ဈေးကွက်ဝင်ရောက်ခွင့် အခွင့်အလမ်းများကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်း ပြော

547

Pika (NP News) - နိုဝင်ဘာ ၆
တရုတ်နိုင်ငံသည် ဈေးကွက်ထဲဝင်ရောက်မှုနှင့် သွင်းကုန်တင်သွင်းများကို လက်ရှိထက် ပိုမိုတိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောခဲ့သည်။
ထို့အပြင် ၎င်းက ပွင့်လင်းမြင်သာမှုနှင့် ဈေးကွက်အခွင့်အလမ်းများကို မြှင့်တင်ကာ ကုန်ထုတ်လုပ်မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတားအဆီးများကို ဖယ်ရှားပစ်သွားမည်ဖြစ်ကြောင်း ထပ်မံပြောခဲ့သည်။ တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများတင်သွင်းမှု နှင့် ဝန်ဆောင်မှုများသည်လာမည့်(၅)နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁၇)ထရီလီယံ ထိရှိလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော China International Import Expo (CIIE) ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်ကောင်းမွန်လာကာ တိုးတက်မှုများရှိနေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ တရုတ်နိုင်ငံသည် ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုမြှင့်တင် သွားမည်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းကာ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အမြင့်ဆုံးအဆင်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် အဆင့်အတန်းမြင့်သော အဖွဲ့အစည်းဆိုင်ရာ ဖွင့်လှစ်မှုကိုမြှင့်တင်ရန် အစီအစဉ်ကို မကြာမီထုတ်ပြန်တော့မည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလ(၅)ရက်မှ (၁ဝ)ရက်အထိ ကျင်းပမည့်(CIIE)ပွဲတွင် နိုင်ငံပေါင်း(၆၉)နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း (၃)ခုအပြင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅ဝဝ)မှ ကုမ္ပဏီ(၂၈၉)ခု ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ သည်။ ထို့အပြင် Micron၊ Nestle၊ Burberry နှင့် L'Oreal ကုမ္ပဏီတို့သည်လည်း (CIIE) ပွဲကို တက်ရောက်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါပွဲကို တရုတ်ရှိ ဥရောပကုန်သည်ကြီးများအသင်းက ဝေဖန်ပြောဆိုခဲ့ပြီး အပြောင်းအလဲများပြုလုပ်ရန်နှင့် ဥရောပစီးပွားရေးလုပ်ငန်းများကြားတွင် ယုံကြည်မှုပြန်လည် ရရှိလာစေရန်အတွက် သိသာထင်ရှားမည့် အစီအစဉ်များ လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော(CIIE) ပွဲတွင် အမေရိကန်ဒေါ်လာ(၇၃ ဒသမ ၅၂) ဘီလျံ တန်ဖိုးရှိ သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၂၁ ခုနှစ် နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃ ဒသမ ၉) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေဈးကြက္ဝင္ေရာက္ခြင့္ အခြင့္အလမ္းမ်ားကို ပိုမိုခ်ဲ႕ထြင္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္း ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၆
တ႐ုတ္ႏိုင္ငံသည္ ေဈးကြက္ထဲဝင္ေရာက္မႈႏွင့္ သြင္းကုန္တင္သြင္းမ်ားကို လက္ရွိထက္ ပိုမိုတိုးခ်ဲ႕လုပ္ကိုင္သြားမည္ ျဖစ္ေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းက ေျပာခဲ့သည္။
ထို႔အျပင္ ၎က ပြင့္လင္းျမင္သာမႈႏွင့္ ေဈးကြက္အခြင့္အလမ္းမ်ားကို ျမႇင့္တင္ကာ ကုန္ထုတ္လုပ္မႈမ်ားတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအတားအဆီးမ်ားကို ဖယ္ရွားပစ္သြားမည္ျဖစ္ေၾကာင္း ထပ္မံေျပာခဲ့သည္။ တ႐ုတ္ႏိုင္ငံ၏ ကုန္ပစၥည္းမ်ားတင္သြင္းမႈ ႏွင့္ ဝန္ေဆာင္မႈမ်ားသည္လာမည့္(၅)ႏွစ္အတြင္း အေမရိကန္ေဒၚလာ(၁၇)ထရီလီယံ ထိရွိလာႏိုင္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ရွန္ဟိုင္းၿမိဳ႕တြင္ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ China International Import Expo (CIIE) ဖြင့္ပြဲအခမ္းအနားတြင္ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းက ေျပာခဲ့သည္။
ထို႔အျပင္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးသည္ ဆက္လက္ေကာင္းမြန္လာကာ တိုးတက္မႈမ်ားရွိေနေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ကုန္စည္ႏွင့္ ဝန္ေဆာင္မႈကုန္သြယ္မႈမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပိုမိုျမႇင့္တင္ သြားမည္ျဖစ္ၿပီး ႏိုင္ငံတကာစီးပြားေရးပတ္ဝန္းက်င္ကို ဆက္လက္ထိန္းသိမ္းကာ ပြင့္လင္းျမင္သာမႈႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို အျမင့္ဆုံးအဆင္သို႔ ျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း လီခ်န္းက ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ရွန္ဟိုင္းလြတ္လပ္ေသာကုန္သြယ္မႈဇုန္တြင္ အဆင့္အတန္းျမင့္ေသာ အဖြဲ႕အစည္းဆိုင္ရာ ဖြင့္လွစ္မႈကိုျမႇင့္တင္ရန္ အစီအစဥ္ကို မၾကာမီထုတ္ျပန္ေတာ့မည္ျဖစ္ေၾကာင္း လီခ်န္းက ေျပာၾကားခဲ့သည္။
ႏိုဝင္ဘာလ(၅)ရက္မွ (၁ဝ)ရက္အထိ က်င္းပမည့္(CIIE)ပြဲတြင္ ႏိုင္ငံေပါင္း(၆၉)ႏိုင္ငံ ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္း (၃)ခုအျပင္ ကမာၻ႔ထိပ္တန္းကုမၸဏီ(၅ဝဝ)မွ ကုမၸဏီ(၂၈၉)ခု ပါဝင္မည္ျဖစ္ေၾကာင္း ပြဲစီစဥ္သူမ်ားက ေျပာၾကားခဲ့ သည္။ ထို႔အျပင္ Micron၊ Nestle၊ Burberry ႏွင့္ L'Oreal ကုမၸဏီတို႔သည္လည္း (CIIE) ပြဲကို တက္ေရာက္ႏိုင္ရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း အဆိုပါပြဲကို တ႐ုတ္ရွိ ဥေရာပကုန္သည္ႀကီးမ်ားအသင္းက ေဝဖန္ေျပာဆိုခဲ့ၿပီး အေျပာင္းအလဲမ်ားျပဳလုပ္ရန္ႏွင့္ ဥေရာပစီးပြားေရးလုပ္ငန္းမ်ားၾကားတြင္ ယုံၾကည္မႈျပန္လည္ ရရွိလာေစရန္အတြက္ သိသာထင္ရွားမည့္ အစီအစဥ္မ်ား လုပ္ေဆာင္ရန္ တ႐ုတ္အာဏာပိုင္မ်ားကို တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္က က်င္းပခဲ့ေသာ(CIIE) ပြဲတြင္ အေမရိကန္ေဒၚလာ(၇၃ ဒသမ ၅၂) ဘီလ်ံ တန္ဖိုးရွိ သေဘာတူညီ ခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၃ ဒသမ ၉) ရာခိုင္ႏႈန္း တိုးလာခဲ့ေၾကာင္း သိရသည္။