ဂါဇာဒေသကိုတိုက်ခိုက်ရာမှာ နျူကလီးယားလက်နက်တွေလည်း အသုံးပြုဖွယ်ရှိလာနိုင်ကြောင်း အစ္စရေးဝန်ကြီးတစ်ဦး ထုတ်ဖော်ပြော

994

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆
အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးဖြစ်တဲ့ Amichai Eliyahu က အစ္စရေးနိုင်ငံဟာ ဂါဇာဒေသကို နျူကလီးယား လက်နက်သုံး တိုက်ခိုက်ဖွယ်ရှိနေကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဆိုပါ မှတ်ချက်စကားနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရအဖွဲ့အတွင်း အငြင်းပွားမှုတွေဖြစ်ပွားလာခဲ့ပြီး ဝန်ကြီးချုပ် နေတန်ရာဟုဟာ ဝန်ကြီး Amichai Eliyahu ကို ရာထူးက ဆိုင်းငံ့ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
အစ္စရေးဝန်ကြီး Amichai Eliyahu ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ Radio Kol Berama, Eliyahu နဲ့ အင်တာဗျူး အစီအစဉ်မှာ အစ္စရေးနိုင်ငံဟာ ဂါဇာဒေသကို နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်ဖွယ်ရှိတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသတင်းဌာနက အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာဒေသကို နျူကလီးယားလက်နက် အသုံးပြုတိုက်ခိုက်နိုင်ခြင်း ရှိ-မရှိ ဆိုတာကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီး Amichai Eliyahu က "နျူကလီးယားလက်နက် အသုံးပြုတိုက်ခိုက်တာဟာလည်း ဖြစ်နိုင်ဖွယ်ရှိတဲ့ အလားလာတစ်ခုပါ" လို့ ပြောပါတယ်။ အစ္စရေးဝန်ကြီးရဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန် မှာပဲ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဝန်ကြီး Amichai Eliyahu ကို ရာထူးကနေ ဆိုင်းငံ့လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဝန်ကြီး Amichai Eliyahu ရဲ့ ပြောဆိုချက်တွေက အမှန်တရားကို အခြေမခံဘူး။ အစ္စရေးဟာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေကို ရှောင်ရှားနိုင်ဖို့ နိုင်ငံတကာဥပဒေတွေနဲ့အညီ လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ဝန်ကြီး Amichai Eliyahu ရဲ့ ပြောဆိုချက်တွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး အခြေအမြစ်မရှိတဲ့စကားမျိုးဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဝန်ကြီး Amichai Eliyahu က "အစ္စရေးနိုင်ငံဟာ အကြမ်းဖက်တွေကိုဖြိုခွင်းရာမှာ အင်အားရှိပြီး တောင့်တင်းခိုင်မာကြောင်း ပြသရမယ်" လို့ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၉ဝဝဝ ကျော် သေဆုံးထားပြီး ဗုံးတန်ချိန် အနည်းဆုံး ၂၅ဝဝဝ ကျော် ကြဲချခဲ့တယ်လို့ လူအခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူရိုမတ်အဖွဲ့က ပြောပါတယ်။

Zawgyi Version;
ဂါဇာေဒသကိုတိုက္ခိုက္ရာမွာ န်ဴကလီးယားလက္နက္ေတြလည္း အသုံးျပဳဖြယ္ရွိလာႏိုင္ေၾကာင္း အစၥေရးဝန္ႀကီး တစ္ဦး ထုတ္ေဖာ္ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆
အစၥေရးအစိုးရအဖြဲ႕ဝန္ႀကီးတစ္ဦးျဖစ္တဲ့ Amichai Eliyahu က အစၥေရးႏိုင္ငံဟာ ဂါဇာေဒသကို န်ဴကလီးယား လက္နက္သုံး တိုက္ခိုက္ဖြယ္ရွိေနေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အဆိုပါ မွတ္ခ်က္စကားနဲ႔ပတ္သက္ၿပီး အစၥေရးအစိုးရအဖြဲ႕အတြင္း အျငင္းပြားမႈေတြျဖစ္ပြားလာခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုဟာ ဝန္ႀကီး Amichai Eliyahu ကို ရာထူးက ဆိုင္းငံ့ခဲ့တယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။
အစၥေရးဝန္ႀကီး Amichai Eliyahu ဟာ မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ Radio Kol Berama, Eliyahu နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ အစၥေရးႏိုင္ငံဟာ ဂါဇာေဒသကို န်ဴကလီးယားလက္နက္အသုံးျပဳတိုက္ခိုက္ဖြယ္ရွိတယ္လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။ အဆိုပါသတင္းဌာနက အစၥေရးႏိုင္ငံအေနနဲ႔ ဂါဇာေဒသကို န်ဴကလီးယားလက္နက္ အသုံးျပဳတိုက္ခိုက္ႏိုင္ျခင္း ရွိ-မရွိ ဆိုတာကို ေမးျမန္းခဲ့တယ္လို႔ ဆိုပါတယ္။
အစၥေရးဝန္ႀကီး Amichai Eliyahu က "န်ဴကလီးယားလက္နက္ အသုံးျပဳတိုက္ခိုက္တာဟာလည္း ျဖစ္ႏိုင္ဖြယ္ရွိတဲ့ အလားလာတစ္ခုပါ" လို႔ ေျပာပါတယ္။ အစၥေရးဝန္ႀကီးရဲ႕မွတ္ခ်က္စကားနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြရွိေနခ်ိန္ မွာပဲ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဝန္ႀကီး Amichai Eliyahu ကို ရာထူးကေန ဆိုင္းငံ့လိုက္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္က "ဝန္ႀကီး Amichai Eliyahu ရဲ႕ ေျပာဆိုခ်က္ေတြက အမွန္တရားကို အေျခမခံဘူး။ အစၥေရးဟာ အျပစ္မဲ့ျပည္သူေတြကို ထိခိုက္ေသဆုံးမႈေတြကို ေရွာင္ရွားႏိုင္ဖို႔ ႏိုင္ငံတကာဥပေဒေတြနဲ႔အညီ လုပ္ေဆာင္ေနတယ္" လို႔ ေျပာပါတယ္။
အစၥေရးကာကြယ္ေရးဝန္ႀကီးကလည္း ဝန္ႀကီး Amichai Eliyahu ရဲ႕ ေျပာဆိုခ်က္ေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အေျခအျမစ္မရွိတဲ့စကားမ်ိဳးျဖစ္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။ ဝန္ႀကီး Amichai Eliyahu က "အစၥေရးႏိုင္ငံဟာ အၾကမ္းဖက္ေတြကိုၿဖိဳခြင္းရာမွာ အင္အားရွိၿပီး ေတာင့္တင္းခိုင္မာေၾကာင္း ျပသရမယ္" လို႔ ေျပာပါတယ္။
အစၥေရးဟာ ဂါဇာေဒသကို ေအာက္တိုဘာ ၇ ရက္ကတည္းက စတင္တိုက္ခိုက္ခဲ့ရာ ပါလက္စတိုင္းလူမ်ိဳး ၉ဝဝဝ ေက်ာ္ ေသဆုံးထားၿပီး ဗုံးတန္ခ်ိန္ အနည္းဆုံး ၂၅ဝဝဝ ေက်ာ္ ႀကဲခ်ခဲ့တယ္လို႔ လူအခြင့္အေရးအဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့ ယူ႐ိုမတ္အဖြဲ႕က ေျပာပါတယ္။
https://www.rt.com/news/586623-nuking-gaza-possibility-israel/