မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြေညာ

 577

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၈

မြောက်ကိုရီးယားလွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြောင်းအလဲလုပ်ဆောင်ခဲ့သလို နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း သိရပါတယ်။

မြောက်ကိုရိးယားလွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် ပြောင်းလဲသတ်မှတ်ထားကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ရုရှားသမ္မတပူတင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယား လွှတ်တော်က နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာပါ။ မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ တင်းမာမှုတွေရှိနေချိန်မှာ ဒီနှစ်အတွင်း လက်နက်စမ်းသပ်မှုတွေကို စံချိန်တင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားလွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံအဆင့် အတန်းကို ပြန်ပြောင်းခဲ့ပြီး နျူကလီးယားလက်နက် အသုံးပြုခွင့်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က "ဒါဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ အားကောင်းအောင် စွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ပေးစွမ်းတဲ့သမိုင်းဝင်ဖြစ်ရပ်ပါပဲ။ ဒါဟာ စိတ်ကူး ယဉ်ဆန်တဲ့ ခြိမ်းခြောက်မှုမျိုးလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီနှစ်အတွင်းမှာ ကုလသမဂ္ဂအဖွဲ့က ပိတ်ပင်ထားမြစ်ထားတဲ့လက်နက်တွေကို စမ်းသပ် ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်မှာ ဒုံးကျည်စမ်းသပ်မှုတွေကို နောက်ဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှုများအပြင် အာကာသထဲကို စစ်ဘက်သုံး စပိုင်ဂြိုလ်တုလွတ်တင်ဖို့လည်း ကြိုးပမ်းနေပြီး၊ ပြီးခဲ့တဲ့လက ဂြိုလ်တုလွှတ်တင်ရာမှာ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ သတိပေးမှုများရှိနေတဲ့ကြားကနေ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ခဲ့ရာ မြောက်ကိုရီးယားအစိုးရက စိတ်ဆိုးဒေါသဖြစ်မှုမြင့်တက်လာကာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားႏိုင္ငံက န်ဴကလီးယား လက္နက္ပိုင္ဆိုင္တဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ေၾကညာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၈

ေျမာက္ကိုရီးယားလႊတ္ေတာ္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အေျပာင္းအလဲလုပ္ေဆာင္ခဲ့သလို န်ဴကလီးယား လက္နက္ပိုင္ဆိုင္တဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ေၾကညာလိုက္ေၾကာင္း သိရပါတယ္။

ေျမာက္ကိုရိးယားလႊတ္ေတာ္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ႏိုင္ငံအျဖစ္ ေျပာင္းလဲသတ္မွတ္ထားေၾကာင္း ႏိုင္ငံပိုင္မီဒီယာေတြက ေဖာ္ျပထားပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ ႐ုရွားသမၼတပူတင္နဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ေျမာက္ကိုရီးယား လႊတ္ေတာ္က န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ေၾကညာခဲ့တာပါ။ ေျမာက္ကိုရီးယားဟာ အေမရိကန္၊ ေတာင္ကိုရီးယားတို႔နဲ႔ တင္းမာမႈေတြရွိေနခ်ိန္မွာ ဒီႏွစ္အတြင္း လက္နက္စမ္းသပ္မႈေတြကို စံခ်ိန္တင္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားလႊတ္ေတာ္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ ႏိုင္ငံအဆင့္ အတန္းကို ျပန္ေျပာင္းခဲ့ၿပီး န်ဴကလီးယားလက္နက္ အသုံးျပဳခြင့္ရတဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က "ဒါဟာ ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းရည္ကို သိသိသာသာ အားေကာင္းေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ႏိုင္ငံေရးလမ္းေၾကာင္းကို ေပးစြမ္းတဲ့သမိုင္းဝင္ျဖစ္ရပ္ပါပဲ။ ဒါဟာ စိတ္ကူး ယဥ္ဆန္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳးလည္း မဟုတ္ဘူး” လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ဒီႏွစ္အတြင္းမွာ ကုလသမဂၢအဖြဲ႕က ပိတ္ပင္ထားျမစ္ထားတဲ့လက္နက္ေတြကို စမ္းသပ္ ခဲ့ၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္မွာ ဒုံးက်ည္စမ္းသပ္မႈေတြကို ေနာက္ဆုံးျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ ဒုံးက်ည္စမ္းသပ္မႈမ်ားအျပင္ အာကာသထဲကို စစ္ဘက္သုံး စပိုင္ၿဂိဳလ္တုလြတ္တင္ဖို႔လည္း ႀကိဳးပမ္းေနၿပီး၊ ၿပီးခဲ့တဲ့လက ၿဂိဳလ္တုလႊတ္တင္ရာမွာ မေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ သတိေပးမႈမ်ားရွိေနတဲ့ၾကားကေန ကိုရီးယားကြၽန္းဆြယ္မွာ စစ္ေရးပူးတြဲ ေလ့က်င့္မႈေတြကို အရွိန္ျမင့္လုပ္ေဆာင္ခဲ့ရာ ေျမာက္ကိုရီးယားအစိုးရက စိတ္ဆိုးေဒါသျဖစ္မႈျမင့္တက္လာကာ တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.