ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်ကြေညာ

857
စော(NP News) - အောက်တိုဘာ ၁၈
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၈) ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝတို့မှ (၂၀၂၃)ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မှတ်ပုံတင်ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတွင် အမြဲနေထိုင်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်ထားသူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၈တန်း၊ ၉တန်း၊ ၁၀တန်းအထိ ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ချွင်းချက်အနေဖြင့် ၎င်းဒေသများတွင် အခြေခံပညာအထက်တန်းကျောင်းမရှိခြင်း နှင့် စာစစ်ဌာနမရှိခြင်း (သို့မဟုတ်) အခြေခံပညာအထက်တန်းကျောင်းရှိသော်လည်း သိပ္ပံဘာသာတွဲသင်ကြားမှုမရှိခြင်းတို့ကြောင့် နီးစပ်ရာမြို့နယ်ရှိ ကျောင်းများမှ အောင်မြင်သူများကိုလည်း စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအနေဖြင့် စုစုပေါင်း ရမှတ် (၄၅၀)နှင့်အထက်ရရှိရမည်ဖြစ်ပြီး အဆိုပါစုစုပေါင်းရမှတ်မှ အင်္ဂလိပ်၊ ဓာတုဗေဒနှင့် ဇီဝဗေဒ (၃)ဘာသာပေါင်း ရမှတ် အနည်း/အများပေါ်မူတည်၍ လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူတွေ့နှုတ်မေးစာမေးပွဲဖြေခွင့်ရရှိသူများသည် (၃)ဘာသာပေါင်းရမှတ်နှင့် လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုမှု ရမှတ်ပေါင်းပေါ်မူတည်၍ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများသည် ဆေးပညာဘွဲ့ရရှိပြီးသည့်အချိန်မှ မိမိဒေသတွင် နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ်ထမ်းဆောင်ရမည်ဖြစ်ပြီး ဘွဲ့လွန်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ် (၄)၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ နိုဝင်ဘာလ (၁၆)ရက် နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(၆)ခုမွ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္ၿပီးသူမ်ား ေဆးတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားရန္ေၾကညာ
ေစာ(NP News) - ေအာက္တိုဘာ ၁၈
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ(၆)ခုမွ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္ၿပီးသူမ်ားအေနျဖင့္ ေဆးတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သတင္းရရွိသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာနမွ ယေန႔(ေအာက္တိုဘာလ ၁၈) ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားျဖစ္သည့္ နာဂ၊ ဓႏု၊ ပအိုဝ္း၊ ပေလာင္၊ ကိုးကန႔္၊ ဝတို႔မွ (၂၀၂၃)ခုႏွစ္တြင္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား ေဆးတကၠသိုလ္မ်ားကို ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ မွတ္ပုံတင္ကိုင္ေဆာင္ထားရမည္ျဖစ္ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၆)ခုတြင္ အၿမဲေနထိုင္သူျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေလွ်ာက္ထားသူမ်ားသည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ၈တန္း၊ ၉တန္း၊ ၁၀တန္းအထိ ပညာသင္ၾကားခဲ့ၿပီး ၎ေဒသမ်ားမွ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူျဖစ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထား သည္။
ခြၽင္းခ်က္အေနျဖင့္ ၎ေဒသမ်ားတြင္ အေျခခံပညာအထက္တန္းေက်ာင္းမရွိျခင္း ႏွင့္ စာစစ္ဌာနမရွိျခင္း (သို႔မဟုတ္) အေျခခံပညာအထက္တန္းေက်ာင္းရွိေသာ္လည္း သိပၸံဘာသာတြဲသင္ၾကားမႈမရွိျခင္းတို႔ေၾကာင့္ နီးစပ္ရာၿမိဳ႕နယ္ရွိ ေက်ာင္းမ်ားမွ ေအာင္ျမင္သူမ်ားကိုလည္း စဥ္းစားေပးမည္ျဖစ္ေၾကာင္း သိရသည္။
တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ားအေနျဖင့္ စုစုေပါင္း ရမွတ္ (၄၅၀)ႏွင့္အထက္ရရွိရမည္ျဖစ္ၿပီး အဆိုပါစုစုေပါင္းရမွတ္မွ အဂၤလိပ္၊ ဓာတုေဗဒႏွင့္ ဇီဝေဗဒ (၃)ဘာသာေပါင္း ရမွတ္ အနည္း/အမ်ားေပၚမူတည္၍ လူေတြ႕ႏႈတ္ေမးစာေမးပြဲသို႔ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ လူေတြ႕ႏႈတ္ေမးစာေမးပြဲေျဖခြင့္ရရွိသူမ်ားသည္ (၃)ဘာသာေပါင္းရမွတ္ႏွင့္ လူေတြ႕ႏႈတ္ေမးစာေမးပြဲေျဖဆိုမႈ ရမွတ္ေပါင္းေပၚမူတည္၍ ေဆးတကၠသိုလ္တက္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ေဆးတကၠသိုလ္ဝင္ခြင့္ရရွိသူမ်ားသည္ ေဆးပညာဘြဲ႕ရရွိၿပီးသည့္အခ်ိန္မွ မိမိေဒသတြင္ ႏိုင္ငံဝန္ထမ္းအျဖစ္ အနည္းဆုံး (၅)ႏွစ္ထမ္းေဆာင္ရမည္ျဖစ္ၿပီး ဘြဲ႕လြန္သင္တန္းတက္ေရာက္ေအာင္ျမင္ၿပီးပါက ႏိုင္ငံဝန္ထမ္းအျဖစ္ အနည္းဆုံး (၅)ႏွစ္ မပ်က္မကြက္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ေလွ်ာက္လႊာမ်ားကို ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၄)၊ က်န္းမာေရးဝန္ႀကီးဌာန၊ က်န္းမာေရးလူ႔စြမ္းအား အရင္းအျမစ္ဦးစီးဌာနသို႔ ႏိုဝင္ဘာလ (၁၆)ရက္ ေနာက္ဆုံးထား၍ တိုက္႐ိုက္ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။