ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်သဖြင့် တရုတ်ပြည်မှ အဝယ်ရပ်ပြီး ပဲတီစိမ်းဈေးများ ကျဆင်း

 369

NP News - စက်တင်ဘာ ၂ဝ
တရုတ်ပြည်သို့ မြန်မာနိုင်ငံမှ တင်ပို့နေသော ပဲတီစိမ်းများတွင် ပိုးသတ်ဆေးဓါတ်ကြွင်း ပါဝင်နေသောကြောင့် တင်သွင်းခွင့် ယာယီရပ်ဆိုင်းခဲ့ရာဈေးကွက်အတွင်း ပဲတီစိမ်းဈေးများ ကျဆင်းနေကြောင်း သိရသည်။
တရုတ်ပြည်သို့တင်ပို့မှုရပ်နားသွားခြင်းကြောင့် အရောင်းအဝယ်အေးသွားပြီး ယခင် ပဲတီစိမ်းတစ်အိတ်လျှင် လေးသိန်းကျပ်ကျော်ခန့် ပေါက်ဈေးရှိနေရာမှ လက်ရှိတွင် သုံးသိန်းနှစ်သောင်းကျပ်ခန့်သာ ပေါက်ဈေးရှိနေ ကြောင်း ဈေးနှုန်းများ ကျဆင်းနေကြောင်း ရန်ကုန်မြို့ခံ ပဲကုန်သည်များထံမှ သိရသည်။
“အခု ပဲကောင်းတာဆို တစ်အိတ် (၅၆ ပိဿာ ၂၅ ကျပ်သား) ကျပ် ၃ သိန်းကျော်ပဲ ရှိတော့တယ်။ အရင်လို ၄ သိန်း ကျော်အထိ မရှိတော့ဘူး။ မန္တလေးကုန်စည်ဒိုင်မှာတော့ ကျပ် ၃ သိန်း ၂ သောင်းဆိုတာ အမြင့်ဆုံးပဲ၊ ပဲတီစိမ်းပေါ့နော်။ ပြည်ပပို့ကုန် ရန်ကုန်သမားလည်း အဝယ်တော့ လျော့သွားတာပေါ့” ဟု ဘုရင့်နောင်ကုန်စည် ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ ဘုရင်နောင့်ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တစ်ပိဿာလျှင် ကျပ် ၅၅၀၀ မှ အမြင့်ဆုံး ၈၃၃၀ အထိရှိခဲ့ရာမှ လက်ရှိ ၅၃၀၀ ကျော်မှ ၈၀၀၀ ကျော်အထိသာရှိသဖြင့် စျေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ်က တရုတ်သို့ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အစရှိသော ကုန်ပစ္စည်း ၂၂ မျိုးတို့ကို ပင်လယ်ရေကြောင်းမှ တန်ချိန် ၄ သိန်း ၃ သောင်းကျော် တင်ပို့ခဲ့ကြောင်း၊ အများဆုံးမှာ ပဲတီစိမ်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်ကြီးများအသင်းမှ သိရသည်။

Zawgyi Version:
ပိုးသတ္ေဆးဓါတ္ႂကြင္းပါဝင္သျဖင့္ တ႐ုတ္ျပည္မွ အဝယ္ရပ္ၿပီး ပဲတီစိမ္းေဈးမ်ား က်ဆင္း
NP News - စက္တင္ဘာ ၂ဝ
တ႐ုတ္ျပည္သို႔ ျမန္မာႏိုင္ငံမွ တင္ပို႔ေနေသာ ပဲတီစိမ္းမ်ားတြင္ ပိုးသတ္ေဆးဓါတ္ႂကြင္း ပါဝင္ေနေသာေၾကာင့္ တင္သြင္းခြင့္ ယာယီရပ္ဆိုင္းခဲ့ရာေဈးကြက္အတြင္း ပဲတီစိမ္းေဈးမ်ား က်ဆင္းေနေၾကာင္း သိရသည္။
တ႐ုတ္ျပည္သို႔တင္ပို႔မႈရပ္နားသြားျခင္းေၾကာင့္ အေရာင္းအဝယ္ေအးသြားၿပီး ယခင္ ပဲတီစိမ္းတစ္အိတ္လွ်င္ ေလးသိန္းက်ပ္ေက်ာ္ခန႔္ ေပါက္ေဈးရွိေနရာမွ လက္ရွိတြင္ သုံးသိန္းႏွစ္ေသာင္းက်ပ္ခန႔္သာ ေပါက္ေဈးရွိေန ေၾကာင္း ေဈးႏႈန္းမ်ား က်ဆင္းေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံ ပဲကုန္သည္မ်ားထံမွ သိရသည္။
“အခု ပဲေကာင္းတာဆို တစ္အိတ္ (၅၆ ပိႆာ ၂၅ က်ပ္သား) က်ပ္ ၃ သိန္းေက်ာ္ပဲ ရွိေတာ့တယ္။ အရင္လို ၄ သိန္း ေက်ာ္အထိ မရွိေတာ့ဘူး။ မႏၲေလးကုန္စည္ဒိုင္မွာေတာ့ က်ပ္ ၃ သိန္း ၂ ေသာင္းဆိုတာ အျမင့္ဆုံးပဲ၊ ပဲတီစိမ္းေပါ့ေနာ္။ ျပည္ပပို႔ကုန္ ရန္ကုန္သမားလည္း အဝယ္ေတာ့ ေလ်ာ့သြားတာေပါ့” ဟု ဘုရင့္ေနာင္ကုန္စည္ ဒိုင္မွ ပဲကုန္သည္တစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ ဘုရင္ေနာင့္ကုန္စည္ဒိုင္တြင္ ၿပီးခဲ့သည့္ ဩဂုတ္လကုန္ပိုင္းက တစ္ပိႆာလွ်င္ က်ပ္ ၅၅၀၀ မွ အျမင့္ဆုံး ၈၃၃၀ အထိရွိခဲ့ရာမွ လက္ရွိ ၅၃၀၀ ေက်ာ္မွ ၈၀၀၀ ေက်ာ္အထိသာရွိသျဖင့္ ေစ်းႏႈန္းအနည္းငယ္ က်ဆင္းေနေၾကာင္း သိရသည္။
ယခင္ဘ႑ာႏွစ္က တ႐ုတ္သို႔ ပဲတီစိမ္း အပါအဝင္ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္း အစရွိေသာ ကုန္ပစၥည္း ၂၂ မ်ိဳးတို႔ကို ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ ၄ သိန္း ၃ ေသာင္းေက်ာ္ တင္ပို႔ခဲ့ေၾကာင္း၊ အမ်ားဆုံးမွာ ပဲတီစိမ္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.