အမေရိကန်က တီထွင်ရန်အစီအစဉ်ဆွဲထားသော နျူကလီးယားဗုံးအသစ်က ရုရှားလူဦးရေ(၃)သိန်းကျော်ကို သေဆုံးစေနိုင်ကြောင်း Newsweek မဂ္ဂဇင်းဖော်ပြ

929

Pika (NP News) - - နိုဝင်ဘာ ၆
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က တီထွင်ထုတ်လုပ်ရန် စီစဉ်ထားသော နျူကလီးယားဗုံးအသစ်ကို ရုရှားနိုင်ငံ မော်စကိုမြို့ပေါ်သို့ ကြဲချလိုက်မည်ဆိုပါက အဆိုပါမြို့ရှိ လူဦးရေ(၁၃)သန်းအနက် (၃)သိန်း သေဆုံးဖွယ်ရှိနေသည် ဟု Nukemap online tool မှ ဖန်တီးထားသည် သရုပ်ပြပုံကို ကိုးကားပြီး Newsweek က ဖော်ပြခဲ့သည်။
အမေရိကန်သည် B61 ဟု အမည်ပေးထားသော နျူကလီးယားဗုံးအသစ်ကိုထုတ်လုပ်ရန် ကြိုးပမ်းမည်ဟု ပြီးခဲ့သည့်လနှောင်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ နျူကလီးယားဗုံးအသစ်သည် ခန့်မှန်းခြေအားခြင့် (၃၆ဝ)ကီလိုတန် ရှိမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သော ဗုံးထက်(၂၄)ဆပိုမို အားပြင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Newsweek မဂ္ဂဇင်း က "အဲဒီဗုံးကို ရုရှားနိုင်ငံ မော်စကိုမြို့ကို ကြဲချခဲ့မယ်ဆိုရင် လူပေါင်း(၃၁၁၄၈ဝ) ဦး သေဆုံးပြီး အခြားလူပေါင်း(၈၆၈၈၆ဝ) ဦး ထိခိုက်ဒဏ်ရာရရှိပါလိမ့်မယ်။ ဒါမှမဟုတ် ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့တော် စိန့်ပီတာစဘတ်မြို့ပေါ်ကို ကြဲချခဲ့မယ်ဆိုရင် သေဆုံးသူဦးရေဟာ (၃၆ဝ၁၅ဝ) ဦးထိ ရှိလာပါလိမ့်မယ်" ဟု ဖော်ပြ ထားသည်။
အဆိုပါနျူကလီးယားဗုံးပေါက်ကွဲသည့်နေရာမှ မိုင်ဝက်အကွာအဝေးအတွင်းရှိ အရာအားလုံးသည် ကြီးမားသော မီးလုံးကြီးများနှင့်အတူ အငွေ့ပျံသွားမည်ဖြစ်ကြောင်း Newsweek ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပေါက်ကွဲမှုနှင့်အတူ တစ်မိုင်အတွင်းရှိ လူများအားလုံး သေဆုံးမည်ဖြစ်သလို အဆောက်အဦးများအားလုံး လည်း ပျက်စီးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပေါက်ကွဲသည့်နေရာနှင့် နှစ်မိုင်အကွာတွင် ဓါတ်ရောင်ခြည်မြင့်မားမှုများနှင့်အတူ တစ်လအတွင်း သေဆုံးမှုများရှိလာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အသက်ရှင်ကျန်ရစ်သူ (၁၅)ရာခိုင်နှုန်းသည် နောက်ပိုင်းတွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားမည်ဖြစ်ပြီး အများစု မှာ အသက်အန္တရာယ်ရှိသော မီးလောင်ဒဏ်ရာများကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် မီဒီယာများက နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်သည့် အန္တရာယ်များကို ဆွေးနွေးနေမှုနှင့်အတူ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနှင့် နေတိုးအဖွဲ့ကြား တင်းမာမှုများရှိနေချိန်တွင် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အဆိုပါနျူကလီးယားဗုံးအသစ် တီထွင်ထုတ်လုပ်မည့်အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္က တီထြင္ရန္အစီအစဥ္ဆြဲထားေသာ န်ဴကလီးယားဗုံးအသစ္က ႐ုရွားလူဦးေရ(၃)သိန္းေက်ာ္ကို ေသဆုံးေစႏိုင္ေၾကာင္း Newsweek မဂၢဇင္းေဖာ္ျပ
Pika (NP News) - - ႏိုဝင္ဘာ ၆
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က တီထြင္ထုတ္လုပ္ရန္ စီစဥ္ထားေသာ န်ဴကလီးယားဗုံးအသစ္ကို ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေပၚသို႔ ႀကဲခ်လိုက္မည္ဆိုပါက အဆိုပါၿမိဳ႕ရွိ လူဦးေရ(၁၃)သန္းအနက္ (၃)သိန္း ေသဆုံးဖြယ္ရွိေနသည္ ဟု Nukemap online tool မွ ဖန္တီးထားသည္ သ႐ုပ္ျပပုံကို ကိုးကားၿပီး Newsweek က ေဖာ္ျပခဲ့သည္။
အေမရိကန္သည္ B61 ဟု အမည္ေပးထားေသာ န်ဴကလီးယားဗုံးအသစ္ကိုထုတ္လုပ္ရန္ ႀကိဳးပမ္းမည္ဟု ၿပီးခဲ့သည့္လေႏွာင္ပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါ န်ဴကလီးယားဗုံးအသစ္သည္ ခန႔္မွန္းေျခအားျခင့္ (၃၆ဝ)ကီလိုတန္ ရွိမည္ျဖစ္ၿပီး ဒုတိယကမာၻစစ္အတြင္း ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွီးမားၿမိဳ႕ကို ႀကဲခ်ခဲ့ေသာ ဗုံးထက္(၂၄)ဆပိုမို အားျပင္းမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ Newsweek မဂၢဇင္း က "အဲဒီဗုံးကို ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကို ႀကဲခ်ခဲ့မယ္ဆိုရင္ လူေပါင္း(၃၁၁၄၈ဝ) ဦး ေသဆုံးၿပီး အျခားလူေပါင္း(၈၆၈၈၆ဝ) ဦး ထိခိုက္ဒဏ္ရာရရွိပါလိမ့္မယ္။ ဒါမွမဟုတ္ ႐ုရွားရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ေတာ္ စိန႔္ပီတာစဘတ္ၿမိဳ႕ေပၚကို ႀကဲခ်ခဲ့မယ္ဆိုရင္ ေသဆုံးသူဦးေရဟာ (၃၆ဝ၁၅ဝ) ဦးထိ ရွိလာပါလိမ့္မယ္" ဟု ေဖာ္ျပ ထားသည္။
အဆိုပါန်ဴကလီးယားဗုံးေပါက္ကြဲသည့္ေနရာမွ မိုင္ဝက္အကြာအေဝးအတြင္းရွိ အရာအားလုံးသည္ ႀကီးမားေသာ မီးလုံးႀကီးမ်ားႏွင့္အတူ အေငြ႕ပ်ံသြားမည္ျဖစ္ေၾကာင္း Newsweek ၏ ေဖာ္ျပခ်က္အရ သိရသည္။
အဆိုေပါက္ကြဲမႈႏွင့္အတူ တစ္မိုင္အတြင္းရွိ လူမ်ားအားလုံး ေသဆုံးမည္ျဖစ္သလို အေဆာက္အဦးမ်ားအားလုံး လည္း ပ်က္စီးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ထို႔အျပင္ ေပါက္ကြဲသည့္ေနရာႏွင့္ ႏွစ္မိုင္အကြာတြင္ ဓါတ္ေရာင္ျခည္ျမင့္မားမႈမ်ားႏွင့္အတူ တစ္လအတြင္း ေသဆုံးမႈမ်ားရွိလာႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
အသက္ရွင္က်န္ရစ္သူ (၁၅)ရာခိုင္ႏႈန္းသည္ ေနာက္ပိုင္းတြင္ ကင္ဆာေရာဂါျဖင့္ ေသဆုံးသြားမည္ျဖစ္ၿပီး အမ်ားစု မွာ အသက္အႏၲရာယ္ရွိေသာ မီးေလာင္ဒဏ္ရာမ်ားကို ခံစားရမည္ျဖစ္ေၾကာင္း သိရသည္။ ကြၽမ္းက်င္သူမ်ား၊ ႏိုင္ငံေရးသမားမ်ားႏွင့္ မီဒီယာမ်ားက န်ဴကလီးယားစစ္ပြဲျဖစ္ပြားလာႏိုင္သည့္ အႏၲရာယ္မ်ားကို ေဆြးေႏြးေနမႈႏွင့္အတူ ယူကရိန္းအေရးႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ ေနတိုးအဖြဲ႕ၾကား တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က အဆိုပါန်ဴကလီးယားဗုံးအသစ္ တီထြင္ထုတ္လုပ္မည့္အစီအစဥ္ကို ထုတ္ေဖာ္ျပသခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။