ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဝက်ဝံတိုက်ခိုက်ခံမှုတွေ စံချိန်တင် မြင့်တက်လာခြင်းကြောင့် ဝက်ဝံအမဲလိုက်ဖို့ ဆုကြေးငွေနဲ့ပါ မျှားနေ

2680

ရောင်နီ (NP News) - အောက်တိုဘာ ၂၈
ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသတစ်ချို့မှာ နေထိုင်သူတွေကို ဝက်ဝံတိုက်ခိုက်ခံရမှုအရေအတွက် စံချိန်တင် မြင့်တက် လာခြင်းကြောင့် တာဝန်ရှိသူတွေက ၎င်းတို့ကို ပစ်သတ်ဖမ်းဆီးအတွက် ဆုကြေးတွေနဲ့ပါ မျှားကာ တောင်းဆို လာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝက်ဝံတိုက်ခိုက်ခံရမှု ၁၆၇ ကြိမ်ခန့် ရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်က ၁၅၈ ကြိမ် စံချိန်ကိုကျော်လွန်ခဲ့တယ်လို့ အများသူငှာရုပ်သံလိုင်း NHK မှ ပြောကြားခဲ့ပါတယ်။
တိုယာမခရိုင်အလယ်ပိုင်းက အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး တိုကျိုမြို့ဆင်ခြေဖုံးတွေမှာတောင် ဝက်ဝံတွေ ပိုမြင်တွေ့လာရတယ်လို့ NHK က ဆိုပါတယ်။ ဝက်ဝံတွေအတွက် အဓိကအစာရင်းမြစ်တွေ ရှားပါးလာခြင်းကြောင့် ၎င်းတို့ဟာ ဆာလောင်မွတ်သိပ်ခြင်းကို ဖြေရှင်းဖို့ စားနပ်ရိက္ခာ ရှာဖွေဖို့အတွက် လူသားတွေ အခြေချ နေထိုင်ရာနေရာတွေအနီးမှာ စွန့်စားအမဲလိုက်နေခြင်းဖြစ်တယ်လို့ Nagaoka University of Technology မှ တွဲဖက်ပါမောက္ခ မာကီရာမာဝါတိုက ပြောပါတယ်။
တိရစ္ဆာန်တွေဟာ ဆောင်းဦးရာသီမတိုင်မီ အစာရှာကြလေ့ ရှိပါတယ်။ မြောက်ပိုင်း အာကီတာ စီရင်စုရှိ တာဝန်ရှိသူ တွေက ဒီပြဿနာမှာ ဝက်ဝံမုဆိုးတွေက ကူညီနိုင်မယ်လို့ မျှော်လင့်ထားပြီး ၄င်းတို့ ဖမ်းဆီးသတ်ဖြတ်နိုင်တဲ့ ဝက်ဝံတစ်ကောင်စီအတွက် ယန်းငွေ ၅ဝဝဝ (S$ 45.60) ဆုငွေပေးဖို့ စီစဉ်ထားပါတယ်။
Assoc Prof Yamamoto ရဲ့ခန့်မှန်းချက်အရ လာမယ့် ဇန်နဝါရီလအထိ ဝက်ဝံနဲ့ဆက်စပ်အမှုတွေ ဆက်လက်ဖြစ် ပေါ်နိုင်တယ်လို့ သိရပါတယ်။ အစိုးရက အာကီတာ နဲ့ ဟိုကိုင်းဒိုး မြောက်ပိုင်းကျွန်း အပါအဝင် စီရင်စုလေးခုကို အရေးပေါ်အကူအညီတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းမွာ ဝက္ဝံတိုက္ခိုက္ခံရမႈေတြ စံခ်ိန္တင္ ျမင့္တက္လာျခင္းေၾကာင့္ ဝက္ဝံအမဲလိုက္ဖို႔ ဆုေၾကးေငြနဲ႔ပါ မွ်ားေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈
ဂ်ပန္ႏိုင္ငံ ေျမာက္ပိုင္းေဒသတစ္ခ်ိဳ႕မွာ ေနထိုင္သူေတြကို ဝက္ဝံတိုက္ခိုက္ခံရမႈအေရအတြက္ စံခ်ိန္တင္ ျမင့္တက္ လာျခင္းေၾကာင့္ တာဝန္ရွိသူေတြက ၎တို႔ကို ပစ္သတ္ဖမ္းဆီးအတြက္ ဆုေၾကးေတြနဲ႔ပါ မွ်ားကာ ေတာင္းဆိုလာရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။
၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလမွာ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဝက္ဝံတိုက္ခိုက္ခံရမႈ ၁၆၇ ႀကိမ္ခန႔္ ရွိခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္က ၁၅၈ ႀကိမ္ စံခ်ိန္ကိုေက်ာ္လြန္ခဲ့တယ္လို႔ အမ်ားသူငွာ႐ုပ္သံလိုင္း NHK မွ ေျပာၾကားခဲ့ပါတယ္။
တိုယာမခ႐ိုင္အလယ္ပိုင္းက အသက္ ၇၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး အပါအဝင္ အနည္းဆုံး လူ ၃ ဦး ေသဆုံးခဲ့ၿပီး တိုက်ိဳၿမိဳ႕ဆင္ေျခဖုံးေတြမွာေတာင္ ဝက္ဝံေတြ ပိုျမင္ေတြ႕လာရတယ္လို႔ NHK က ဆိုပါတယ္။ ဝက္ဝံေတြအတြက္ အဓိကအစာရင္းျမစ္ေတြ ရွားပါးလာျခင္းေၾကာင့္ ၎တို႔ဟာ ဆာေလာင္မြတ္သိပ္ျခင္းကို ေျဖရွင္းဖို႔ စားနပ္ရိကၡာ ရွာေဖြဖို႔အတြက္ လူသားေတြ အေျခခ် ေနထိုင္ရာေနရာေတြအနီးမွာ စြန႔္စားအမဲလိုက္ေနျခင္းျဖစ္တယ္လို႔ Nagaoka University of Technology မွ တြဲဖက္ပါေမာကၡ မာကီရာမာဝါတိုက ေျပာပါတယ္။
တိရစာၦန္ေတြဟာ ေဆာင္းဦးရာသီမတိုင္မီ အစာရွာၾကေလ့ ရွိပါတယ္။ ေျမာက္ပိုင္း အာကီတာ စီရင္စုရွိ တာဝန္ရွိသူ ေတြက ဒီျပႆနာမွာ ဝက္ဝံမုဆိုးေတြက ကူညီႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ၄င္းတို႔ ဖမ္းဆီးသတ္ျဖတ္ႏိုင္တဲ့ ဝက္ဝံတစ္ေကာင္စီအတြက္ ယန္းေငြ ၅ဝဝဝ (S$ 45.60) ဆုေငြေပးဖို႔ စီစဥ္ထားပါတယ္။
Assoc Prof Yamamoto ရဲ႕ခန႔္မွန္းခ်က္အရ လာမယ့္ ဇန္နဝါရီလအထိ ဝက္ဝံနဲ႔ဆက္စပ္အမႈေတြ ဆက္လက္ျဖစ္ ေပၚႏိုင္တယ္လို႔ သိရပါတယ္။ အစိုးရက အာကီတာ နဲ႔ ဟိုကိုင္းဒိုး ေျမာက္ပိုင္းကြၽန္း အပါအဝင္ စီရင္စုေလးခုကို အေရးေပၚအကူအညီေတြ ထုတ္ေပးဖို႔ စီစဥ္ေနပါတယ္။