ရန်ကုန် နှင့် မွန်တို့မှ PDF အဖွဲ့ဝင် (၅)ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်

 539

Pearl (NP News) - စက်တင်ဘာ ၂၄

ရန်ကုန်နှင့် မွန်တို့မှ PDF အဖွဲ့ဝင် (၅)ဦး ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့တို့မှ PDF အမည်ခံ အဖွဲ့ဝင်အမျိုးသားငါးဦးတို့သည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း နှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင် အမျိုးသားငါးဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ (စက်တင်ဘာ ၂၄ရက်)က မကွေးမြို့ရှိ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် PDF အဖွဲ့များမှ အဖွဲ့ဝင်များအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ ႏွင့္ မြန္တို႔မွ PDF အဖြဲ႕ဝင္ (၅)ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္
Pearl (NP News) - စက္တင္ဘာ ၂၄

ရန္ကုန္ႏွင့္ မြန္တို႔မွ PDF အဖြဲ႕ဝင္ (၅)ဦး ဥပေဒေဘာင္အတြင္းသို႔ျပန္လည္ဝင္ေရာက္လာေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အေရွ႕ဒဂုံၿမိဳ႕နယ္၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕တို႔မွ PDF အမည္ခံ အဖြဲ႕ဝင္အမ်ိဳးသားငါးဦးတို႔သည္ အတင္းအဓမၼ စုေဆာင္းခံၾကရျခင္း၊ အၾကမ္းဖက္အဖြဲ႕မ်ား၏ ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ သတ္ျဖတ္ျခင္း၊ စစ္ေရး ပစ္မွတ္မဟုတ္သည့္ အေျခခံအေဆာက္အအုံမ်ား၊ လမ္း၊ တံတားမ်ားကို မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း စသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္ေတာ့ျခင္း ႏွင့္ တပ္မေတာ္၏ တိုက္စစ္ကို ခုခံႏိုင္ေတာ့ျခင္းမရွိဘဲ စိတ္ဓာတ္က်ဆင္းလာျခင္းတို႔အျပင္ ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္၍ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသည့္ PDF အဖြဲ႕ဝင္ အမ်ိဳးသားငါးဦးတို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံျပန္လည္ လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ (စက္တင္ဘာ ၂၄ရက္)က မေကြးၿမိဳ႕ရွိ နယ္ေျမခံတပ္ခန္းမ၌ ျပဳလုပ္ရာ အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္၊ မေကြးတပ္နယ္မွ တာဝန္ရွိသူမ်ား၊ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာခဲ့ၾကသည့္ အဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကသည့္ PDF အဖြဲ႕မ်ားမွ အဖြဲ႕ဝင္မ်ားအား ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္း အပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္းသို႔ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္း သိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.