သီးနှံများ၏ မျိုးသစ်များ နှင့် အရည်အသွေးမီမျိုးစေ့များကို ဖြန့်ဖြူးရာတွင် ပြည်ပနိုင်ငံများမှ မျိုးများကို မဖြစ်မနေမှသာ ဝယ်ယူတင်သွင်းသင့်ဟုဆို

651
စော (NP News) - နိုဝင်ဘာ ၁၂
သီးနှံများ၏ မျိုးသစ်များ နှင့် အရည်အသွေးမီမျိုးစေ့များ ဖြန့်ဖြူးရာတွင် ပြည်ပနိုင်ငံများမှ မျိုးများကို မဖြစ်မနေမှသာ ဝယ်ယူတင်သွင်းသင့်ကြောင်း မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့သည်။

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်က ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသော မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူများ မျိုးလိုအပ်ချိန်တွင် လိုအပ်သည့်မျိုးစေ့ပမာဏကို လွယ်ကူစွာဝယ်ယူရရှိနိုင်ရန် အလွယ်တကူချိတ်ဆက်နိုင်မည့် ကွန်ရက်တစ်ခုဖန်တီးပေးရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သီးနှံများ၏ မျိုးသစ်များနှင့် အရည်အသွေးမီမျိုးစေ့များကို ဖြန့်ဖြူးရာတွင်လည်း ပြည်ပနိုင်ငံများမှ မျိုးများကို မဖြစ်မနေမှသာ ဝယ်ယူတင်သွင်းသင့်ပြီး မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာနတက္ကသိုလ်တို့မှ သီးနှံမျိုးသစ်များ၊ မွေးမြူရေးနှင့် မျိုးသန့်ထုတ်လုပ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အစည်းအဝေး၌ သီးနှံခြောက်မျိုး၏ မျိုးသစ်မျိုးဖျား ၄၁ မျိုးကို မျိုးသစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ လိုအပ်သော အချက်အလက် အပြည့်အစုံဖြင့်တင်ပြလာသည့် သီးနှံ ၂၇ မျိုး၏ မျိုးသစ်မျိုးဖျား ၈၉ မျိုးနှင့် မိဘမျိုးလိုင်းရှစ်စုံ စုစုပေါင်းမျိုးသစ် ၁၃၈ မျိုးတို့နှင့်စပ်လျဉ်း၍ မျိုးသစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသည် လက်ရှိအချိန်အထိ လယ်ယာသီးနှံ ၆၄၄ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၇၄၈ မျိုး၊ စက်မှုသီးနှံ ၁၃၂ မျိုးနှင့် မိဘမျိုးလိုင်း ၁၈၇ စုံ စုစုပေါင်း ၁၇၁၁ မျိုးကို မျိုးစေ့မှတ်ပုံတင်များ ထုတ်ပေးထားကြောင်း သိရသည်။

zawgyi version
သီးႏွံမ်ား၏ မ်ိဳးသစ္မ်ား ႏွင့္ အရည္အေသြးမီမ်ိဳးေစ့မ်ားကို ျဖန႔္ျဖဴးရာတြင္ ျပည္ပႏိုင္ငံမ်ားမွ မ်ိဳးမ်ားကို မျဖစ္မေနမွသာ ဝယ္ယူတင္သြင္းသင့္ဟုဆို
ေစာ (NP News) - ႏိုဝင္ဘာ ၁၂
သီးႏွံမ်ား၏ မ်ိဳးသစ္မ်ား ႏွင့္ အရည္အေသြးမီမ်ိဳးေစ့မ်ား ျဖန႔္ျဖဴးရာတြင္ ျပည္ပႏိုင္ငံမ်ားမွ မ်ိဳးမ်ားကို မျဖစ္မေနမွသာ ဝယ္ယူတင္သြင္းသင့္ေၾကာင္း မ်ိဳးေစ့ဆိုင္ရာ အမ်ိဳးသားေကာ္မတီဥကၠ႒ ဒုဝန္ႀကီး ေဒါက္တာတင္ထြဋ္က ေျပာၾကားခဲ့သည္။
မ်ိဳးေစ့ဆိုင္ရာ အမ်ိဳးသားေကာ္မတီဥကၠ႒ ဒုဝန္ႀကီး ေဒါက္တာတင္ထြဋ္က ယမန္ေန႔(ႏိုဝင္ဘာလ ၁၁ ရက္) တြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး၌ က်င္းပေသာ မ်ိဳးေစ့ဆိုင္ရာအမ်ိဳးသားေကာ္မတီ၏ (၂၆) ႀကိမ္ေျမာက္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဒုဝန္ႀကီး ေဒါက္တာတင္ထြဋ္က ေတာင္သူမ်ား မ်ိဳးလိုအပ္ခ်ိန္တြင္ လိုအပ္သည့္မ်ိဳးေစ့ပမာဏကို လြယ္ကူစြာဝယ္ယူရရွိႏိုင္ရန္ အလြယ္တကူခ်ိတ္ဆက္ႏိုင္မည့္ ကြန္ရက္တစ္ခုဖန္တီးေပးရန္ လိုအပ္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ သီးႏွံမ်ား၏ မ်ိဳးသစ္မ်ားႏွင့္ အရည္အေသြးမီမ်ိဳးေစ့မ်ားကို ျဖန႔္ျဖဴးရာတြင္လည္း ျပည္ပႏိုင္ငံမ်ားမွ မ်ိဳးမ်ားကို မျဖစ္မေနမွသာ ဝယ္ယူတင္သြင္းသင့္ၿပီး မိမိတို႔ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာန၊ စိုက္ပ်ိဳး ေရးဦးစီးဌာနတကၠသိုလ္တို႔မွ သီးႏွံမ်ိဳးသစ္မ်ား၊ ေမြးျမဴေရးႏွင့္ မ်ိဳးသန႔္ထုတ္လုပ္ေရးတို႔ကို တိုးျမႇင့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ျပင္ အစည္းအေဝး၌ သီးႏွံေျခာက္မ်ိဳး၏ မ်ိဳးသစ္မ်ိဳးဖ်ား ၄၁ မ်ိဳးကို မ်ိဳးသစ္အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပးႏိုင္ေရးကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အလားတူ လိုအပ္ေသာ အခ်က္အလက္ အျပည့္အစုံျဖင့္တင္ျပလာသည့္ သီးႏွံ ၂၇ မ်ိဳး၏ မ်ိဳးသစ္မ်ိဳးဖ်ား ၈၉ မ်ိဳးႏွင့္ မိဘမ်ိဳးလိုင္းရွစ္စုံ စုစုေပါင္းမ်ိဳးသစ္ ၁၃၈ မ်ိဳးတို႔ႏွင့္စပ္လ်ဥ္း၍ မ်ိဳးသစ္အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပးႏိုင္ေရးကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
မ်ိဳးေစ့ဆိုင္ရာ အမ်ိဳးသားေကာ္မတီသည္ လက္ရွိအခ်ိန္အထိ လယ္ယာသီးႏွံ ၆၄၄ မ်ိဳး၊ ဥယ်ာဥ္ၿခံသီးႏွံ ၇၄၈ မ်ိဳး၊ စက္မႈသီးႏွံ ၁၃၂ မ်ိဳးႏွင့္ မိဘမ်ိဳးလိုင္း ၁၈၇ စုံ စုစုေပါင္း ၁၇၁၁ မ်ိဳးကို မ်ိဳးေစ့မွတ္ပုံတင္မ်ား ထုတ္ေပးထားေၾကာင္း သိရသည္။