ဗြိတိန်မှာ အိမ်ခြေယာမဲ့တွေရဲ့ ရွက်ဖျင်တဲတွေကိုဖယ်ရှားဖို့ ပြည်ထဲရေးဝန်ကြီးက စီစဉ်နေ

650

ရောင်နီ (NP News) - နိုဝင်ဘာ ၅
ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူလာဘရာဗာမန်က အိမ်ခြေယာမဲ့တွေရဲ့ရွက်ဖျင်တဲ အသုံးပြုမှုကို ကန့်သတ်ဖို့ ဥပဒေ အသစ်တွေ အဆိုပြုမယ်လို့ စနေနေ့ (နိုဝင်ဘာ ၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီရဲ့အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံထားရတဲ့ ဘရာဗာမန်က နိုင်ငံတော်အနေနဲ့ အိုးမဲ့အိမ်မဲ့အစစ်တွေကို အမြဲတမ်းပံ့ပိုးပေးမှာဖြစ်ပေမယ့် ရွက်ဖျင်တဲတန်းတွေကိုတော့ လမ်းမတွေပေါ် ဖြတ်ကျော်ခွင့် မပြုနိုင်ကြောင်း၊ ၎င်းတို့ထဲက အများစုဟာ လမ်းမပေါ်မှာ နေထိုင်နေပြီး ဒါကို သူတို့ရဲ့ လူနေမှုပုံစံ ဖြစ်နေတာကို ခွင့်မပြုနိုင်ကြောင်း သူမက X (Twitter) ပိုစ့်မှာ ဆိုခဲ့ပါတယ်။ ဒါကို အစိုးရက အရေးယူ ဆောင်ရွက်ခြင်းမပြုရင် ဗြိတိန်မြို့တွေဟာ မူဝါဒ အားနည်းမှုတွေကြောင့် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိနေတဲ့ အမေရိကန်ရဲ့ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ်တို့လို နေရာတွေအတိုင်း ဖြစ်လာလိမ့်မယ်လို့ သူမက ဆိုပါတယ်။
အများသူငှာ နေရာတွေမှာ တဲထိုးတာ၊ တောင်းရမ်းတာ၊ ခိုးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ အမှိုက်ပစ်တာ၊ လူ့အသိုင်းအဝိုင်းကို ဆူပူအောင်လုပ်တာတွေကို ဥပဒေအတိုင်း လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ဘရာဘာမန်က ပြောကြားခဲ့ပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပတ်သတ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အတိုက်အခံ နိုင်ငံရေး သမားများနဲ့ သူမရဲ့ပါတီဝင်အချို့ကတောင် သူမကို ဝေဖန်ခဲ့ကြပါတယ်။
ဘရာဗာမန်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ဗြိတိန်အထွေထွေရွေးကာက်ပွဲမှာ အဓိကပြဿနာဖြစ်လာဖွယ်ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြဿနာတွေကိုလည်း ပြန်လည်ပြင်ဆင်ပေးဖို့ စက်တင်ဘာလက တောင်းဆိုခဲ့ပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ အိမ္ေျခယာမဲ့ေတြရဲ႕ ႐ြက္ဖ်င္တဲေတြကိုဖယ္ရွားဖို႔ ျပည္ထဲေရးဝန္ႀကီးက စီစဥ္ေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅
ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး ဆူလာဘရာဗာမန္က အိမ္ေျခယာမဲ့ေတြရဲ႕႐ြက္ဖ်င္တဲ အသုံးျပဳမႈကို ကန႔္သတ္ဖို႔ ဥပေဒ အသစ္ေတြ အဆိုျပဳမယ္လို႔ စေနေန႔ (ႏိုဝင္ဘာ ၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ကြန္ဆာေဗးတစ္ပါတီရဲ႕အနာဂတ္ေခါင္းေဆာင္တစ္ဦးအျဖစ္ ရႈျမင္ခံထားရတဲ့ ဘရာဗာမန္က ႏိုင္ငံေတာ္အေနနဲ႔ အိုးမဲ့အိမ္မဲ့အစစ္ေတြကို အၿမဲတမ္းပံ့ပိုးေပးမွာျဖစ္ေပမယ့္ ႐ြက္ဖ်င္တဲတန္းေတြကိုေတာ့ လမ္းမေတြေပၚ ျဖတ္ေက်ာ္ခြင့္ မျပဳႏိုင္ေၾကာင္း၊ ၎တို႔ထဲက အမ်ားစုဟာ လမ္းမေပၚမွာ ေနထိုင္ေနၿပီး ဒါကို သူတို႔ရဲ႕ လူေနမႈပုံစံ ျဖစ္ေနတာကို ခြင့္မျပဳႏိုင္ေၾကာင္း သူမက X (Twitter) ပိုစ့္မွာ ဆိုခဲ့ပါတယ္။ ဒါကို အစိုးရက အေရးယူ ေဆာင္႐ြက္ျခင္းမျပဳရင္ ၿဗိတိန္ၿမိဳ႕ေတြဟာ မူဝါဒ အားနည္းမႈေတြေၾကာင့္ ရာဇဝတ္မႈမ်ား၊ မူးယစ္ေဆးဝါး သုံးစြဲမႈမ်ား ရွိေနတဲ့ အေမရိကန္ရဲ႕ဆန္ဖရန္စစၥကိုနဲ႔ ေလာ့စ္အိန္ဂ်လိစ္တို႔လို ေနရာေတြအတိုင္း ျဖစ္လာလိမ့္မယ္လို႔ သူမက ဆိုပါတယ္။
အမ်ားသူငွာ ေနရာေတြမွာ တဲထိုးတာ၊ ေတာင္းရမ္းတာ၊ ခိုးတာ၊ မူးယစ္ေဆးဝါး သုံးစြဲတာ၊ အမႈိက္ပစ္တာ၊ လူ႔အသိုင္းအဝိုင္းကို ဆူပူေအာင္လုပ္တာေတြကို ဥပေဒအတိုင္း လုပ္ေဆာင္သြားရမွာျဖစ္တယ္လို႔ ဘရာဘာမန္က ေျပာၾကားခဲ့ပါတယ္။ အဆိုပါအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး လူ႔အခြင့္အေရးလႈပ္ရွားသူမ်ား၊ အတိုက္အခံ ႏိုင္ငံေရး သမားမ်ားနဲ႔ သူမရဲ႕ပါတီဝင္အခ်ိဳ႕ကေတာင္ သူမကို ေဝဖန္ခဲ့ၾကပါတယ္။
ဘရာဗာမန္ဟာ လာမယ့္ႏွစ္မွာ က်င္းပမယ့္ ၿဗိတိန္အေထြေထြေ႐ြးကာက္ပြဲမွာ အဓိကျပႆနာျဖစ္လာဖြယ္ရွိတဲ့ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာျပႆနာေတြကိုလည္း ျပန္လည္ျပင္ဆင္ေပးဖို႔ စက္တင္ဘာလက ေတာင္းဆိုခဲ့ပါတယ္။