နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၉)ရက်ကြာ ကျင်းပသွားမည်

879
Pearl (NP News) - အောက်တိုဘာ ၇
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၉)ရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ (၂၀)ရက်မှ (၂၈)ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက် နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက် ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂ဝ၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ပြီးခဲ့သည့် မတ်လ (၁၇)ရက်မှ (၂၃)ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ကျောက်စိမ်း ၁၅၄၄ တွဲ၊ ပုလဲအတွဲ၂၉၀ နှင့် ကျောက်မျက်၇၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ် ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ကျင်းပခဲ့ကြောင်း သိရသည်။

zawgyi version
ႏွစ္လယ္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္၌ (၉)ရက္ၾကာ က်င္းပသြားမည္
Pearl (NP News) - ေအာက္တိုဘာ ၇
ႏွစ္လယ္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္၌ (၉)ရက္ၾကာ က်င္းပသြားမည္ျဖစ္ ေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီက ထုတ္ျပန္ထားသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဗဟိုေကာ္မတီသည္ ၂၀၂၃ ခုႏွစ္၊ ႏွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေအာက္တိုဘာလ (၂၀)ရက္မွ (၂၈)ရက္အထိ ေနျပည္ေတာ္၊ မဏိရတနာ ေက်ာက္စိမ္းခန္းမတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရတနာျပပြဲတြင္ ျမန္မာႏိုင္ငံမွ ထြက္ရွိေသာ ပုလဲ၊ ေက်ာက္မ်က္ ႏွင့္ ေက်ာက္စိမ္းအတြဲမ်ားကို တင္ျပေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရတနာျပပြဲသို႔ ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒႏွင့္အညီ ခြင့္ျပဳမိန႔္ရရွိခဲ့သည့္ ႏိုင္ငံသားေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ား တက္ေရာက္ဝယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အလားတူ လိုင္စင္ရယူ၍ ေက်ာက္မ်က္ရတနာေရာင္းဝယ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ ႏိုင္ငံသားေက်ာက္မ်က္ ရတနာလုပ္ငန္းရွင္မ်ားကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ တက္ေရာက္ဝယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
တက္ေရာက္ဝယ္ယူခြင့္ကိစၥမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္သိရွိလိုပါက ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဗဟိုေကာ္မတီ၊ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း ႐ုံးခ်ဳပ္(ေနျပည္ေတာ္)၊ ျမန္မာ့ပုလဲထုတ္လုပ္ေရးႏွင့္ ေရာင္းဝယ္ေရး လုပ္ငန္း ႐ုံးခ်ဳပ္(ေနျပည္ေတာ္)တို႔တြင္ ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဗဟိုေကာ္မတီသည္ ၂ဝ၂၃ ခုႏွစ္၊ (၅၈)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ၿပီးခဲ့သည့္ မတ္လ (၁၇)ရက္မွ (၂၃)ရက္အထိ ေနျပည္ေတာ္တြင္ က်င္းပခဲ့ၿပီး ေက်ာက္စိမ္း ၁၅၄၄ တြဲ၊ ပုလဲအတြဲ၂၉၀ ႏွင့္ ေက်ာက္မ်က္၇၇ တြဲ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားဝင္ေငြရရွိရန္ႏွင့္ ႏိုင္ငံသားမ်ားအတြက္ စီးပြားေရးအက်ိဳးျဖစ္ ထြန္းမႈမ်ား ရရွိႏိုင္ေစရန္အတြက္ တူးေဖာ္ထုတ္လုပ္ထားသည့္ ေက်ာက္မ်က္ရတနာမ်ားကို ေရာင္းခ်ႏိုင္မည့္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ၁၉၆၄ ခုႏွစ္မွ စတင္၍က်င္းပခဲ့ေၾကာင္း သိရသည္။