Wagner ကြေးစားအဖွဲ့ တပ်ဖွဲ့ဝင်ဟောင်းများ ဒွန်းဘက်စ်ဒေသရှိ ရုရှားစစ်တပ်တွင် ပြန်လည်ပါဝင်လာခဲ့

1747

Pika (NP News) - နိုဝင်ဘာ ၅
ရုရှားကြေးစားတပ်ဖွဲ့ Wagner ၏ တပ်ဖွဲ့ဝင်ဟောင်းများသည် ရုရှားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တရားဝင်ပူးပေါင်း ခဲ့ပြီး ဒွန်းဘက်စ်ဒေသရှိ တိုက်ပွဲများတွင် ပြန်လည်ပါဝင်တိုက်ခိုက်ရန်အတွက် ယူနစ်တစ်ခုကိုဖွဲ့စည်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့သစ်တပ်မှူးတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။
Kamerton ဟုခေါ်သော တပ်ဖွဲ့စစ်ကို Wagner တပ်ဖွဲ့ ကြေးစားစစ်သားဟောင်းများဖြင့် ဖွဲ့စည်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒွန်းဘက်စ်ဒေသရှိ စစ်အခြေစိုက်စခန်းများတွင် Wagner ကြေးစားတပ်ဖွဲ့၏ တပ်ဖွဲ့ဝင် များ လေ့ကျင့်မှုများ လုပ်ဆောင်နေသည့် ဗီဒီယိုအွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
တပ်သားသစ်များသည် Wagner ကြေးစားတပ်ဖွဲ့၏တပ်ဖွဲ့ဝင်များအဖြစ် (သို့မဟုတ်) ရုရှားစစ်တပ်၏ တပ်ဖွဲ့ဝင် များအဖြစ် တိုက်ခိုက်သည်ဆိုသည့် ခွဲခြားမှုမျိုးမရှိဘဲ ၎င်းတို့၏အလုပ်ကို အပြီးထိဆက်လက်လုပ်ဆောာင်ရန် ဆုံးဖြတ်ထားကြကြောင်း တပ်ဖွဲ့သစ်တပ်မှူးက ပြောကြားခဲ့သည်၊၊
၎င်းက "ကျွန်တော်တို့ အမိမြေနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ ရုရှားစစ်တပ်ကလည်း ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို ထောက်ခံမှုအပြည့်အဝပေးထားပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အဆိုပါတပ်ဖွဲ့သစ်၏ အရေအတွက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။ ထို့အပြင် အဆိုပါတပ်ဖွဲ့သစ်၏ ကုမ္ပဏီအဆင့် နည်းပညာအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။ Wagner ကြေးစားတပ်ဖွဲ့ဝင်ဟောင်းများပါဝင်သော အဆိုပါတပ်ဖွဲ့သစ်ကို သံချပ်ကာယာဉ်များ၊ အမြောက်များကို လည်းပေးအပ်ထားကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။
ထို့အပြင် တပ်ဖွဲ့သစ်သည် Wagner ကြေးစားတပ်ဖွဲ့ဝင်ဟောင်းများအပြင် အခြားစစ်ကူများကိုပါ ရရှိခဲ့ကြောင်း မီဒီယာများက ထပ်မံဖော်ပြခဲ့သည်။

Zawgyi Version;
Wagner ေၾကးစားအဖြဲ႕ တပ္ဖြဲ႕ဝင္ေဟာင္းမ်ား ဒြန္းဘက္စ္ေဒသရွိ ႐ုရွားစစ္တပ္တြင္ ျပန္လည္ပါဝင္လာခဲ့
Pika (NP News) - ႏိုဝင္ဘာ ၅
႐ုရွားေၾကးစားတပ္ဖြဲ႕ Wagner ၏ တပ္ဖြဲ႕ဝင္ေဟာင္းမ်ားသည္ ႐ုရွားလက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ တရားဝင္ပူးေပါင္း ခဲ့ၿပီး ဒြန္းဘက္စ္ေဒသရွိ တိုက္ပြဲမ်ားတြင္ ျပန္လည္ပါဝင္တိုက္ခိုက္ရန္အတြက္ ယူနစ္တစ္ခုကိုဖြဲ႕စည္းခဲ့ေၾကာင္း အဆိုပါတပ္ဖြဲ႕သစ္တပ္မႉးတစ္ဦးက ထုတ္ေဖာ္ေျပာခဲ့သည္။
Kamerton ဟုေခၚေသာ တပ္ဖြဲ႕စစ္ကို Wagner တပ္ဖြဲ႕ ေၾကးစားစစ္သားေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ဒြန္းဘက္စ္ေဒသရွိ စစ္အေျခစိုက္စခန္းမ်ားတြင္ Wagner ေၾကးစားတပ္ဖြဲ႕၏ တပ္ဖြဲ႕ဝင္ မ်ား ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနသည့္ ဗီဒီယိုအြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
တပ္သားသစ္မ်ားသည္ Wagner ေၾကးစားတပ္ဖြဲ႕၏တပ္ဖြဲ႕ဝင္မ်ားအျဖစ္ (သို႔မဟုတ္) ႐ုရွားစစ္တပ္၏ တပ္ဖြဲ႕ဝင္ မ်ားအျဖစ္ တိုက္ခိုက္သည္ဆိုသည့္ ခြဲျခားမႈမ်ိဳးမရွိဘဲ ၎တို႔၏အလုပ္ကို အၿပီးထိဆက္လက္လုပ္ေဆာာင္ရန္ ဆုံးျဖတ္ထားၾကေၾကာင္း တပ္ဖြဲ႕သစ္တပ္မႉးက ေျပာၾကားခဲ့သည္၊၊
၎က "ကြၽန္ေတာ္တို႔ အမိေျမနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ ႐ုရွားစစ္တပ္ကလည္း ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြကို ေထာက္ခံမႈအျပည့္အဝေပးထားပါတယ္" ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း အဆိုပါတပ္ဖြဲ႕သစ္၏ အေရအတြက္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။ ထို႔အျပင္ အဆိုပါတပ္ဖြဲ႕သစ္၏ ကုမၸဏီအဆင့္ နည္းပညာအဖြဲ႕မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။ Wagner ေၾကးစားတပ္ဖြဲ႕ဝင္ေဟာင္းမ်ားပါဝင္ေသာ အဆိုပါတပ္ဖြဲ႕သစ္ကို သံခ်ပ္ကာယာဥ္မ်ား၊ အေျမာက္မ်ားကို လည္းေပးအပ္ထားေၾကာင္း ႐ုရွားမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ထို႔အျပင္ တပ္ဖြဲ႕သစ္သည္ Wagner ေၾကးစားတပ္ဖြဲ႕ဝင္ေဟာင္းမ်ားအျပင္ အျခားစစ္ကူမ်ားကိုပါ ရရွိခဲ့ေၾကာင္း မီဒီယာမ်ားက ထပ္မံေဖာ္ျပခဲ့သည္။