ချာလီကာ့ခ် လုပ်ကြံခံရမှု သံသယရှိသူကို ဖမ်းဆီးရမိဟု ဆို

 373

Htay Oung (NP News) - စက်တင်ဘာ ၁၄

ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်အား လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲခြင်းခံရသူကို ဖမ်းဆီး ရမိပြီလို့ ယူတားပြည်နယ်အုပ်ချုပ်ရေးမှူး စပင်ဆာကော့ခ်က သတင်းထုတ်ပြန်ကြောင်း “အေပီသတင်းအေဂျင်စီ ” က စက်တင်ဘာလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ည ၁ဝ နာရီ ၃၆ မိနစ်မှာ တိုက်ရိုက် သတင်းထုတ်လွှင့်ပါ တယ်။

အသက် ၂၂ နှစ်အရွယ် တိုင်လာ ရော်ဘင်ဆန်ဟာ ကွန်ဆာဗေးတစ်လှုပ်ရှားမှုအမြင်များကို အပြင်းအထန် ဆန့်ကျင်ကြောင်း ယခင် ပြောဆိုခဲ့ဖူးတယ်လို့ Chatting App မက်ဆေ့များနဲ့အတူ အခန်းဖော်မိတ်ဆွေတစ်ဦးက သတင်းပေးခဲ့ကြောင်း၊ သူတစ်ဦးတည်းက ပြစ်မှုကျူးလွန်တယ်လို့ ယူဆရပြီး အဓိကအထောက်အထားအဖြစ် ကျူးလွန်ရာမှာအသုံးပြုတယ်လို့ယူဆရတဲ့ ရိုင်ဖယ်သေနတ်၊ မပစ်ရသေးတဲ့ကျည်ဆံများကို တွေ့ရှိရကြောင်း၊ ယမ်းတောင့်ဘူးခွံတွင် “ဟေ့ ဖက်ဆစ်. ငါ့ကို မိအောင်ဖမ်း၊ ဒီစာကို မင်းဖတ်နေတယ်ဆိုရင် မင်းစာ လိင်တူချစ်သူပဲ” စာများ ရေးသားထားပြီး၊ နာမည်ကျော် ဖက်ဆစ်ဆန့်ကျင်ရေးသီချင်း “Bella ciao” ကို ရေး ထွင်းထားကြောင်း၊ ဆက်လက်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သေနတ်အမျိုး အစားနဲ့ လည်း ပါဝင်ပြီး ဆုငွေ ဒေါ်လာ တစ်သိန်း ထုတ်ပြန်ထားတဲ့အမှုမှာ နှစ်ရက်အတွင်း သတင်းပေးချက်ပေါင်း ၇,၀၀၀ ကျော် လက်ခံရရှိ တယ်လို့ ဆိုပါတယ်။
FBI မှ တုတ်ပြန်ခဲ့တဲ့ CCTV ဓါတ်ပုံများကို မြင်တွေ့ပြီးနောက် စွပ်စွဲခံရသူရဲ့ဖခင်ဟာ သင်းအုပ်ဆရာတစ်ဦးရဲ့ အကူအညီနဲ့ ကာ့ခ်သတ်ဖြတ်ခံရမှုအတွက် ဖမ်းဆီးခံရန် ဖြောင့်ဖျခဲ့ကြောင်း၊ ရော်ဘင်ဆန်မှာ ညီငယ် ၂-ဦး ရှိပြီး မိဘနှစ်ပါးမှာ အိမ်ထောင်သက် ၂၅ နှစ် ကျော် ရှိပြီဖြစ်ကြောင်း၊ ရော်ဘင်ဆန်ဟာ အစပိုင်းမှာ ငြင်းဆန်ခဲ့ ပေမယ့် နောက်ပိုင်း စိတ်ပြောင်းသွားကြောင်း၊ သင်းအုပ်ဆရာက စွပ်စွဲခံရသူကို အာဏာပိုင်များထံ ကိုယ်တိုင် လာရောက် အပ်နှံကြောင်း၊ သူတို့နေထိုင်ရာ စိန့်ဂျော့ချ်မြို့ ဆင်ခြေဖုံးဟာ အခင်းဖြစ်ပွားရာ ယူတား တက္က သိုလ်ကျောင်းဝင်းမှ မိုင် ၂၆၀ ခရီးခန့် ကွာဝေးကြောင်း၊
ချာလီကာ့ခ် လုပ်ကြံခံရမှု သံသယရှိသူကို ဖမ်းဆီးရမိပြီလို့ သောကြာနေ့ ညနေပိုင်းမှာ သမ္မတဒေါ်နယ်ထ ရမ့်က ပြောပါတယ်။ အမေရိကန်မှာ နိုင်ငံရေးအကြမ်းဖက်မှုများ မြင့်ဆက်နေခိုက် နိုင်ငံရေးနဲ့ဆက်စပ်နေသူ မှန်သမျှ ပစ်မှတ်ဖြစ်နိုင်ပြီး ယခုဖြစ်စဉ်မှာ လုံခြုံရေးဆိုင်ရာ ဟာကွက်များရှိနေတယ်လို့ AP က ရေးပါတယ်။#HtayOung #OungMarine

Zawgyi Version:
ခ်ာလီကာ့ခ္ လုပ္ႀကံခံရမႈ သံသယရွိသူကို ဖမ္းဆီးရမိဟု ဆို
Htay Oung (NP News) - စက္တင္ဘာ ၁၄

ကြန္ဆာေဗးတစ္တက္ႂကြလႈပ္ရွားသူ ခ်ာလီကာ့ခ္အား လုပ္ႀကံသတ္ျဖတ္တယ္လို႔ စြပ္စြဲျခင္းခံရသူကို ဖမ္းဆီး ရမိၿပီလို႔ ယူတားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး စပင္ဆာေကာ့ခ္က သတင္းထုတ္ျပန္ေၾကာင္း “ေအပီသတင္းေအဂ်င္စီ ” က စက္တင္ဘာလ ၁၂ ရက္၊ ျမန္မာစံေတာ္ခ်ိန္ ည ၁ဝ နာရီ ၃၆ မိနစ္မွာ တိုက္႐ိုက္ သတင္းထုတ္လႊင့္ပါ တယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုင္လာ ေရာ္ဘင္ဆန္ဟာ ကြန္ဆာေဗးတစ္လႈပ္ရွားမႈအျမင္မ်ားကို အျပင္းအထန္ ဆန႔္က်င္ေၾကာင္း ယခင္ ေျပာဆိုခဲ့ဖူးတယ္လို႔ Chatting App မက္ေဆ့မ်ားနဲ႔အတူ အခန္းေဖာ္မိတ္ေဆြတစ္ဦးက သတင္းေပးခဲ့ေၾကာင္း၊ သူတစ္ဦးတည္းက ျပစ္မႈက်ဴးလြန္တယ္လို႔ ယူဆရၿပီး အဓိကအေထာက္အထားအျဖစ္ က်ဴးလြန္ရာမွာအသုံးျပဳတယ္လို႔ယူဆရတဲ့ ႐ိုင္ဖယ္ေသနတ္၊ မပစ္ရေသးတဲ့က်ည္ဆံမ်ားကို ေတြ႕ရွိရေၾကာင္း၊ ယမ္းေတာင့္ဘူးခြံတြင္ “ေဟ့ ဖက္ဆစ္. ငါ့ကို မိေအာင္ဖမ္း၊ ဒီစာကို မင္းဖတ္ေနတယ္ဆိုရင္ မင္းစာ လိင္တူခ်စ္သူပဲ” စာမ်ား ေရးသားထားၿပီး၊ နာမည္ေက်ာ္ ဖက္ဆစ္ဆန႔္က်င္ေရးသီခ်င္း “Bella ciao” ကို ေရး ထြင္းထားေၾကာင္း၊ ဆက္လက္စစ္ေဆးေနတယ္လို႔ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ေသနတ္အမ်ိဳး အစားနဲ႔ လည္း ပါဝင္ၿပီး ဆုေငြ ေဒၚလာ တစ္သိန္း ထုတ္ျပန္ထားတဲ့အမႈမွာ ႏွစ္ရက္အတြင္း သတင္းေပးခ်က္ေပါင္း ၇,၀၀၀ ေက်ာ္ လက္ခံရရွိ တယ္လို႔ ဆိုပါတယ္။
FBI မွ တုတ္ျပန္ခဲ့တဲ့ CCTV ဓါတ္ပုံမ်ားကို ျမင္ေတြ႕ၿပီးေနာက္ စြပ္စြဲခံရသူရဲ႕ဖခင္ဟာ သင္းအုပ္ဆရာတစ္ဦးရဲ႕ အကူအညီနဲ႔ ကာ့ခ္သတ္ျဖတ္ခံရမႈအတြက္ ဖမ္းဆီးခံရန္ ေျဖာင့္ဖ်ခဲ့ေၾကာင္း၊ ေရာ္ဘင္ဆန္မွာ ညီငယ္ ၂-ဦး ရွိၿပီး မိဘႏွစ္ပါးမွာ အိမ္ေထာင္သက္ ၂၅ ႏွစ္ ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း၊ ေရာ္ဘင္ဆန္ဟာ အစပိုင္းမွာ ျငင္းဆန္ခဲ့ ေပမယ့္ ေနာက္ပိုင္း စိတ္ေျပာင္းသြားေၾကာင္း၊ သင္းအုပ္ဆရာက စြပ္စြဲခံရသူကို အာဏာပိုင္မ်ားထံ ကိုယ္တိုင္ လာေရာက္ အပ္ႏွံေၾကာင္း၊ သူတို႔ေနထိုင္ရာ စိန႔္ေဂ်ာ့ခ်္ၿမိဳ႕ ဆင္ေျခဖုံးဟာ အခင္းျဖစ္ပြားရာ ယူတား တကၠ သိုလ္ေက်ာင္းဝင္းမွ မိုင္ ၂၆၀ ခရီးခန႔္ ကြာေဝးေၾကာင္း၊
ခ်ာလီကာ့ခ္ လုပ္ႀကံခံရမႈ သံသယရွိသူကို ဖမ္းဆီးရမိၿပီလို႔ ေသာၾကာေန႔ ညေနပိုင္းမွာ သမၼတေဒၚနယ္ထ ရမ့္က ေျပာပါတယ္။ အေမရိကန္မွာ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ား ျမင့္ဆက္ေနခိုက္ ႏိုင္ငံေရးနဲ႔ဆက္စပ္ေနသူ မွန္သမွ် ပစ္မွတ္ျဖစ္ႏိုင္ၿပီး ယခုျဖစ္စဥ္မွာ လုံၿခဳံေရးဆိုင္ရာ ဟာကြက္မ်ားရွိေနတယ္လို႔ AP က ေရးပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.