ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်း သယ်ဆောင်သောဖြစ်စဥ်ကို ဖော်ထုတ်နိုင်ခဲ့

 440

ပီယ (NP News) - စက်တင်ဘာ ၁၄
ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်း သယ်ဆောင်သောဖြစ်စဥ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၄ ရက်) တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်၍ ၎င်းတို့ရောက်ရှိ ခိုအောင်းရာနေရာများနှင့် အနီးဝန်းကျင်တွင် လက်နက်ဖြင့်ခြိမ်းခြောက် အကြမ်းဖက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့နှင့်အလိုမတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များလျော့နည်းပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုတို့ ပူပင်ကြောင့်ကြမှုကင်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့၊ ညမပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ သတင်းဆက်စပ်ဖော်ထုတ်ခြင်းများဖြင့်လည်း ဒေသအလိုက်အကြမ်းဖက်မှု လျော့နည်းပပျောက်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ဆောင်မှုကိုဆန့်ကျင်လိုကြသည့် ဒေသခံအချို့၏လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့မှုနှင့် အခြားဆက်စပ်သတင်းဖော်ထုတ်မှုများအရ PDF အမည်ခံအကြမ်းဖက်သမား ဖြစ်သူ သန်းလွင်ဆိုသူသည် ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်း များအား ဖြူးမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ သယ်ဆောင်ကာ ဇယားကျေးရွာအား ဖြတ်သန်း၍ ၎င်းမှတစ်ဆင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အနီး(သို့)ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈/၂ သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တိုင်ကျေးရွာဘက်မှ ညောင်ပင်သာကျေးရွာဘက်သို့ ရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက် သမားသန်းလွင်မောင်းနှင်လာသည့် ယာဉ်အမှတ်၊ RLG / 1412၊ X-Trail အနက်ရောင်လိုင်စင်မဲ့ယာဉ်အား ယာဉ်၏ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင် လာသည့် လက်နက်မျိုးစုံ ၉ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိ ရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမားအား ဝိနည်းဓမ္မကံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူဝတ်လဲ၍ စစ်ဆေးမေးမြန်း သတင်းဆက်စပ်ဖော်ထုတ်ချက်များအရ အဆိုပါလက်နက်ခဲယမ်းများကို လာရောက် ယူဆောင်မည့်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၇/၆ အနီး၊ လမ်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ပြောက်ကျားယူနီဖောင်း ဝတ်ဆင် ထားသူ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားနေချိန်တွင် ဖမ်းဆီးရမိ ရဟန်းသံဃာ အယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမား သန်းလွင်သည် အခွင့်ကောင်းယူ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောကြားခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သန်းလွင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင်ရာဒေသခံများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား ယခုကဲ့သို့အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို အချိန်မီဖမ်းဆီး နိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာသတင်းပေးပို့၍ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ရဟန္းသံဃာအေယာင္ေဆာင္၍ လက္နက္ခဲယမ္း သယ္ေဆာင္ေသာျဖစ္စဥ္ကို ေဖာ္ထုတ္ႏိုင္ခဲ့
ပီယ (NP News) - စက္တင္ဘာ ၁၄
ရဟန္းသံဃာအေယာင္ေဆာင္၍ လက္နက္ခဲယမ္း သယ္ေဆာင္ေသာျဖစ္စဥ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ယေန႔ (စက္တင္ဘာ ၁၄ ရက္) တြင္ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
NUG ႏွင့္ CRPH တို႔၏ ၫႊန္ၾကားမႈျဖင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ေဆာင္ရန္အတြက္ လက္နက္/ခဲယမ္းမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို ပုံစံမ်ိဳးစုံ၊ နည္းလမ္းမ်ိဳးစုံျဖင့္ သယ္ေဆာင္၍ ၎တို႔ေရာက္ရွိ ခိုေအာင္းရာေနရာမ်ားႏွင့္ အနီးဝန္းက်င္တြင္ လက္နက္ျဖင့္ၿခိမ္းေျခာက္ အၾကမ္းဖက္ျခင္း၊ ဆက္ေၾကးေကာက္ခံျခင္း၊ ၎တို႔ႏွင့္အလိုမတူသူမ်ားအား ဖမ္းဆီးသတ္ျဖတ္ျခင္း စသည့္ အဖ်က္အေမွာင့္လုပ္ရပ္မ်ားႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစ ေသာ လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔လုပ္ေဆာင္လ်က္ရွိရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားေလ်ာ့နည္းပေပ်ာက္ေစေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူလူထုတို႔ ပူပင္ေၾကာင့္ၾကမႈကင္းစြာျဖင့္ လုပ္ကိုင္စားေသာက္ႏိုင္ေရးတို႔အတြက္ လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို ေန႔၊ ညမျပတ္ တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ သတင္းဆက္စပ္ေဖာ္ထုတ္ျခင္းမ်ားျဖင့္လည္း ေဒသအလိုက္အၾကမ္းဖက္မႈ ေလ်ာ့နည္းပေပ်ာက္ေစေရးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္။

နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစေသာလုပ္ရပ္ႏွင့္ အၾကမ္းဖက္လုပ္ေဆာင္မႈကိုဆန႔္က်င္လိုၾကသည့္ ေဒသခံအခ်ိဳ႕၏လွ်ိဳ႕ဝွက္ဆက္သြယ္ သတင္းေပးပို႔မႈႏွင့္ အျခားဆက္စပ္သတင္းေဖာ္ထုတ္မႈမ်ားအရ PDF အမည္ခံအၾကမ္းဖက္သမား ျဖစ္သူ သန္းလြင္ဆိုသူသည္ ရဟန္းသံဃာအေယာင္ေဆာင္၍ လက္နက္ခဲယမ္း မ်ားအား ျဖဴးၿမိဳ႕နယ္၊ ေက်ာက္တိုင္ေက်း႐ြာမွ သယ္ေဆာင္ကာ ဇယားေက်း႐ြာအား ျဖတ္သန္း၍ ၎မွတစ္ဆင့္ အုတ္တြင္းၿမိဳ႕နယ္၊ ကြၽဲပြဲၿမိဳ႕အနီး(သို႔)ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ ၁၂၈/၂ သို႔ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ ယေန႔နံနက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျဖဴးၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာအနီး ေစာင့္ဆိုင္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ေက်ာက္တိုင္ေက်း႐ြာဘက္မွ ေညာင္ပင္သာေက်း႐ြာဘက္သို႔ ရဟန္းသံဃာအေယာင္ေဆာင္ PDF အမည္ခံအၾကမ္းဖက္ သမားသန္းလြင္ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္၊ RLG / 1412၊ X-Trail အနက္ေရာင္လိုင္စင္မဲ့ယာဥ္အား ယာဥ္၏ကိုယ္ထည္အတြင္း သိုဝွက္သယ္ေဆာင္ လာသည့္ လက္နက္မ်ိဳးစုံ ၉ လက္၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိ ရဟန္းသံဃာအေယာင္ေဆာင္ PDF အမည္ခံအၾကမ္းဖက္သမားအား ဝိနည္းဓမၼကံဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လူဝတ္လဲ၍ စစ္ေဆးေမးျမန္း သတင္းဆက္စပ္ေဖာ္ထုတ္ခ်က္မ်ားအရ အဆိုပါလက္နက္ခဲယမ္းမ်ားကို လာေရာက္ ယူေဆာင္မည့္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ခဲ့ရာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားသည္ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ ၁၂၇/၆ အနီး၊ လမ္း၏ အေနာက္ဘက္ မီတာ ၁၀၀ ခန႔္အကြာတြင္ ေျပာက္က်ားယူနီေဖာင္း ဝတ္ဆင္ ထားသူ PDF အမည္ခံအၾကမ္းဖက္သမားမ်ားႏွင့္ အျပန္အလွန္ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္သမားမ်ားအေနျဖင့္ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုကဲ့သို႔ အျပန္အလွန္ထိေတြ႕မႈျဖစ္ပြားေနခ်ိန္တြင္ ဖမ္းဆီးရမိ ရဟန္းသံဃာ အေယာင္ေဆာင္ PDF အမည္ခံအၾကမ္းဖက္သမား သန္းလြင္သည္ အခြင့္ေကာင္းယူ ထြက္ေျပးရန္ႀကိဳးစားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရပ္တန႔္ရန္ေျပာၾကားခဲ့ေသာ္လည္း ရပ္တန႔္ျခင္းမရွိေသာေၾကာင့္ ေျခာက္လွန႔္ပစ္ခတ္ခဲ့ရာ သန္းလြင္သည္ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

PDF အမည္ခံအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို သက္ဆိုင္ရာေဒသခံမ်ားအေနျဖင့္ လက္ခံမႈမရွိဘဲ ေၾကာက္႐ြံ႕စိုးရိမ္မႈမ်ား ျဖစ္ေပၚလ်က္ရွိကာ ၎တို႔၏ လႈပ္ရွားမႈသတင္းမ်ားအား ယခုကဲ့သို႔အခ်ိန္မီေပးပို႔ခဲ့မႈေၾကာင့္သာ အဖ်က္ အေမွာင့္လုပ္ရပ္မ်ား လုပ္ေဆာင္မည့္ လက္နက္၊ ခဲယမ္းမ်ားကို အခ်ိန္မီဖမ္းဆီး ႏိုင္ျခင္းျဖစ္ေၾကာင္းႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ား၏ လႈပ္ရွားမႈသတင္းမ်ားရရွိပါက နီးစပ္ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံသို႔ လွ်ိဳ႕ဝွက္စြာသတင္းေပးပို႔၍ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းအတြက္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.