မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့်ဆက်နွယ်သည့် ထိုင်းလွှတ်တော်အမတ်ကို ငွေကြေးခဝါချမှု အပါအဝင် အခြားစွဲချက်များဖြင့် ထိုင်းအစိုးရတရားစွဲ

1409

Pika (NP News) - ဒီဇင်ဘာ ၁၅
ထိုင်းအစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုဖြင့် အထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို ဒီဇင်ဘာလ(၁၄)ရက်က ရာဇဝတ်တရားရုံးတွင် တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရှေ့နေချုပ်ရုံး(OAG) သည် Upakit Pachariyangkun ကို ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းတွင် ပါဝင်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကွန်ရက်တွင် ပူးပေါင်းကူညီမှု (သို့မဟုတ်) ပူးပေါင်းပါဝင်မှုတို့ ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေး ခဝါချမှုတို့ဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားဦးထွန်းမင်းလတ် နှင့် ဆက်ဆံ ရေးများရှိသည်ဟု စွပ်စွဲခံခဲ့ရကြောင်းလည်း သိရသည်။
Upakit Pachariyangkun သည် ၎င်း၏ ရှေ့နေနှင့်အတူ ဒီဇင်ဘာလ(၁၄)ရက်တွင် တရားရုံးသို့ရောက်ရှိလာခဲ့ပြီး စွဲချက်အားလုံးကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ OAG ပြောရေးဆိုခွင့်ရှိသူ Prayut Phetkhun က "အစိုးရရှေ့နေတွေဟာ Upakit Pachariyangkun ကို တရားမဝင်မူးယစ်ဆေးဝါးများကွန်ရက်တွင် ပါဝင်မှု၊ ကတ်တမင်းဆေးပြားများ တရားမဝင်လက်ဝယ်ထားရှိမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်း များတွင် ပါဝင်မှုနဲ့ အခြားဆက်စပ်အမှုတွေ အပါအဝင် ပြစ်မှု(၆)မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီအမှုကို တရားရုံးက လက်ခံခဲ့ပြီး လာမယ့်နှစ်မေလ(၁၃)ရက်မှာ သက်သေတွေကို စစ်ဆေးဖို့ စီစဉ်ထားပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်မတ်လ(၁၇)ရက်တွင် အသက်(၆၁)နှစ်အရွယ် Upakit Pachariyangkun သည် ၎င်းကို မြန်မာနိုင်ငံသား ဦးထွန်းမင်းလတ်နှင့်ဆက်စပ်သည်ဟု ပြောဆိုခဲ့သော ရှေ့သို့ချီပါတီလွှတ်တော်အမတ် Rangsiman Rome ၏ ပြောဆိုချက်များကို တုံ့ပြန်ပြောဆိုရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့ကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် လည်ပတ်နေသော လျှပ်စစ်ဓါတ်အားပေးဝေရေးလုပ်ငန်းမှတစ်ဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများလုပ်ကာ ငွေကြေးခဝါချမှုများ လုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို Upakit Pachariyangkun က ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။
OAG သည် Upakit Pachariyangkun ၏ အမှုကို စစ်ဆေးရန်အတွက် အကြီးတန်းအစိုးရရှေ့နေ Watcharin Phanurat ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့မှ တွေ့ရှိချက်များ ကို တာဝန်ခံရှေ့နေများထံ တင်ပြကာ OAG ကို အစီရင်ခံစာတင်ပြခဲ့ပြီးနောက် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(ONCB) သည် မူးယစ်ဆေးဝါးကွင်းဆက်များတွင် ပါဝင်မှု၊ ငွေကြေးခဝါချမှုများကဲ့သို့သော စွပ်စွဲချက်များနှင့် ဆက်စပ်နေသော Upakit Pachariyangkun ၏ ပိုင်ဆိုင်မှု ဘတ်(၂၈၅) သန်းကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ(၃ဝ)ရက်တွင် (ONCB) သည် ဘတ်(၄၇၆ ဒသမ ၆) သန်း တန်ဖိုးရှိ နောက်ထပ်ပိုင်ဆိုင်မှုများကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ထြန္းမင္းလတ္ႏွင့္ဆက္ႏြယ္သည့္ ထိုင္းလႊတ္ေတာ္အမတ္ကို ေငြေၾကးခဝါခ်မႈ အပါအဝင္ အျခားစြဲခ်က္မ်ားျဖင့္ ထိုင္းအစိုးရတရားစြဲ
Pika (NP News) - ဒီဇင္ဘာ ၁၅
ထိုင္းအစိုးရေရွ႕ေနမ်ားသည္ ေငြေၾကးခဝါခ်မႈ၊ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္အဖြဲ႕အစည္းမ်ားကို ကူညီေထာက္ပံ့မႈျဖင့္ အထက္လႊတ္ေတာ္အမတ္ Upakit Pachariyangkun ကို ဒီဇင္ဘာလ(၁၄)ရက္က ရာဇဝတ္တရား႐ုံးတြင္ တရားစြဲဆိုမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ေရွ႕ေနခ်ဳပ္႐ုံး(OAG) သည္ Upakit Pachariyangkun ကို ေငြေၾကးခဝါခ်မႈ၊ ႏိုင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈဆိုင္ရာ အဖြဲ႕အစည္းတြင္ ပါဝင္မႈ၊ တရားမဝင္ မူးယစ္ေဆးဝါးကြန္ရက္တြင္ ပူးေပါင္းကူညီမႈ (သို႔မဟုတ္) ပူးေပါင္းပါဝင္မႈတို႔ ျဖင့္ စြဲခ်က္တင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ တရားစြဲဆိုမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္လႊတ္ေတာ္အမတ္ Upakit Pachariyangkun သည္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈ၊ ေငြေၾကး ခဝါခ်မႈတို႔ျဖင့္ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ ဖမ္းဆီးခံခဲ့ရေသာ ျမန္မာႏိုင္ငံသားဦးထြန္းမင္းလတ္ ႏွင့္ ဆက္ဆံ ေရးမ်ားရွိသည္ဟု စြပ္စြဲခံခဲ့ရေၾကာင္းလည္း သိရသည္။
Upakit Pachariyangkun သည္ ၎၏ ေရွ႕ေနႏွင့္အတူ ဒီဇင္ဘာလ(၁၄)ရက္တြင္ တရား႐ုံးသို႔ေရာက္ရွိလာခဲ့ၿပီး စြဲခ်က္အားလုံးကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ OAG ေျပာေရးဆိုခြင့္ရွိသူ Prayut Phetkhun က "အစိုးရေရွ႕ေနေတြဟာ Upakit Pachariyangkun ကို တရားမဝင္မူးယစ္ေဆးဝါးမ်ားကြန္ရက္တြင္ ပါဝင္မႈ၊ ကတ္တမင္းေဆးျပားမ်ား တရားမဝင္လက္ဝယ္ထားရွိမႈ၊ ေငြေၾကးခဝါခ်မႈ၊ ႏိုင္ငံျဖတ္ေက်ာ္ရာဇဝတ္အဖြဲ႕အစည္း မ်ားတြင္ ပါဝင္မႈနဲ႔ အျခားဆက္စပ္အမႈေတြ အပါအဝင္ ျပစ္မႈ(၆)မႈနဲ႔ တရားစြဲဆိုထားပါတယ္။ ဒီအမႈကို တရား႐ုံးက လက္ခံခဲ့ၿပီး လာမယ့္ႏွစ္ေမလ(၁၃)ရက္မွာ သက္ေသေတြကို စစ္ေဆးဖို႔ စီစဥ္ထားပါတယ္" ဟု ေျပာခဲ့သည္။
ၿပီးခဲ့သည့္မတ္လ(၁၇)ရက္တြင္ အသက္(၆၁)ႏွစ္အ႐ြယ္ Upakit Pachariyangkun သည္ ၎ကို ျမန္မာႏိုင္ငံသား ဦးထြန္းမင္းလတ္ႏွင့္ဆက္စပ္သည္ဟု ေျပာဆိုခဲ့ေသာ ေရွ႕သို႔ခ်ီပါတီလႊတ္ေတာ္အမတ္ Rangsiman Rome ၏ ေျပာဆိုခ်က္မ်ားကို တုံ႔ျပန္ေျပာဆိုရန္အတြက္ သတင္းစာရွင္းလင္းပြဲတစ္ခုကို က်င္းပခဲ့ေၾကာင္းလည္း သိရသည္။
ထိုင္း-ျမန္မာနယ္စပ္တြင္ လည္ပတ္ေနေသာ လွ်ပ္စစ္ဓါတ္အားေပးေဝေရးလုပ္ငန္းမွတစ္ဆင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမ်ားလုပ္ကာ ေငြေၾကးခဝါခ်မႈမ်ား လုပ္ခဲ့သည္ဆိုသည့္ စြပ္စြဲခ်က္မ်ားကို Upakit Pachariyangkun က ျငင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
OAG သည္ Upakit Pachariyangkun ၏ အမႈကို စစ္ေဆးရန္အတြက္ အႀကီးတန္းအစိုးရေရွ႕ေန Watcharin Phanurat ဦးေဆာင္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ အဆိုပါအဖြဲ႕မွ ေတြ႕ရွိခ်က္မ်ား ကို တာဝန္ခံေရွ႕ေနမ်ားထံ တင္ျပကာ OAG ကို အစီရင္ခံစာတင္ျပခဲ့ၿပီးေနာက္ စြဲခ်က္တင္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္လတြင္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕(ONCB) သည္ မူးယစ္ေဆးဝါးကြင္းဆက္မ်ားတြင္ ပါဝင္မႈ၊ ေငြေၾကးခဝါခ်မႈမ်ားကဲ့သို႔ေသာ စြပ္စြဲခ်က္မ်ားႏွင့္ ဆက္စပ္ေနေသာ Upakit Pachariyangkun ၏ ပိုင္ဆိုင္မႈ ဘတ္(၂၈၅) သန္းကို သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ႏိုဝင္ဘာလ(၃ဝ)ရက္တြင္ (ONCB) သည္ ဘတ္(၄၇၆ ဒသမ ၆) သန္း တန္ဖိုးရွိ ေနာက္ထပ္ပိုင္ဆိုင္မႈမ်ားကို ထပ္မံသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။