အမြန်လမ်းမကြီးတွင် အရေးကြီးကုန်စည်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကို တယ်လီမက်တစ်စ်စနစ်တပ်ဆင်ထားမှသာ ဖြတ်သန်းခွင့်ပြုမည်

 549

သက်ပိုင်(NP News) - စက်တင်ဘာ ၆

အမြန်လမ်းမကြီးတစ်လျောက်တွင် အရေးကြီးကုန်စည်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ အနေဖြင့် တယ်လီမက်တစ်စ်စနစ်တပ်ဆင်ထားမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အမြန်လမ်းမကြီးတွင် ကီလိုမီတာ (၆၀) ထက်ပိုမမောင်းရန်သတ်မှတ်ထားကာ သတ်မှတ်ရှိန်နှုန်းကျော်လွန်မောင်းနှင်ခြင်းရှိမရှိနှင့် အချိန်မီသွားလာခြင်းရှိမရှိတို့ကို စောင့်ကြည့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အရေးကြီးကုန်စည်ကို (၁၄)မျိုးသတ်မှတ်ထားပြီး ပုပ်သိုးလွယ်သောပစ္စည်းများ၊ အချိန်မီရောက်ရှိရန် လိုအပ်သောပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

တယ်လီမက်တစ်စ်စနစ်တပ်ဆင်ထားသော ယာဉ်များအနေဖြင့် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်ပါက စောင့်ကြည့်ရေးစင်တာမှ သုံးကြိမ်တိတိ သတိပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးကြိမ်တိုင်တိုင် သတိပေးမှုများကို လိုက်နာမှုမရှိပါက အဆိုပါယာဉ်မောင်း၏ အချက်အလက်များကို တိုးဂိတ်စစ်ဆေးရေးဂိတ်များတွင်တာဝန်ကျသည့် တပ်ဖွဲ့ဝင်များထံသို့ပေးပို့ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တယ်လီမက်တစ်စ်စနစ်တပ်ဆင်ခြင်း လုပ်ငန်းကို ၂၀၂၄ ၊ (၆) လပိုင်း (၁၈) ရက်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခရီးသည်တင်ကား (၂၇၄၄) စီးနှင့် အရေးကြီးကုန်စည်တင်ယာဉ် (၂၃၀၀) ကျော် တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

zawgyi version

အျမန္လမ္းမႀကီးတြင္ အေရးႀကီးကုန္စည္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ယာဥ္မ်ားကို တယ္လီမက္တစ္စ္စနစ္တပ္ဆင္ထားမွသာ ျဖတ္သန္းခြင့္ျပဳမည္
သက္ပိုင္(NP News) - စက္တင္ဘာ ၆

အျမန္လမ္းမႀကီးတစ္ေလ်ာက္တြင္ အေရးႀကီးကုန္စည္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ယာဥ္မ်ား အေနျဖင့္ တယ္လီမက္တစ္စ္စနစ္တပ္ဆင္ထားမွသာ ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
အျမန္လမ္းမႀကီးတြင္ ကီလိုမီတာ (၆၀) ထက္ပိုမေမာင္းရန္သတ္မွတ္ထားကာ သတ္မွတ္ရွိန္ႏႈန္းေက်ာ္လြန္ေမာင္းႏွင္ျခင္းရွိမရွိႏွင့္ အခ်ိန္မီသြားလာျခင္းရွိမရွိတို႔ကို ေစာင့္ၾကည့္ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

အေရးႀကီးကုန္စည္ကို (၁၄)မ်ိဳးသတ္မွတ္ထားၿပီး ပုပ္သိုးလြယ္ေသာပစၥည္းမ်ား၊ အခ်ိန္မီေရာက္ရွိရန္ လိုအပ္ေသာပစၥည္းမ်ား ပါဝင္ေၾကာင္း သိရသည္။

တယ္လီမက္တစ္စ္စနစ္တပ္ဆင္ထားေသာ ယာဥ္မ်ားအေနျဖင့္ သတ္မွတ္အရွိန္ထက္ ေက်ာ္လြန္ေမာင္းႏွင္ပါက ေစာင့္ၾကည့္ေရးစင္တာမွ သုံးႀကိမ္တိတိ သတိေပးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ၿပီး သုံးႀကိမ္တိုင္တိုင္ သတိေပးမႈမ်ားကို လိုက္နာမႈမရွိပါက အဆိုပါယာဥ္ေမာင္း၏ အခ်က္အလက္မ်ားကို တိုးဂိတ္စစ္ေဆးေရးဂိတ္မ်ားတြင္တာဝန္က်သည့္ တပ္ဖြဲ႕ဝင္မ်ားထံသို႔ေပးပို႔ကာ အေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တယ္လီမက္တစ္စ္စနစ္တပ္ဆင္ျခင္း လုပ္ငန္းကို ၂၀၂၄ ၊ (၆) လပိုင္း (၁၈) ရက္မွ စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ခရီးသည္တင္ကား (၂၇၄၄) စီးႏွင့္ အေရးႀကီးကုန္စည္တင္ယာဥ္ (၂၃၀၀) ေက်ာ္ တပ္ဆင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.