာတဲ့ပုံမေတြ႕ရဘူး။ ကြၽန္ေတာ္က အဲဒီလို သြားေတြ႕ရတယ္။ ေဘးကၾကည့္ရင္ေတာ့ဘယ္လို ေနလဲ။
ေဆြးေႏြးေဖာ္ - မဟုတ္ဘူးေလ။ လိုအပ္ခ်က္ကေတာ့ ရွိေနတာအမွန္ပဲ။ ဝန္ႀကီးဌာနေတြက်ေတာ့လည္းေလ။ သူက ဒီ အမွန္တမ္း Principle ေပါ့။ သူတို႔ရဲ႕ SOP နဲ႔ပဲ အၿမဲတမ္းေျပာတယ္။ ဒါက ပုံမွန္အေျခအေနမဟုတ္ေသးဘူး။ ေျဖေလွ်ာ့ ေပးသင့္တာေတြကို ေျဖေလွ်ာ့ေပးရမွာကို ပုံမွန္အေျခအေနဟုတ္မေနတဲ့ အတြက္ အဲဒီလိုမွမေျဖေလွ်ာ့ေပးဘဲ ပုံမွန္ အေျခအေနႀကီးအတိုင္းျပန္စဥ္းစားေနရင္ ဒီကိစၥေတြက ဘာမွ ျဖစ္လာမွမဟုတ္ဘူးေပါ့ေနာ္။ ကြၽန္ေတာ္ခုနကေျပာ သလိုေပါ့။ Government အေနနဲ႔ အာမခံခ်က္ေပး လို႔ရတဲ့ကိစၥမ်ိဳး ဒီလိုအခ်ိန္မ်ိဳးမွာ ေပးလို႔ရတယ္။ ပုံမွန္စီးပြားေရးျပန္ ေကာင္းသြားလို႔ ငါတို႔ မေပးဘူးကြ ဆိုတစ္မ်ိဳးေပါ့။ ဒီလိုအခ်ိန္မ်ိဳး ဒါမ်ိဳးလိုအပ္ခ်က္ အေပၚမွာထုတ္သုံးမွ။ ေနာက္တစ္ခါ တခ်ိဳ႕ဝန္ႀကီးဌာ နရဲ႕စည္းမ်ဥ္းစည္းကမ္းေတြက လြန္ခဲ့ေသာ အေျခခံဥပေဒလိုေပါ့။ (၁၉၄၇)ခုႏွစ္ကဆြဲထားတယ္။ (၁၉၄၇) ခုႏွစ္တုန္းက မွန္ရင္မွန္မွာေပါ့။ အခုေခတ္နဲ႔ျဖစ္လာတဲ့အခါက်ေတာ့ ေျပာင္းလဲလာတဲ့ေခတ္ စနစ္နဲ႔အညီ လိုက္ေလ်ာညီေထြ ေျပာင္းသင့္ရင္ ေျပာင္းရမွာေပါ့ေနာ္။ အရင္တုန္းက လူတစ္ေယာက္ အလုပ္လုပ္မယ္ဆိုရင္ ႏွစ္ရက္ ေလာက္လုပ္ရတဲ့ဟာ အခုခ်ိန္မွာ နည္းပညာေတြေပၚေပါက္လာတဲ့အခါ တစ္ရက္တည္းနဲ႔ လုပ္ၿပီးခ်င္လည္းၿပီးမယ္။ အဲဒီေတာ့ အစိုးရထဲမွာ ဒီမွာ ျမန္မာျပည္ကို သေဘၤာလာ မယ္ဆိုရင္ ႏွစ္ရက္ၾကာမယ္။ အခုက ၾကာခ်င္မွလည္း ၾကာ ေတာ့မွာေလ။ ဒီစာ႐ြက္စာတမ္းေတြကကိစၥ အြန္လိုင္းကေနပို႔လိုက္လို႔လည္းရၿပီ။ အဲဒီလိုေပါ့။ အဲဒီလို အေျခအေနအခ်ိန္ အခါအရ ျပဳလြယ္ေျပာင္းလဲ ျပင္ လြယ္ျဖစ္ရမယ္။ ႏိုင္ငံေတာ္ရဲ႕ ဝန္ႀကီးဌာနေတြရဲ႕ Rule and Regulation ေတြကလည္း (၆)လ တစ္ခါေလာက္ Review ေလးလုပ္လုပ္ၿပီးေတာ့ ဒီ SOP ေတြကို ျပင္ေပး၊ ေျပာင္းေပးေနမယ္။ ေခတ္ စနစ္ေလ်ာ္ ညီေနမယ္ဆိုရင္ ဒီလိုမ်ိဳးအျငင္းပြားစရာေတြမျဖစ္ဘူးေပါ့။ ေနာက္တစ္ခါ အေရးေပၚကာလ လား။ ပုံမွန္ကာလလား ဒါေတြေပၚမွာမူတည္ၿပီးေတာ့လည္း လိုအပ္ခ်က္ကို လိုက္ျဖည့္ေတြးေပးဖို႔လိုတာေပါ့။ ကိုယ္ရဲ႕လမ္းေၾကာင္းႀကီး ေပၚမွာပဲ ဆုပ္ကိုင္ၿပီးေတာ့သြားၾကမယ္ဆိုရင္ ဒါကေတာ့ ဒီအတိုင္းလုပ္ ထားၿပီးၿပီ။ ဒီဘက္ကလည္း ဒီေလာက္ေတာ့ လုပ္ထား ၿပီးၿပီ။ ဒီၾကားထဲက Cash ကို ဘယ္သူျဖည့္မလဲ။ ဒီဟာက အေျခအေနအရ ဟသြားတာျဖစ္တဲ့အတြက္ ႏွစ္ဖက္ ျဖည့္ၿပီးေတာ့လုပ္ေပးလိုက္ရင္ ထိေတြ႕မႈျဖစ္ ၿပီး အဆင္ေျပသြားမယ္ေပါ့။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုျမင္တယ္။ ဆိုေတာ့ ႏိုင္ငံေတာ္ဘက္က Very Conservative ေပါ့။ Conservative ကေတာ့ ေနရာတိုင္းမေကာင္းဘူးေလ။ အဲဒီလိုေတာ့ရွိပါ တယ္။
ေက်ာ္ႏု -ဗိုလ္ခ်ဳပ္မႉးႀကီးေျပာသြားတာ။ ငလ်င္နဲ႔ ပတ္သက္တဲ့ဘဏ္ေခ်းေငြေတြကို အတိုးႏႈန္းကို ေလွ်ာ့လို႔ရတဲ့အထိ သက္သာတဲ့ေငြေတြကိုေလွ်ာ့ဖို႔ စဥ္းစားထားတာရွိတယ္။ ဒါေပမဲ့ ဗဟိုဘဏ္က တင္ျပလာတဲ့ဟာ သူ႔စိတ္ႀကိဳက္ မျဖစ္ေသးဘူးဆိုတာ မိန႔္ခြန္းထဲမွာေျပာသြားတာေတြ႕ရတယ္။ အတိုးႏႈန္းကို သူ႔ေခါင္းထဲမွာစဥ္းစားထားတာရွိတယ္။ ဗဟိုဘဏ္နဲ႔ အပါအဝင္ဘဏ္ေတြတင္ျပတာက သူလိုခ်င္တဲ့ပုံ မေရာက္ေသးဘူး။ ဒီငလ်င္နဲ႔ပတ္သက္ၿပီး ေခ်းေငြ ထုတ္ သီးသန႔္ Fund တစ္ခု ထြက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္တယ္။
(ဆက္လက္ေဖာ္ျပပါမည္)