ဗင်နီဇွဲလားမြေပေါ်တွင် စစ်ဆင်ရေးများလုပ်ဆောင်ရန် စီအိုင်အေကို ခွင့်ပြုထားကြောင်း ဒေါ်နယ်ထရမ့် အတည်ပြု

 154

Pika - (NP News) - အောက်တိုဘာလ ၂ဝ
ဗင်နီဇွဲလားမြေပေါ်တွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန် စီအိုင်အေကိုခွင့်ပြုထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြော ဆိုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် ဗင်နီဇွဲလားမြေပေါ်တွင် သေစေလောက် သည့်စစ်ဆင်ရေးများကို လုပ်ဆောင်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း New York Times သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ ဗင်နီဇွဲလားအစိုးရသည် မူးယစ်ဆေးဝါး အကြမ်းဖက်သမားဂိုဏ်းများကို လည်ပတ် ခွင့်ပြုထားပြီး အမေရိကန်တွင် မူးယစ်ဆေးဝါးများ ပျံ့နှံ့အောင်လုပ်ဆောင်နေကြောင်း အမေရိကန်အစိုးရက စွပ်စွဲပြောဆိုခဲ့ သည်။
ထို့ပြင် ဗင်နီဇွဲလားမြေပေါ်တွင် စစ်ဆင် ရေးများလုပ်ဆောင်ရန် စီအိုင်အေအဖွဲ့ကို ဘာကြောင့်ခွင့်ပြုထား သလဲဆိုသည့် သတင်းထောက်များ ၏မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့်က "တကယ်တော့ အကြောင်းပြချက်နှစ်ခုအတွက် ကျွန်တော်ခွင့်ပြုထားတာပါ။ နံပါတ်(၁)ကတော့ ဗင်နီဇွဲ လားနိုင်ငံဟာ အကြမ်းဖက်သမားတွေကို ရှိနေခွင့်ပြု ထားလို့ပါ။ ဒုတိယတစ်ချက်ကတော့ မူးယစ်ဆေးဝါး တွေကြောင့်ပါ။ ဗင်နီဇွဲလားကနေ ကျွန်တော်တို့ဆီကို မူးယစ်ဆေးဝါးတွေ အများအပြားဝင်လာနေပါတယ်။ ဗင်နီဇွဲလားရဲ့ မူးယစ်ဆေးဝါးအများစုက ပင်လယ်ကို ဖြတ်ပြီးလာကြတာမို့လို့ ပင်လယ်ပြင်မှာ တားဆီးမှု တွေလုပ်ဆောင်နေတာပါ။ ပြီးတော့ ဗင်နီဇွဲလားကလာ တဲ့မူးယစ်ဆေးဝါးတွေကို မြေပြင်ကနေလည်း တား ဆီးသွားမှာပါ"ဟုပြောဆိုခဲ့သည်။
သို့သော်လည်း ဗင်နီဇွဲလားသမ္မတနီကို လက်စ်မာဒူရိုကို ဖယ်ရှားရှင်းလင်းပစ်ရန် စီအိုင်အေ အဖွဲ့ကို ခွင့်ပြုထားခြင်းမျိုး ရှိ/မရှိကို ရှင်းပြရန် ဒေါ် နယ်ထရမ့်က ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။ ဒေါ် နယ်ထရမ့်က " ဒီလိုမေးခွန်းမျိုးကို ကျွန်တော်မဖြေချင် ပါဘူး။ ဒါက ကျွန်တော့်အတွက် ဖြေရမှာ ရယ်စရာ ကောင်းနေတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ် " ဟုပြော ဆိုခဲ့သည်။ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်တွင် စစ်သင်္ဘောများကို အမေရိကန်က ဖြန့်ကြက်ချထားခဲ့ သည့် ပြီးခဲ့သည့်စက်တင်ဘာလမှစတင်ပြီး အမေရိ ကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလားနိုင်ငံမှတစ်ဆင့် မူး ယစ်ဆေးဝါးမှောင်ခိုကူးနေသည်ဟုယူဆရသော သင်္ဘောအနည်းဆုံး(၅)စင်းကို ဖျက်ဆီးပစ်ခဲ့ ကြောင်းသိရသည်။

Zawgyi Version:
ဗင္နီဇြဲလားေျမေပၚတြင္ စစ္ဆင္ေရးမ်ားလုပ္ေဆာင္ရန္ စီအိုင္ေအကို ခြင့္ျပဳထားေၾကာင္း ေဒၚနယ္ထရမ့္ အတည္ျပဳ
Pika - (NP News) - ေအာက္တိုဘာလ ၂ဝ
ဗင္နီဇြဲလားေျမေပၚတြင္ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ရန္ စီအိုင္ေအကိုခြင့္ျပဳထားေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အတည္ျပဳေျပာ ဆိုခဲ့သည္။ အဆိုပါဆုံးျဖတ္ခ်က္သည္ ဗင္နီဇြဲလားေျမေပၚတြင္ ေသေစေလာက္ သည့္စစ္ဆင္ေရးမ်ားကို လုပ္ေဆာင္ခြင့္ျပဳလိမ့္မည္ျဖစ္ေၾကာင္း New York Times သတင္းစာက ေရးသား ေဖာ္ျပခဲ့သည္။ ဗင္နီဇြဲလားအစိုးရသည္ မူးယစ္ေဆးဝါး အၾကမ္းဖက္သမားဂိုဏ္းမ်ားကို လည္ပတ္ ခြင့္ျပဳထားၿပီး အေမရိကန္တြင္ မူးယစ္ေဆးဝါးမ်ား ပ်ံ႕ႏွံ႔ေအာင္လုပ္ေဆာင္ေနေၾကာင္း အေမရိကန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ သည္။
ထို႔ျပင္ ဗင္နီဇြဲလားေျမေပၚတြင္ စစ္ဆင္ ေရးမ်ားလုပ္ေဆာင္ရန္ စီအိုင္ေအအဖြဲ႕ကို ဘာေၾကာင့္ခြင့္ျပဳထား သလဲဆိုသည့္ သတင္းေထာက္မ်ား ၏ေမးခြန္းမ်ားကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။ ေဒၚနယ္ထရမ့္က "တကယ္ေတာ့ အေၾကာင္းျပခ်က္ႏွစ္ခုအတြက္ ကြၽန္ေတာ္ခြင့္ျပဳထားတာပါ။ နံပါတ္(၁)ကေတာ့ ဗင္နီဇြဲ လားႏိုင္ငံဟာ အၾကမ္းဖက္သမားေတြကို ရွိေနခြင့္ျပဳ ထားလို႔ပါ။ ဒုတိယတစ္ခ်က္ကေတာ့ မူးယစ္ေဆးဝါး ေတြေၾကာင့္ပါ။ ဗင္နီဇြဲလားကေန ကြၽန္ေတာ္တို႔ဆီကို မူးယစ္ေဆးဝါးေတြ အမ်ားအျပားဝင္လာေနပါတယ္။ ဗင္နီဇြဲလားရဲ႕ မူးယစ္ေဆးဝါးအမ်ားစုက ပင္လယ္ကို ျဖတ္ၿပီးလာၾကတာမို႔လို႔ ပင္လယ္ျပင္မွာ တားဆီးမႈ ေတြလုပ္ေဆာင္ေနတာပါ။ ၿပီးေတာ့ ဗင္နီဇြဲလားကလာ တဲ့မူးယစ္ေဆးဝါးေတြကို ေျမျပင္ကေနလည္း တား ဆီးသြားမွာပါ"ဟုေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း ဗင္နီဇြဲလားသမၼတနီကို လက္စ္မာဒူ႐ိုကို ဖယ္ရွားရွင္းလင္းပစ္ရန္ စီအိုင္ေအ အဖြဲ႕ကို ခြင့္ျပဳထားျခင္းမ်ိဳး ရွိ/မရွိကို ရွင္းျပရန္ ေဒၚ နယ္ထရမ့္က ျငင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။ ေဒၚ နယ္ထရမ့္က " ဒီလိုေမးခြန္းမ်ိဳးကို ကြၽန္ေတာ္မေျဖခ်င္ ပါဘူး။ ဒါက ကြၽန္ေတာ့္အတြက္ ေျဖရမွာ ရယ္စရာ ေကာင္းေနတဲ့ ေမးခြန္းတစ္ခုပဲျဖစ္ပါတယ္ " ဟုေျပာ ဆိုခဲ့သည္။ ဗင္နီဇြဲလားကမ္းလြန္ပင္လယ္ျပင္တြင္ စစ္သေဘၤာမ်ားကို အေမရိကန္က ျဖန႔္ၾကက္ခ်ထားခဲ့ သည့္ ၿပီးခဲ့သည့္စက္တင္ဘာလမွစတင္ၿပီး အေမရိ ကန္တပ္ဖြဲ႕မ်ားသည္ ဗင္နီဇြဲလားႏိုင္ငံမွတစ္ဆင့္ မူး ယစ္ေဆးဝါးေမွာင္ခိုကူးေနသည္ဟုယူဆရေသာ သေဘၤာအနည္းဆုံး(၅)စင္းကို ဖ်က္ဆီးပစ္ခဲ့ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.