စင်ကာပူနိုင်ငံ၊ Geylang မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွား

4085
ရောင်နီ (NP News) - နိုဝင်ဘာ ၁၃
စင်ကာပူနိုင်ငံ၊ Geylang မှာ တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၁၂ ရက်)က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တိုက်ခိုက်သူ အမျိုးသားကို ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ တရုတ်သတင်းဌာန Lianhe Zaobao က ဖော်ပြထားပါတယ်။
စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) နဲ့ ရဲတပ်ဖွဲ့တို့က တနင်္ဂနွေနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ ည ၈ နာရီ ၁၅ မိနစ်ခန့်မှာ 38 Lorong 25 Geylang အနီး ခိုက်ရန်ဖြစ်ပွားမှုအကြောင်း သတင်းပေးချက် လက်ခံရရှိခဲ့ပါတယ်။ တရုတ်သတင်းဌာန Lianhe Zaobao ရဲ့ အဆိုအရ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့ ရန်ဖြစ်တိုက်ခိုက်နေကြတာဖြစ်ပြီး အာဏာပိုင်တွေ ရောက်ရှိလာချိန်မှာတော့ နှစ်ဖက်စလုံးအင်္ကျီဗလာ၊ ဖိနပ်ဗလာနဲ့ ဖြစ်နေခဲ့ပါပြီ။
အသက် ၃၂ နှစ်အရွယ် အမျိုးသားက အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဓားနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရဲအရာရှိတွေက ဆိုပါတယ် ။ အသက် ၄၆ နှစ်အရွယ် အမျိုးသားကတော့ ဒဏ်ရာတွေနဲ့ သတိလစ်သွားခဲ့ပြီး လက်နက်ကိုင်အမျိုးသားကိုတော့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက အမှုကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ Geylang မွာ ဓားကိုင္တိုက္ခိုက္မႈျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၃
စင္ကာပူႏိုင္ငံ၊ Geylang မွာ တနဂၤေႏြေန႔ (ႏိုဝင္ဘာလ ၁၂ ရက္)က အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွ ဓားကိုင္တိုက္ခိုက္မႈ ျဖစ္ခဲ့ၿပီး တိုက္ခိုက္သူ အမ်ိဳးသားကို ဖမ္းဆီးလိုက္ၿပီ ျဖစ္တယ္လို႔ တ႐ုတ္သတင္းဌာန Lianhe Zaobao က ေဖာ္ျပထားပါတယ္။
စင္ကာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) နဲ႔ ရဲတပ္ဖြဲ႕တို႔က တနဂၤေႏြေန႔(ႏိုဝင္ဘာလ ၁၂ ရက္)၊ ည ၈ နာရီ ၁၅ မိနစ္ခန႔္မွာ 38 Lorong 25 Geylang အနီး ခိုက္ရန္ျဖစ္ပြားမႈအေၾကာင္း သတင္းေပးခ်က္ လက္ခံရရွိခဲ့ပါတယ္။ တ႐ုတ္သတင္းဌာန Lianhe Zaobao ရဲ႕ အဆိုအရ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔ ရန္ျဖစ္တိုက္ခိုက္ေနၾကတာျဖစ္ၿပီး အာဏာပိုင္ေတြ ေရာက္ရွိလာခ်ိန္မွာေတာ့ ႏွစ္ဖက္စလုံးအက်ႌဗလာ၊ ဖိနပ္ဗလာနဲ႔ ျဖစ္ေနခဲ့ပါၿပီ။
အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားက အသက္ ၄၂ ႏွစ္အ႐ြယ္ အမ်ိဳးသားကို ဓားနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ရဲအရာရွိေတြက ဆိုပါတယ္ ။ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားကေတာ့ ဒဏ္ရာေတြနဲ႔ သတိလစ္သြားခဲ့ၿပီး လက္နက္ကိုင္အမ်ိဳးသားကိုေတာ့ ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ အာဏာပိုင္ေတြက အမႈကို ဆက္လက္စုံစမ္းေနတယ္လို႔ သိရပါတယ္။