စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏ အချက်အလက်များပေးပို့ရန် အကြောင်းကြားစာသည် အတုသာဖြစ်ကြောင်း ဖြေရှင်း

7756
စော (NP News) - နိုဝင်ဘာ ၁၈
တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များပေးပို့ရန် အကြောင်းကြားစာသည် အတုသာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကပြောသည်။

၎င်းစာသည် အတုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် မီဒီယာများကို အသိပေးပြောကြားလာခြင်းဖြစ်သည်။
အဆိုပါအကြောင်းကြားစာအတုတွင် နိုင်ငံတော်လုံခြုံရေးအခြေအနေအရ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်တို့တွင် ဖွဲ့စည်းခဲ့သည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များကို ပေးပို့ရမည်ဟု ဖော်ပြထားသည်။
ယင်း အချက်အလက်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ လာမည့် ဒီဇင်ဘာလ(၁၇)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဟုလည်း အကြောင်းကြားစာအတု၌ ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် (၂၀၂၀)ပြည့်နှစ် မတိုင်မီအထိ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ နာမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ လူမျိုး၊ ဘာသာ၊ ဆက်သွယ်ရန်၊ အမြဲတမ်း(လိပ်စာ)တို့ကို အဆင့်မြင့်ပညာရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ် ကြောင်း ၎င်းစာအတု၌ဖော်ပြထားသည်။
လတ်တလောကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ပုဂ္ဂိုလ်ရေးတို့နှင့်ပတ်သက်၍ ကောလာ ဟလသတင်းများကို အချိန်ကိုက်ထုတ်လွှတ်မှုများရှိနေသည့်အတွက် ပြည်သူလူထုအနေဖြင့် သတိပြုကြရန် နစကဘက်ကအသိပေးထားသည်။

zawgyi version
စစ္သင္တန္းတက္ေရာက္ဖူးသည့္ ေက်ာင္းသား/သူမ်ား၏ အခ်က္အလက္မ်ားေပးပို႔ရန္ အေၾကာင္းၾကားစာသည္ အတုသာျဖစ္ေၾကာင္း ေျဖရွင္း
ေစာ (NP News) - ႏိုဝင္ဘာ ၁၈
တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ား၌ စစ္သင္တန္းတက္ေရာက္ဖူးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အခ်က္အလက္မ်ားေပးပို႔ရန္ အေၾကာင္းၾကားစာသည္ အတုသာျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနကေျပာသည္။
၎စာသည္ အတုျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ယေန႔(ႏိုဝင္ဘာလ ၁၈ ရက္)တြင္ မီဒီယာမ်ားကို အသိေပးေျပာၾကားလာျခင္းျဖစ္သည္။
အဆိုပါအေၾကာင္းၾကားစာအတုတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးအေျခအေနအရ တကၠသိုလ္၊ ဒီဂရီေကာလိပ္ ႏွင့္ ေကာလိပ္တို႔တြင္ ဖြဲ႕စည္းခဲ့သည့္ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ား၌ စစ္သင္တန္းတက္ေရာက္ဖူးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အခ်က္အလက္မ်ားကို ေပးပို႔ရမည္ဟု ေဖာ္ျပထားသည္။
ယင္း အခ်က္အလက္မ်ားကို ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္႐ုံးသို႔ လာမည့္ ဒီဇင္ဘာလ(၁၇)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ဟုလည္း အေၾကာင္းၾကားစာအတု၌ ဆက္လက္ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ (၂၀၂၀)ျပည့္ႏွစ္ မတိုင္မီအထိ စစ္သင္တန္းတက္ေရာက္ဖူးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ နာမည္၊ အသက္၊ မွတ္ပုံတင္အမွတ္၊ ပညာအရည္အခ်င္း၊ လူမ်ိဳး၊ ဘာသာ၊ ဆက္သြယ္ရန္၊ အၿမဲတမ္း(လိပ္စာ)တို႔ကို အဆင့္ျမင့္ပညာေရးဦးစီးဌာန(႐ုံးခ်ဳပ္)၊ ေနျပည္ေတာ္သို႔ ေပးပို႔ရမည္ျဖစ္ ေၾကာင္း ၎စာအတု၌ေဖာ္ျပထားသည္။
လတ္တေလာကာလတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရး၊ ပုဂၢိဳလ္ေရးတို႔ႏွင့္ပတ္သက္၍ ေကာလာ ဟလသတင္းမ်ားကို အခ်ိန္ကိုက္ထုတ္လႊတ္မႈမ်ားရွိေနသည့္အတြက္ ျပည္သူလူထုအေနျဖင့္ သတိျပဳၾကရန္ နစကဘက္ကအသိေပးထားသည္။