ဂါဇာဒေသမှာဖြစ်နေတဲ့ စစ်ပွဲအဆုံးမသတ်ဘူးဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေ ပြန်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ အီရန်စစ်ဘက် သတိပေး

 5846

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

ပါလက်စတိုင်းဒေသမှာဖြစ်ပွားနေတဲ့ ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်ဘူးဆိုရင် အမေရိကန်နိုင်ငံဟာ ဆိုးရွားတဲ့အကျိုးဆက်တွေကို ပြန်လည်ရင်ဆိုင်ရွယ်ရှိနေကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး က ထုတ်ဖော် သတိပေးလိုက်ပါတယ်။

အီရန်ကာကွယ်ရေးဝန်ကြီး Mohammad-Reza Ashtiani က "အမေရိကန်နိုင်ငံကို အကြံပေးလိုတယ်။ ဂါဇာဒေသ မှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်နေတဲ့စစ်ပွဲကို ရပ်တန့်အောင် ချက်ချင်း လုပ်ဆောင်ရမယ်။ အပစ်ခတ်ရပ်စဲရေးအကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရမယ်။ အဲဒီလိုမျိုးမလုပ်ဆောင်ဘူး ဆိုရင် အမေရိကန်နိုင်ငံဟာ ခက်ခဲမှုတွေ ရင်ဆိုင်ရဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။

အီရန်အစိုးရဟာ အမေရိကန်နိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ် ပိုင်းဒေသမှာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Nasser Kanaani က အစ္စရေးဟာ အမေရိကန်နိုင်ငံရဲ့အပြည့်အဝ ကူညီထောက်ခံပေးမှုနဲ့အတူ စစ်ရာဇဝတ်မှုတွေ၊ မျိုးသုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်အောင် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။ အီရန်နိုင်ငံရဲ့အကူအညီတွေရရှိထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသမှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ရာ အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် နဲ့ ပါလက်စတိုင်းလူမျိုး ၉ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာေဒသမွာျဖစ္ေနတဲ့ စစ္ပြဲအဆုံးမသတ္ဘူးဆိုရင္ အေမရိကန္ႏိုင္ငံအေနနဲ႔ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြ ျပန္ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ အီရန္စစ္ဘက္ သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

ပါလက္စတိုင္းေဒသမွာျဖစ္ပြားေနတဲ့ ရန္လိုတိုက္ခိုက္မႈေတြ အဆုံးမသတ္ဘူးဆိုရင္ အေမရိကန္ႏိုင္ငံဟာ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြကို ျပန္လည္ရင္ဆိုင္႐ြယ္ရွိေနေၾကာင္း အီရန္ကာကြယ္ေရးဝန္ႀကီး က ထုတ္ေဖာ္ သတိေပးလိုက္ပါတယ္။

အီရန္ကာကြယ္ေရးဝန္ႀကီး Mohammad-Reza Ashtiani က "အေမရိကန္ႏိုင္ငံကို အႀကံေပးလိုတယ္။ ဂါဇာေဒသ မွာျဖစ္ပြားေနတဲ့ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ေနတဲ့စစ္ပြဲကို ရပ္တန႔္ေအာင္ ခ်က္ခ်င္း လုပ္ေဆာင္ရမယ္။ အပစ္ခတ္ရပ္စဲေရးအေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ရမယ္။ အဲဒီလိုမ်ိဳးမလုပ္ေဆာင္ဘူး ဆိုရင္ အေမရိကန္ႏိုင္ငံဟာ ခက္ခဲမႈေတြ ရင္ဆိုင္ရဖြယ္ရွိေနတယ္" လို႔ ေျပာပါတယ္။

အီရန္အစိုးရဟာ အေမရိကန္ႏိုင္ငံဟာ ဟားမက္စ္နဲ႔ အစၥေရးႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေရွ႕အလယ္ ပိုင္းေဒသမွာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာေအာင္ လုပ္ေဆာင္ေနေၾကာင္း စြပ္စြဲခဲ့ပါတယ္။ အီရန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ Nasser Kanaani က အစၥေရးဟာ အေမရိကန္ႏိုင္ငံရဲ႕အျပည့္အဝ ကူညီေထာက္ခံေပးမႈနဲ႔အတူ စစ္ရာဇဝတ္မႈေတြ၊ မ်ိဳးသုန္းသတ္ျဖတ္မႈေတြ က်ဴးလြန္ေနေၾကာင္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးႏိုင္ေအာင္ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္ အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို ယာယီအပစ္ခတ္ရပ္စဲဖို႔ ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရပါတယ္။ အီရန္ႏိုင္ငံရဲ႕အကူအညီေတြရရွိထားတဲ့ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို ေအာက္တိုဘာ ၇ ရက္က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာေဒသမွာ စစ္ပြဲစတင္ျဖစ္ပြားခဲ့ရာ အစၥေရးႏိုင္ငံသား ၁၄ဝဝ ေက်ာ္ နဲ႔ ပါလက္စတိုင္းလူမ်ိဳး ၉ဝဝဝ ေက်ာ္ ေသဆုံးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.