ရုရှားနဲ့လုပ်ဆောင်မယ့်ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတကို ပါဝင်စေလိုတယ်လို့ ယူကရိန်းသမ္မတပြော

 211

Pika (NP News) - မေ ၁၄

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပါဝင်စေလိုတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ပူတင်က အဲဒီဆွေးနွေးပွဲကို တက်ရောက်တာမျိုး ရှိ/မရှိဆိုတာကို ရုရှားဘက်က နှုတ်ဆိတ်နေတယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။ လာမယ့် မတ်လ(၁၅)ရက်မှာ အစ္စတန်ဘူလ်မြို့မှာ လုပ်ဆောင်ဖို့စီစဉ်ထားတဲ့ဆွေးနွေးပွဲဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနဲ့ယူက ရိန်းအရာရှိတွေကြား ပထမဆုံးတိုက်ရိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို ၎င်းကိုယ်တိုင်တက်ရောက်မယ်လို့ ဇီလန်စကီးက ပြောကြားထားပေမယ့်လည်း ရုရှားအစိုးရဘက်ကတော့ ဘယ်သူ့ကိုစေလွှတ်မယ်ဆိုတာကို ပြောဆိုဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က "ကျွန်တော့်ရဲ့တက်ရောက်မှုက အကူအညီဖြစ်စေမယ်ဆိုရင် အဲဒီဆွေးနွေးပွဲမှာ ပါဝင်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် လက်ရှိရရှိထားတဲ့ အခွင့်အလမ်းကို ဆုပ်ကိုင်ကြဖို့ ရုရှားနဲ့ယူကရိန်းတို့ကို တူရကီသမ္မတအာဒိုဂန်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွားနဲ႔လုပ္ေဆာင္မယ့္ေဆြးေႏြးပြဲမွာ အေမရိကန္သမၼတကို ပါဝင္ေစလိုတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ေမ ၁၄

တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ႐ုရွားနဲ႔လုပ္ေဆာင္မယ့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ပါဝင္ေစလိုတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း ပူတင္က အဲဒီေဆြးေႏြးပြဲကို တက္ေရာက္တာမ်ိဳး ရွိ/မရွိဆိုတာကို ႐ုရွားဘက္က ႏႈတ္ဆိတ္ေနတယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။ လာမယ့္ မတ္လ(၁၅)ရက္မွာ အစၥတန္ဘူလ္ၿမိဳ႕မွာ လုပ္ေဆာင္ဖို႔စီစဥ္ထားတဲ့ေဆြးေႏြးပြဲဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ႐ုရွားနဲ႔ယူက ရိန္းအရာရွိေတြၾကား ပထမဆုံးတိုက္႐ိုက္ေတြ႕ဆုံမႈတစ္ခု ျဖစ္လာလိမ့္မယ္လို႔လည္း သိရပါတယ္။ အဲဒီေဆြးေႏြးပြဲကို ၎ကိုယ္တိုင္တက္ေရာက္မယ္လို႔ ဇီလန္စကီးက ေျပာၾကားထားေပမယ့္လည္း ႐ုရွားအစိုးရဘက္ကေတာ့ ဘယ္သူ႔ကိုေစလႊတ္မယ္ဆိုတာကို ေျပာဆိုဖို႔ ျငင္းဆန္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္က "ကြၽန္ေတာ့္ရဲ႕တက္ေရာက္မႈက အကူအညီျဖစ္ေစမယ္ဆိုရင္ အဲဒီေဆြးေႏြးပြဲမွာ ပါဝင္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ လက္ရွိရရွိထားတဲ့ အခြင့္အလမ္းကို ဆုပ္ကိုင္ၾကဖို႔ ႐ုရွားနဲ႔ယူကရိန္းတို႔ကို တူရကီသမၼတအာဒိုဂန္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.