မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ယွန်းထည် မိတ်ဆက်သည့်အခမ်းအနား ကျင်းပ

244
Pearl (NP News) - စက်တင်ဘာ ၁၄
အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle – ASC) ၏ လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ယွန်းထည်ပစ္စည်းများ မိတ်ဆက်သည့် “A Touch of Myanmar Heritage: Making Lacquer Bead Necklaces & Bracelets” အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်က ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အခမ်းအနားတွင်ယွန်းထည်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ မြန်မာ့ယွန်းထည်နှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ခြင်း၊ ယွန်းပုတီးနှင့် လက်ပတ်များပြုလုပ်မှုကို သရုပ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာပတ္တလားဖြင့် တီးခတ်ဖျော်ဖြေခဲ့ကာ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
Zawgyi Version:
ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္သည့္ ယြန္းထည္ မိတ္ဆက္သည့္အခမ္းအနား က်င္းပ
Pearl (NP News) - စက္တင္ဘာ ၁၄
အာဆီယံအမ်ိဳးသမီးအသင္း (ASEAN Spouses’ Circle – ASC) ၏ လႈပ္ရွားမႈအစီအစဥ္တစ္ရပ္အျဖစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ျဖစ္သည့္ ယြန္းထည္ပစၥည္းမ်ား မိတ္ဆက္သည့္ “A Touch of Myanmar Heritage: Making Lacquer Bead Necklaces & Bracelets” အခမ္းအနားက်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားကို ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၂) ရက္က ဝါရွင္တန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
အခမ္းအနားတြင္ယြန္းထည္ပစၥည္းမ်ားကို ခင္းက်င္းျပသျခင္း၊ ျမန္မာ့ယြန္းထည္ႏွင့္ပတ္သက္၍ ရွင္းလင္းမိတ္ဆက္ျခင္း၊ ယြန္းပုတီးႏွင့္ လက္ပတ္မ်ားျပဳလုပ္မႈကို သ႐ုပ္ျပသျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျမန္မာပတၱလားျဖင့္ တီးခတ္ေဖ်ာ္ေျဖခဲ့ကာ ျမန္မာ့႐ိုးရာစားေသာက္ဖြယ္ရာမ်ားျဖင့္ ဧည့္ခံခဲ့ေၾကာင္း သိရသည္။