မန်စီးတီးအသင်းကစားသမားများ၏ စိတ်ဆိုးဒေါသဖြစ်နေခြင်းမှာ ကောင်းမွန်သည့်အချက်တစ်ခုဟု ယုံကြည်ကြောင်း နည်းပြဂွါဒီယိုလာထုတ်ဖော်ပြော

 552

Pika (NP News) - နိုဝင်ဘာ ၆

မန်စီးတီးအသင်းကစားသမားများအနေဖြင့် အသင်း၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရမည်ဆိုပါက ၎င်းတို့သည် စိတ်ဆိုးဒေါသဖြစ်ဖွယ်ရှိနေပြီး အဆိုပါစိတ်ဆိုးဒေါသများက နောက်ပွဲစဉ်အတွက် ခြေစွမ်းပြကစားနိုင်ရန် တွန်းအား တစ်ခုဖြစ်လာမည်ဟု နည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုသည်။

ဘုန်းမောက်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မန်စီးတီးအသင်းတောင်ပံကစားသမားဂျယ်ရီမီဒိုကုသည် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဂျယ်ရီမီဒိုကုသည် ပြီးခဲ့သည့် သီတင်းပတ်က မန်ယူအသင်းကို အနိုင်ရရှိခဲ့သောပွဲတွင် အရန်ခုံတွင်သာထိုင်နေခဲ့ရပြီး ဂျက်ဂရီးလစ်ရှ်က ဝင်ရောက်ကစားခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း နည်းပြဂွါဒီယိုလာသည် ဘုန်းမောက်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဂျက်ဂရီးလစ်ရှ်အစား ဂျယ်ရီမီဒိုကုကို ထည့်သွင်းကစားခဲ့ကြောင်း သိရသည်။

ဂွါဒီယိုလာက "ကျွန်တော် ဂျက်ဂရီးလစ်ရှ်ကို စိတ်ဆိုးနေတဲ့ပုံစံနဲ့ ကောင်းကောင်း ကစားစေချင်ပါတယ်။ ဂျယ်ရီမီဒိုကုဟာလည်း နောက်ဆုံးနှစ်ပွဲမှာ မကစားခဲ့ရတဲ့အတွက် စိတ်ဆိုးပြီး သေချာကစားခဲ့တာပါ။ ဒါဟာ သူတို့ရဲ့ခြေစွမ်းနဲ့ ကစားနိုင်စွမ်းကိုထိန်းထားဖို့ အကောင်းဆုံးအရာတစ်ခုပါပဲ။ ကျွန်တော်တို့အားလုံးကို လိုအပ်ပါ တယ်။ ကျွန်တော်တို့မှာ ကစားဖို့ပွဲစဉ်တွေ အများကြီးကျန်ရှိနေသေးပြီး လူတိုင်းက ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ကစားပွဲတွေကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းလည်း ပျော်ရွှင်ရမှာပါ။ ဒါက ကျွန်တော်တို့လုပ်ကိုလုပ်ရမယ့် အရာတစ်ခုပါပဲ" ဟု ပြောခဲ့သည်။

မန်စီးတီးအသင်းသည် နိုဝင်ဘာလ(၈)ရက်တွင် Young Boys အသင်း နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
မန္စီးတီးအသင္းကစားသမားမ်ား၏ စိတ္ဆိုးေဒါသျဖစ္ေနျခင္းမွာ ေကာင္းမြန္သည့္အခ်က္တစ္ခုဟု ယုံၾကည္ေၾကာင္း နည္းျပဂြါဒီယိုလာထုတ္ေဖာ္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၆

မန္စီးတီးအသင္းကစားသမားမ်ားအေနျဖင့္ အသင္း၏ ပြဲထြက္လူစာရင္းမွ ခ်န္လွပ္ခံရမည္ဆိုပါက ၎တို႔သည္ စိတ္ဆိုးေဒါသျဖစ္ဖြယ္ရွိေနၿပီး အဆိုပါစိတ္ဆိုးေဒါသမ်ားက ေနာက္ပြဲစဥ္အတြက္ ေျခစြမ္းျပကစားႏိုင္ရန္ တြန္းအား တစ္ခုျဖစ္လာမည္ဟု နည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ေျပာဆိုသည္။

ဘုန္းေမာက္အသင္းႏွင့္ ကစားခဲ့သည့္ပြဲတြင္ မန္စီးတီးအသင္းေတာင္ပံကစားသမားဂ်ယ္ရီမီဒိုကုသည္ တစ္ဂိုး သြင္းယူေပးႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ေလးႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။ ဂ်ယ္ရီမီဒိုကုသည္ ၿပီးခဲ့သည့္ သီတင္းပတ္က မန္ယူအသင္းကို အႏိုင္ရရွိခဲ့ေသာပြဲတြင္ အရန္ခုံတြင္သာထိုင္ေနခဲ့ရၿပီး ဂ်က္ဂရီးလစ္ရွ္က ဝင္ေရာက္ကစားခဲ့ေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း နည္းျပဂြါဒီယိုလာသည္ ဘုန္းေမာက္အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ဂ်က္ဂရီးလစ္ရွ္အစား ဂ်ယ္ရီမီဒိုကုကို ထည့္သြင္းကစားခဲ့ေၾကာင္း သိရသည္။

ဂြါဒီယိုလာက "ကြၽန္ေတာ္ ဂ်က္ဂရီးလစ္ရွ္ကို စိတ္ဆိုးေနတဲ့ပုံစံနဲ႔ ေကာင္းေကာင္း ကစားေစခ်င္ပါတယ္။ ဂ်ယ္ရီမီဒိုကုဟာလည္း ေနာက္ဆုံးႏွစ္ပြဲမွာ မကစားခဲ့ရတဲ့အတြက္ စိတ္ဆိုးၿပီး ေသခ်ာကစားခဲ့တာပါ။ ဒါဟာ သူတို႔ရဲ႕ေျခစြမ္းနဲ႔ ကစားႏိုင္စြမ္းကိုထိန္းထားဖို႔ အေကာင္းဆုံးအရာတစ္ခုပါပဲ။ ကြၽန္ေတာ္တို႔အားလုံးကို လိုအပ္ပါ တယ္။ ကြၽန္ေတာ္တို႔မွာ ကစားဖို႔ပြဲစဥ္ေတြ အမ်ားႀကီးက်န္ရွိေနေသးၿပီး လူတိုင္းက ပါဝင္ယွဥ္ၿပိဳင္ရမွာပါ။ ကြၽန္ေတာ္တို႔ကစားပြဲေတြကို ႏိုင္ခဲ့မယ္ဆိုရင္ လူတိုင္းလည္း ေပ်ာ္႐ႊင္ရမွာပါ။ ဒါက ကြၽန္ေတာ္တို႔လုပ္ကိုလုပ္ရမယ့္ အရာတစ္ခုပါပဲ" ဟု ေျပာခဲ့သည္။

မန္စီးတီးအသင္းသည္ ႏိုဝင္ဘာလ(၈)ရက္တြင္ Young Boys အသင္း ႏွင့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.