ဗိုလ်တထောင်မြို့နယ်ရှိ (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၁၀)ဦးထက် မနည်းထိခိုက်ဒဏ်ရာရ

2775
စော (NP News) - နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် (၆)နာရီခွဲအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ (၆)ရပ်ကွက်၊ ဘိုကလေးဈေးအနောက်ဘက်ရှိ (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုအား Level 1 အဆင့်သတ်မှတ်ကာ မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၇)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“မီးလောင်ရတဲ့ အကြောင်းနဲ့ မီးဘယ်ကစလောင်တာလဲ ဆိုတာကို မီးသတ်က စစ်ဆေးနေတုန်းပါ။ မီးလောင်တာက အထပ်မြင့်တိုက်ခန်းပါ။ အပေါ်ထပ်နှစ်ထပ်တော့ လောင်သွားတယ်။ (၄)လွှာက တစ်ထပ်လုံးနီးပါး တော်တော်လောင်သွားတာပါ”ဟု ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မီးလောင်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး အပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၈)ဦး စုစုပေါင်း (၁၃)ဦးကို မီးလောင်မှုဖြစ်စဉ်မှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသား (၇)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၁)ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက NP News ကိုပြောသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ (၄)ထပ္တိုက္အေဆာက္အဦးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူ(၁၀)ဦးထက္ မနည္းထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ႏိုဝင္ဘာ ၁၂
ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ (၄)ထပ္တိုက္အေဆာက္အဦးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူ (၁၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း က႐ုဏာကမ္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၁၂ ရက္)၊ နံနက္ (၆)နာရီခြဲအခ်ိန္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ သိမ္ျဖဴလမ္းမႀကီး၊ (၆)ရပ္ကြက္၊ ဘိုကေလးေဈးအေနာက္ဘက္ရွိ (၄)ထပ္တိုက္အေဆာက္အဦးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ မီးေလာင္မႈအား Level 1 အဆင့္သတ္မွတ္ကာ မီးျငႇိမ္းသတ္ခဲ့ရၿပီး နံနက္ (၇)နာရီဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
“မီးေလာင္ရတဲ့ အေၾကာင္းနဲ႔ မီးဘယ္ကစေလာင္တာလဲ ဆိုတာကို မီးသတ္က စစ္ေဆးေနတုန္းပါ။ မီးေလာင္တာက အထပ္ျမင့္တိုက္ခန္းပါ။ အေပၚထပ္ႏွစ္ထပ္ေတာ့ ေလာင္သြားတယ္။ (၄)လႊာက တစ္ထပ္လုံးနီးပါး ေတာ္ေတာ္ေလာင္သြားတာပါ”ဟု က႐ုဏာကမ္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
မီးေလာင္မႈေၾကာင့္ သက္ႀကီးပိုင္းအမ်ိဳးသမီး အပါအဝင္ အမ်ိဳးသမီး (၅)ဦးႏွင့္ အမ်ိဳးသား (၈)ဦး စုစုေပါင္း (၁၃)ဦးကို မီးေလာင္မႈျဖစ္စဥ္မွ ကယ္ထုတ္ခဲ့ရေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း အမ်ိဳးသား (၇)ဦး ႏွင့္ အမ်ိဳးသမီး (၄)ဦး စုစုေပါင္း (၁၁)ဦး မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့သည့္အတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနသို႔ ပို႔ေဆာင္ကုသေပးခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားက NP News ကိုေျပာသည္။
လက္ရွိတြင္ မီးေလာင္မႈျဖစ္ပြားရျခင္းအေၾကာင္းအရင္း ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားကို သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။