ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်းချုပ်

 1297

သုတကျော် (NP News) - စက်တင်ဘာ ၆

ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မေးမြန်းထားသော အချက်အလက်များအရ သိရသည်။

ကော့ကရိတ်-သင်္ကန်းညီ‌နောင်-မြဝတီ ‌အာရှလမ်းမကြီးနှင့် သင်္ကန်းညီ‌နောင်မြို့ကို KNU၊ KNLA ၊PDF အကြမ်းဖက်သမားများက ပြီးခဲ့သည့် နှစ်က စတင်ဖြတ်တောက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထိန်းချုပ်ပြီးနောက် ပြည်သူများမှာ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများ ဖြစ်ခဲ့ကြရသည်။

ယင်းနောက် တပ်မတော်က နယ်မြေရှင်းလင်းကာ ထိုးစစ်ကို အရှိန်မြှင့်၍ အာရှလမ်းမကြီး ၏ ဘယ်၊ ညာ မှ လည်းကောင်း၊ အာရှလမ်းမကြီးပေါ်မှ လည်းကောင်း၊ ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်းလည်းကောင်း တပ်ရင်းများဖြင့် ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆင့်ဆင့်‌‌ ‌ချီတက်သိန်းပိုက်ခဲ့ရာ ယနေ့ (စက်တင်ဘာလ ၆ ရက်) တွင် အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

zawgyi version

ေကာ့ကရိတ္-သကၤန္းညီေနာင္-ျမဝတီ အာရွလမ္းမႀကီးကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္

သုတေက်ာ္ (NP News) - စက္တင္ဘာ ၆

ေကာ့ကရိတ္-သကၤန္းညီေနာင္-ျမဝတီ အာရွလမ္းမႀကီးကို တပ္မေတာ္က ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီ ျဖစ္ေၾကာင္း ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

ေကာ့ကရိတ္-သကၤန္းညီ‌ေနာင္-ျမဝတီ ‌အာရွလမ္းမႀကီးႏွင့္ သကၤန္းညီ‌ေနာင္ၿမိဳ႕ကို KNU၊ KNLA ၊PDF အၾကမ္းဖက္သမားမ်ားက ၿပီးခဲ့သည့္ ႏွစ္က စတင္ျဖတ္ေတာက္ထိန္းခ်ဳပ္ခဲ့ျခင္း ျဖစ္သည္။

ယင္းသို႔ ထိန္းခ်ဳပ္ၿပီးေနာက္ ျပည္သူမ်ားမွာ လမ္းပန္းဆက္သြယ္ေရးအတြက္ အခက္အခဲမ်ား ျဖစ္ခဲ့ၾကရသည္။

ယင္းေနာက္ တပ္မေတာ္က နယ္ေျမရွင္းလင္းကာ ထိုးစစ္ကို အရွိန္ျမႇင့္၍ အာရွလမ္းမႀကီး ၏ ဘယ္၊ ညာ မွ လည္းေကာင္း၊ အာရွလမ္းမႀကီးေပၚမွ လည္းေကာင္း၊ ေကာ့ကရိတ္-သကၤန္းညီေနာင္ လမ္းေဟာင္းအတိုင္းလည္းေကာင္း တပ္ရင္းမ်ားျဖင့္ ခ်ီတက္တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

အဆင့္ဆင့္‌‌ ‌ခ်ီတက္သိန္းပိုက္ခဲ့ရာ ယေန႔ (စက္တင္ဘာလ ၆ ရက္) တြင္ အာရွလမ္းမႀကီးကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ကာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဆုတ္ခြာ ထြက္ေျပးသြားၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.