သင်္ဘောသားများ SID ကတ်လျှောက်ထားရန် အွန်လိုင်းဘိုကင်ပြုလုပ်ရမည်

 1421

စော (NP News) - နိုဝင်ဘာ ၁

သင်္ဘောသား လူဟောင်း၊ လူသစ်များ Seafarers' Identity Documents (SID) ကတ်လျှောက်ထားရန် အွန်လိုင်းဘိုကင် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်(MSF)မှ ယနေ့(နိုဝင်ဘာလ ၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ စနစ်ကို စတင်စမ်းသပ်အသုံးပြုမည်ဖြစ်သည့်အတွက် စမ်းသပ်ကာလအတွင်း နေ့စဉ်လက်ခံမည့် လူဦးရေအရေအတွက်ကို အနည်းငယ်သာ လက်ခံပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စမ်းသပ်ကာလအတွင်း လုပ်ငန်းစဉ်ဆိုင်ရာ အားနည်းချက် နှင့် ချို့ယွင်းချက်များအား ပြင်ဆင်ဖြည့်စွက်လုပ်ကိုင်ပြီးပါက တစ်ရက်လျှင် SID အရေအတွက် (၃၀၀)ခန့်အထိ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“SID ကတ်ဆိုတာ အခြားနိုင်ငံတွေရောက်တဲ့အချိန်မှာ မြန်မာသင်္ဘောသားဖြစ်တယ်လို့ သက်သေပြတဲ့ သက်သေခံကတ်ပြားပါ။ သက်တမ်းကတော့ (၅)နှစ်ရှိပြီးတော့ သက်တမ်းကုန်ရင် တိုးရတယ်”ဟု သာကေတမြို့နယ်မှ ပင်လယ်ကူးသင်္ဘောသားတစ်ဦးက NP News ကိုပြောသည်။

အလားတူ SID ကတ်အား သင်္ဘောသားကိုယ်စားလျှောက်ထားပေးမည်ဟု ကြေညာချက်ထုတ်နေသည့် ပွဲစားများအားတွေ့မြင်ကြားသိနေရပြီး ကတ်၏တန်ဖိုးထက် (၂)ဆနှင့်အထက်ခန့်ရှိသည့် ဝန်ဆောင်ခအားတောင်းခံနေသည်ကိုလည်း ကြားသိရကြောင်း MSF က အသိပေးထားသည်။

ထို့ကြောင့် အဆိုပါ SID လျှောက်ထားခြင်းနှင့် ထုတ်ယူခြင်းကို ပွဲစား (သို့မဟုတ်)အခြားလူတစ်ဦးတစ်ယောက်ကိုမျှခံ၍ လုပ်ကိုင်ခြင်းမပြုရန် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှ တိုက်တွန်းပြောကြားထားသည်။

ထို့ပြင် အထက်ပါအချက်အလက်များကို အသေးစိတ်သိရှိလိုပါက DMA ဒေါပုံရုံး SID ထုတ် ပေးမည့်နေရာသို့ သွားရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

zawgyi version
သေဘၤာသားမ်ား SID ကတ္ေလွ်ာက္ထားရန္ အြန္လိုင္းဘိုကင္ျပဳလုပ္ရမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁

သေဘၤာသား လူေဟာင္း၊ လူသစ္မ်ား Seafarers' Identity Documents (SID) ကတ္ေလွ်ာက္ထားရန္ အြန္လိုင္းဘိုကင္ ျပဳလုပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္(MSF)မွ ယေန႔(ႏိုဝင္ဘာလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ စနစ္ကို စတင္စမ္းသပ္အသုံးျပဳမည္ျဖစ္သည့္အတြက္ စမ္းသပ္ကာလအတြင္း ေန႔စဥ္လက္ခံမည့္ လူဦးေရအေရအတြက္ကို အနည္းငယ္သာ လက္ခံျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

စမ္းသပ္ကာလအတြင္း လုပ္ငန္းစဥ္ဆိုင္ရာ အားနည္းခ်က္ ႏွင့္ ခ်ိဳ႕ယြင္းခ်က္မ်ားအား ျပင္ဆင္ျဖည့္စြက္လုပ္ကိုင္ၿပီးပါက တစ္ရက္လွ်င္ SID အေရအတြက္ (၃၀၀)ခန႔္အထိ ထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“SID ကတ္ဆိုတာ အျခားႏိုင္ငံေတြေရာက္တဲ့အခ်ိန္မွာ ျမန္မာသေဘၤာသားျဖစ္တယ္လို႔ သက္ေသျပတဲ့ သက္ေသခံကတ္ျပားပါ။ သက္တမ္းကေတာ့ (၅)ႏွစ္ရွိၿပီးေတာ့ သက္တမ္းကုန္ရင္ တိုးရတယ္”ဟု သာေကတၿမိဳ႕နယ္မွ ပင္လယ္ကူးသေဘၤာသားတစ္ဦးက NP News ကိုေျပာသည္။

အလားတူ SID ကတ္အား သေဘၤာသားကိုယ္စားေလွ်ာက္ထားေပးမည္ဟု ေၾကညာခ်က္ထုတ္ေနသည့္ ပြဲစားမ်ားအားေတြ႕ျမင္ၾကားသိေနရၿပီး ကတ္၏တန္ဖိုးထက္ (၂)ဆႏွင့္အထက္ခန႔္ရွိသည့္ ဝန္ေဆာင္ခအားေတာင္းခံေနသည္ကိုလည္း ၾကားသိရေၾကာင္း MSF က အသိေပးထားသည္။

ထို႔ေၾကာင့္ အဆိုပါ SID ေလွ်ာက္ထားျခင္းႏွင့္ ထုတ္ယူျခင္းကို ပြဲစား (သို႔မဟုတ္)အျခားလူတစ္ဦးတစ္ေယာက္ကိုမွ်ခံ၍ လုပ္ကိုင္ျခင္းမျပဳရန္ ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္မွ တိုက္တြန္းေျပာၾကားထားသည္။

ထို႔ျပင္ အထက္ပါအခ်က္အလက္မ်ားကို အေသးစိတ္သိရွိလိုပါက DMA ေဒါပုံ႐ုံး SID ထုတ္ ေပးမည့္ေနရာသို႔ သြားေရာက္စုံစမ္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.