အီသီယိုးပီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှုများကြောင့် လူ(၂ဝ) ကျော်သေဆုံးပြီး လူထောင်ချီနေရပ်စွန့်ခွာခဲ့ရ

 582

Pika (NP News) - နိုဝင်ဘာ ၅

အီသီယိုးပီးယားနိုင်ငံ ဆိုမာလီဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် လူ(၂ဝ) ကျော်သေဆုံးခဲ့ပြီး အခြားလူ(၁၂ဝဝဝ)ကျော် နေအိမ်စွန့်ခွါခဲ့ရကြောင်း ဒေသဆိုင်ရာအစိုးရက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တံတားများနှင့် လမ်းများ ပျက်စီးခဲ့ပြီး ရေဘေးဒဏ်ခံခဲ့ရသော နေရာများ ဆီသို့သွားလာရန် ခက်ခဲမှုများရှိခဲ့ကြောင်း ဆိုမာလီဒေသဆိုင်ရာ ဆက်သွယ်ရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် "ရေကြီးမှုတွေကြောင့် လူပေါင်း(၂ဝ)ကျော် သေဆုံးခဲ့ပါတယ်။လူပေါင်း(၁၂ဝဝဝ) ကျော်လည်း နေအိမ်စွန့်ခွာခဲ့ရပါတယ်။ မိုးဆက်လက်ရွာသွန်းမှုတွေနဲ့အတူ ခန့်မှန်းချက်တွေအရ ရေကြီးနိုင်ခြေတွေက ဆက်လက်မြင့်မားနေဆဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အာဖရိကတိုက်အရှေ့ပိုင်းတွင် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပုံမှန်ထက် မိုးပိုမိုရွာသွန်းနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ OCHA က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။ OCHA က "ဆိုမာလီယာနိုင်ငံမှာ အောက်တိုဘာ-ဒီဇင်ဘာ မုတ်သုံမိုးရာသီ စတင်တဲ့အချိန်ကနေစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူပေါင်း (၄ဝ၅၆၅၂) ဦး ရေဘေးသင့်ခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦး သေဆုံးခဲ့ပါတယ်။ အနည်းဆုံးလူပေါင်း (၄၇၁ဝဝ) ဟာ ရေကြီးမှုကို ရှောင်ဖို့အတွက် ကုန်းမြင့်ဒေသတွေကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အချို့နေရာတွေမှာ ဈေးတွေနဲ့ လယ်ယာမြေတွေ ပျက်စီးသွားခဲ့ပါတယ်" ဟု ထုတ်ပြန်ထားသည်။

Zawgyi Version;
အီသီယိုးပီးယားႏိုင္ငံတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္အတူ ေရႀကီးမႈမ်ားေၾကာင့္ လူ(၂ဝ) ေက်ာ္ေသဆုံးၿပီး လူေထာင္ခ်ီေနရပ္စြန႔္ခြာခဲ့ရ
Pika (NP News) - ႏိုဝင္ဘာ ၅

အီသီယိုးပီးယားႏိုင္ငံ ဆိုမာလီေဒသတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားႏွင့္အတူ ေရႀကီးမႈမ်ားေၾကာင့္ လူ(၂ဝ) ေက်ာ္ေသဆုံးခဲ့ၿပီး အျခားလူ(၁၂ဝဝဝ)ေက်ာ္ ေနအိမ္စြန႔္ခြါခဲ့ရေၾကာင္း ေဒသဆိုင္ရာအစိုးရက ေျပာၾကားခဲ့သည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ တံတားမ်ားႏွင့္ လမ္းမ်ား ပ်က္စီးခဲ့ၿပီး ေရေဘးဒဏ္ခံခဲ့ရေသာ ေနရာမ်ား ဆီသို႔သြားလာရန္ ခက္ခဲမႈမ်ားရွိခဲ့ေၾကာင္း ဆိုမာလီေဒသဆိုင္ရာ ဆက္သြယ္ေရးဗ်ဴ႐ိုက သတင္းထုတ္ျပန္ခဲ့သည္။

ထုတ္ျပန္ခ်က္တြင္ "ေရႀကီးမႈေတြေၾကာင့္ လူေပါင္း(၂ဝ)ေက်ာ္ ေသဆုံးခဲ့ပါတယ္။လူေပါင္း(၁၂ဝဝဝ) ေက်ာ္လည္း ေနအိမ္စြန႔္ခြာခဲ့ရပါတယ္။ မိုးဆက္လက္႐ြာသြန္းမႈေတြနဲ႔အတူ ခန႔္မွန္းခ်က္ေတြအရ ေရႀကီးႏိုင္ေျခေတြက ဆက္လက္ျမင့္မားေနဆဲျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္ အာဖရိကတိုက္အေရွ႕ပိုင္းတြင္ ေအာက္တိုဘာလမွ ဒီဇင္ဘာလအတြင္း ပုံမွန္ထက္ မိုးပိုမို႐ြာသြန္းႏိုင္ဖြယ္ရွိေၾကာင္း ကုလသမဂၢ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာေအဂ်င္စီ OCHA က ၿပီးခဲ့သည့္လတြင္ ထုတ္ျပန္ခဲ့သည္။ OCHA က "ဆိုမာလီယာႏိုင္ငံမွာ ေအာက္တိုဘာ-ဒီဇင္ဘာ မုတ္သုံမိုးရာသီ စတင္တဲ့အခ်ိန္ကေနစၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈေတြနဲ႔ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူေပါင္း (၄ဝ၅၆၅၂) ဦး ေရေဘးသင့္ခဲ့ၿပီး အနည္းဆုံးလူ(၁၄)ဦး ေသဆုံးခဲ့ပါတယ္။ အနည္းဆုံးလူေပါင္း (၄၇၁ဝဝ) ဟာ ေရႀကီးမႈကို ေရွာင္ဖို႔အတြက္ ကုန္းျမင့္ေဒသေတြကို ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။ အခ်ိဳ႕ေနရာေတြမွာ ေဈးေတြနဲ႔ လယ္ယာေျမေတြ ပ်က္စီးသြားခဲ့ပါတယ္" ဟု ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.