ဟမ်းဘတ်မြို့ လေဆိပ်မှာဖြစ်ပွားခဲ့တဲ့ပြန်ပေးဆွဲမှုမှာ သေနတ်သမားကို ဖမ်းဆီးနိုင်သလို ကလေးငယ်ကို ပြန်ကယ်ထုတ်နိုင်ခဲ့ဟု ဂျာမနီရဲတပ်ဖွဲ့ပြော

 1469

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲခံရမှုဟာ ပြီးဆုံးသွားခဲ့တယ်လို့ ဂျာမနီ အာဏာပိုင်တွေက ပြောပါတယ်။

ဂျာမနီရဲတပ်ဖွဲ့ဟာ ဟမ်းဘတ်မြို့ လေဆိပ်ရှိ လုံခြုံရေးဂိတ်ကို ကားနဲ့ ဝင်တိုက်ပြီးထွက်ပြေးခဲ့တဲ့သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဲဒီသေနတ်သမားဟာ အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်ကို ပြန်ပေးဆွဲခဲ့ပြီးကား နဲ့ ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဂျာမနီရဲတပ်ဖွဲ့ဟာ သေနတ်သမားနဲ့ နာရီပေါင်းများစွာကြာ ဆွေးနွေးခဲ့ပြီးနောက် သေနတ်သမားကို ခုခံမှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့သလို ကလေးငယ်ကိုလည်း ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း ပြောပါတယ်။

ပြန်ပေးဆွဲမှုကျူးလွန်ခဲ့တယ်လို့ သံသယရှိခံရတဲ့ သေနတ်သမားဟာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီကျော်က ကလေးငယ်ကို ပြန်ပေးဆွဲပြီးနောက် လုံခြုံရေးဂိတ်တံကားကို ကားနဲ့တိုက်ကာ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားဟာ ကလေးငယ်ကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ လုံခြုံရေးဂိတ်တံခါးကို ကားနဲ့တိုက်ချိန် အတွင်းမှာ မီးလောင်ဗုံးနှစ်လုံးကိုလည်း ကားပေါ်ကနေ ပစ်ချခဲ့သလို သေနတ်ပစ်ဖောက်မှုတွေလည်း လုပ်ဆောင်ခဲ့ ကြောင်း သိရပါတယ်။

ဟမ်းဘက်မြို့ရဲတပ်ဖွဲ့အကြီးအကဲက "‌သေနတ်သမားနဲ့ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။ ပြန်ပေးဆွဲမှုဟာ ပြီးဆုံးသွား ပါတယ်။ ပြန်ပေးဆွဲတဲ့ သေနတ်သမားဟာ တူရကီဘာသာစကားပြောဆိုနိုင်သူဖြစ်တယ်။ ဆွေးနွေးပြီးချိန်မှာ သေနတ်သမားဟာ ကားထဲကနေ ကလေးငယ်နဲ့အတူ ထွက်လာတယ်။ ခုခံမှုမရှိပါဘူး။ ကလေးငယ်ကိုလည်း ပြန်လွှတ်ပေးနိုင်ခဲ့တယ်။ သေနတ်သမားဟာ ကလေးငယ်ကို ပြန်ပေးဆွဲခဲ့တဲ့ ဖခင်ဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့ သဘောထားကွဲလွဲမှုဖြစ်ပွားခဲ့ပြီးနောက် သမီးဖြစ်သူကို ခေါ်ယူခဲ့တာမျိုးဖြစ်တယ်။ သေနတ်သမားဟာ သမီးငယ်ကို တူရကီနိုင်ငံကို ခေါ်သွားလိုတယ်။ ဇနီးဖြစ်သူက သေနတ်သမားကို ကလေးငယ်ပြန်ပေးဆွဲ ခေါ်ယူခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ဟမ္းဘတ္ၿမိဳ႕ ေလဆိပ္မွာျဖစ္ပြားခဲ့တဲ့ျပန္ေပးဆြဲမႈမွာ ေသနတ္သမားကို ဖမ္းဆီးႏိုင္သလို ကေလးငယ္ကို ျပန္ကယ္ထုတ္ႏိုင္ခဲ့ဟု ဂ်ာမနီရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

ဂ်ာမနီႏိုင္ငံ ဟမ္းဘတ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့တဲ့ ျပန္ေပးဆြဲခံရမႈဟာ ၿပီးဆုံးသြားခဲ့တယ္လို႔ ဂ်ာမနီ အာဏာပိုင္ေတြက ေျပာပါတယ္။

ဂ်ာမနီရဲတပ္ဖြဲ႕ဟာ ဟမ္းဘတ္ၿမိဳ႕ ေလဆိပ္ရွိ လုံၿခဳံေရးဂိတ္ကို ကားနဲ႔ ဝင္တိုက္ၿပီးထြက္ေျပးခဲ့တဲ့ေသနတ္သမားကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း၊ အဲဒီေသနတ္သမားဟာ အသက္ ၄ ႏွစ္အ႐ြယ္ရွိ ကေလးငယ္ကို ျပန္ေပးဆြဲခဲ့ၿပီးကား နဲ႔ ေခၚေဆာင္သြားခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။

ဂ်ာမနီရဲတပ္ဖြဲ႕ဟာ ေသနတ္သမားနဲ႔ နာရီေပါင္းမ်ားစြာၾကာ ေဆြးေႏြးခဲ့ၿပီးေနာက္ ေသနတ္သမားကို ခုခံမႈမရွိဘဲ ဖမ္းဆီးႏိုင္ခဲ့သလို ကေလးငယ္ကိုလည္း ထိခိုက္ဒဏ္ရာမရွိဘဲ ျပန္လႊတ္ေပးႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

ျပန္ေပးဆြဲမႈက်ဴးလြန္ခဲ့တယ္လို႔ သံသယရွိခံရတဲ့ ေသနတ္သမားဟာ ႏိုဝင္ဘာ ၄ ရက္ ည ၈ နာရီေက်ာ္က ကေလးငယ္ကို ျပန္ေပးဆြဲၿပီးေနာက္ လုံၿခဳံေရးဂိတ္တံကားကို ကားနဲ႔တိုက္ကာ ထြက္ေျပးခဲ့ေၾကာင္း သိရပါတယ္။ ေသနတ္သမားဟာ ကေလးငယ္ကို ကားနဲ႔ ဖမ္းဆီးေခၚေဆာင္ကာ လုံၿခဳံေရးဂိတ္တံခါးကို ကားနဲ႔တိုက္ခ်ိန္ အတြင္းမွာ မီးေလာင္ဗုံးႏွစ္လုံးကိုလည္း ကားေပၚကေန ပစ္ခ်ခဲ့သလို ေသနတ္ပစ္ေဖာက္မႈေတြလည္း လုပ္ေဆာင္ခဲ့ ေၾကာင္း သိရပါတယ္။

ဟမ္းဘက္ၿမိဳ႕ရဲတပ္ဖြဲ႕အႀကီးအကဲက "‌ေသနတ္သမားနဲ႔ေဆြးေႏြးမႈ ေအာင္ျမင္ခဲ့တယ္။ ျပန္ေပးဆြဲမႈဟာ ၿပီးဆုံးသြား ပါတယ္။ ျပန္ေပးဆြဲတဲ့ ေသနတ္သမားဟာ တူရကီဘာသာစကားေျပာဆိုႏိုင္သူျဖစ္တယ္။ ေဆြးေႏြးၿပီးခ်ိန္မွာ ေသနတ္သမားဟာ ကားထဲကေန ကေလးငယ္နဲ႔အတူ ထြက္လာတယ္။ ခုခံမႈမရွိပါဘူး။ ကေလးငယ္ကိုလည္း ျပန္လႊတ္ေပးႏိုင္ခဲ့တယ္။ ေသနတ္သမားဟာ ကေလးငယ္ကို ျပန္ေပးဆြဲခဲ့တဲ့ ဖခင္ျဖစ္ပါတယ္။ ဇနီးျဖစ္သူနဲ႔ သေဘာထားကြဲလြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ သမီးျဖစ္သူကို ေခၚယူခဲ့တာမ်ိဳးျဖစ္တယ္။ ေသနတ္သမားဟာ သမီးငယ္ကို တူရကီႏိုင္ငံကို ေခၚသြားလိုတယ္။ ဇနီးျဖစ္သူက ေသနတ္သမားကို ကေလးငယ္ျပန္ေပးဆြဲ ေခၚယူခဲ့တယ္ဆိုၿပီး တိုင္ၾကားခဲ့တာျဖစ္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.