နျူကလီးယားဆိုင်ရာ အငြင်းပွားမှုတွေကို သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းနိုင်မယ်လို့ အီရန်ယုံကြည်နေ

 195

Pika (NP News) - စက်တင်ဘာ ၂၄
အီရန်ရဲ့နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာ အငြင်းပွားမှုတွေကို သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းနိုင်မယ်လို့ အီရန်အစိုးရက ယုံကြည်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်ဟာ အနောက်အုပ်စုအတွက် ပူး‌ပေါင်း ဆောင်ရွက်မှုတွေလုပ်ဆောင်မလား ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ဆောင်မလားဆိုတာ ရွေးချယ်ဖို့ အချိန်ကျပြီလို့လည်း အာဘတ်စ်အာဂရာချီက ပြောဆိုခဲ့ပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ဟာ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်မယ့် ယန္တရားကို ပြန်လည်အသက်သွင်းခဲ့ပြီးနောက် အာဘတ်စ်အာဂရာချီရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာဖဲလ်ဂရိုစီအပြင် ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အာဘတ်စ်အာဂရာချီက “သူတို့တွေဟာ အီရန်ကို အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖိအားနဲ့ ခြိမ်း‌ခြောက်မှုနည်းလမ်းတွေကို ကျွန်တော်တို့ ဘယ်တော့မှတုံ့ပြန်မှာမဟုတ်ပါဘူး။ လာမယ့်ရက်တွေမှာ သံတမန်‌ရေး နည်းလမ်းအရ ဖြေရှင်းချက်တစ်ခုရှာတွေ့နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အီရန်က သင့်လျော်တဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားဆိုင္ရာ အျငင္းပြားမႈေတြကို သံတမန္ေရးနည္းလမ္းအရ ေျဖရွင္းႏိုင္မယ္လို႔ အီရန္ယုံၾကည္ေန
Pika (NP News) - စက္တင္ဘာ ၂၄
အီရန္ရဲ႕န်ဴကလီးယားအေရးနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုနဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာ အျငင္းပြားမႈေတြကို သံတမန္ေရးနည္းလမ္းအရ ေျဖရွင္းႏိုင္မယ္လို႔ အီရန္အစိုးရက ယုံၾကည္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ လက္ရွိအခ်ိန္ဟာ အေနာက္အုပ္စုအတြက္ ပူး‌ေပါင္း ေဆာင္႐ြက္မႈေတြလုပ္ေဆာင္မလား ဒါမွမဟုတ္ ထိပ္တိုက္ရင္ဆိုင္မႈေတြလုပ္ေဆာင္မလားဆိုတာ ေ႐ြးခ်ယ္ဖို႔ အခ်ိန္က်ၿပီလို႔လည္း အာဘတ္စ္အာဂရာခ်ီက ေျပာဆိုခဲ့ပါတယ္။
ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံတို႔ဟာ အီရန္အေပၚပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္မယ့္ ယႏၲရားကို ျပန္လည္အသက္သြင္းခဲ့ၿပီးေနာက္ အာဘတ္စ္အာဂရာခ်ီရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။ အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြကို ေဆြးေႏြးဖို႔အတြက္ ကုလသမဂၢ န်ဴကလီးယားေစာင့္ၾကည့္ေရးအဖြဲ႕ အႀကီးအကဲ ရာဖဲလ္ဂ႐ိုစီအျပင္ ဥေရာပႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက “သူတို႔ေတြဟာ အီရန္ကို အႀကိမ္ႀကိမ္စမ္းသပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဖိအားနဲ႔ ၿခိမ္း‌ေျခာက္မႈနည္းလမ္းေတြကို ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွတုံ႔ျပန္မွာမဟုတ္ပါဘူး။ လာမယ့္ရက္ေတြမွာ သံတမန္‌ေရး နည္းလမ္းအရ ေျဖရွင္းခ်က္တစ္ခုရွာေတြ႕ႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ အဲဒီလိုမွ မဟုတ္ဘူးဆိုရင္ေတာ့ အီရန္က သင့္ေလ်ာ္တဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.