တရုတ်နိုင်ငံထုတ် J-10 တိုက်လေယာဉ်ကို ဝယ်ယူရန် အင်ဒိုနီးရှား စီစဉ်နေ

316

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂ဝ
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ထုတ် J-10 တိုက်လေယာဉ်ကို ဝယ်ယူရန်စီစဉ် လျက်ရှိနေကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဌာန၏တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက် သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့စစ်တပ်ကို ခေတ်မီစေရန် ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် တရုတ် နိုင်ငံထုတ် စစ်ဘက်သုံးတိုက်လေယာဉ်များကို ပထမဆုံးအကြိမ် ဝယ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက အင်ဒိုနီးရှား နိုင်ငံ၏ စစ်တပ်ကိုခေတ်မီစေရန်အတွက် တရုတ် နိုင်ငံထုတ် J-10 တိုက်လေယာဉ်ကို မကြာမီ ဝယ်ယူ မည်ဖြစ်ကြောင်းပြောသည်။အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးက " မကြာမီမှာ တရုတ်နိုင်ငံထုတ် J-10 တိုက်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံကို ပျံသန်းလာ တော့မှာပါ" ဟုပြောသည်။ အင်ဒိုနီးရှား
ကာကွယ် ရေးဝန်ကြီးသည် အဆိုပါ တရုတ်နိုင်ငံထုတ် J-10 တိုက်လေယာဉ် ဝယ်ယူမည့်အချိန်အပြင် ကုန်ကျစရိတ်တန်ဖိုးကိုအသေးစိတ်ဖော်ပြခြင်းမျိုးမရှိကြောင်းသိရသည်။ အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံထုတ် J-10 တိုက်လေ ယာဉ်ကို ဝယ်ယူနိုင်ရန်အတွက် အင်ဒိုနီးရှားကာ ကွယ်ရေးဝန်ကြီးဌာနကိုအမေရိကန်ဒေါ်လာ (၉)ဘီလျံ အသုံးပြုခွင့်ပေးထားကြောင်းပြောသည်။ တရုတ်နိုင်ငံထုတ် J-10 တိုက်လေယာဉ်ကို (၂၀ဝ၂)ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး မတူညီသော မျိုးကွဲပေါင်း အနည်းဆုံး (၅) ခုရှိနေကြောင်းသိရသည်။ တရုတ် နိုင်ငံထုတ် J-10 တိုက်လေယာဉ်များကို တရုတ်နိုင်ငံ အပြင် ပါကစ္စတန်နိုင်ငံတို့က ပိုင်ဆိုင်အသုံးပြုလျက် ရှိနေပြီးပါကစ္စတန်စစ်တပ်သည် အိန္ဒိယနိုင်ငံနှင့် ဖြစ်ပွားသော စစ်ပွဲတွင် J-10 အမျိုးအစားတိုက် လေ ယာဉ်များကို အဓိကထားအသုံးပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း J-10 အမျိုးအစားတိုက်လေယာဉ်များကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြောင်းသိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္ကို ဝယ္ယူရန္ အင္ဒိုနီးရွား စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၂ဝ
အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ ထုတ္ J-10 တိုက္ေလယာဥ္ကို ဝယ္ယူရန္စီစဥ္ လ်က္ရွိေနေၾကာင္း အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီး ဌာန၏တာဝန္ရွိသူတစ္ဦးကထုတ္ေဖာ္ေျပာဆိုလိုက္ သည္။ အင္ဒိုနီးရွားႏိုင္ငံသည္ ၎တို႔စစ္တပ္ကို ေခတ္မီေစရန္ ႀကိဳးပမ္းမႈအစိတ္အပိုင္းအျဖစ္ တ႐ုတ္ ႏိုင္ငံထုတ္ စစ္ဘက္သုံးတိုက္ေလယာဥ္မ်ားကို ပထမဆုံးအႀကိမ္ ဝယ္ယူရန္စီစဥ္ေနျခင္းျဖစ္သည္။ အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးက အင္ဒိုနီးရွား ႏိုင္ငံ၏ စစ္တပ္ကိုေခတ္မီေစရန္အတြက္ တ႐ုတ္ ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္ကို မၾကာမီ ဝယ္ယူ မည္ျဖစ္ေၾကာင္းေျပာသည္။အင္ဒိုနီးရွားကာကြယ္ေရး ဝန္ႀကီးက " မၾကာမီမွာ တ႐ုတ္ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္ဟာ အင္ဒိုနီးရွားႏိုင္ငံကို ပ်ံသန္းလာ ေတာ့မွာပါ" ဟုေျပာသည္။ အင္ဒိုနီးရွား
ကာကြယ္ ေရးဝန္ႀကီးသည္ အဆိုပါ တ႐ုတ္ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္ ဝယ္ယူမည့္အခ်ိန္အျပင္ ကုန္က်စရိတ္တန္ဖိုးကိုအေသးစိတ္ေဖာ္ျပျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ အင္ဒိုနီးရွားဘ႑ာေရးဝန္ႀကီးဌာနက ၎တို႔အေနျဖင့္ တ႐ုတ္ႏိုင္ငံထုတ္ J-10 တိုက္ေလ ယာဥ္ကို ဝယ္ယူႏိုင္ရန္အတြက္ အင္ဒိုနီးရွားကာ ကြယ္ေရးဝန္ႀကီးဌာနကိုအေမရိကန္ေဒၚလာ (၉)ဘီလ်ံ အသုံးျပဳခြင့္ေပးထားေၾကာင္းေျပာသည္။ တ႐ုတ္ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္ကို (၂၀ဝ၂)ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ၿပီး မတူညီေသာ မ်ိဳးကြဲေပါင္း အနည္းဆုံး (၅) ခုရွိေနေၾကာင္းသိရသည္။ တ႐ုတ္ ႏိုင္ငံထုတ္ J-10 တိုက္ေလယာဥ္မ်ားကို တ႐ုတ္ႏိုင္ငံ အျပင္ ပါကစၥတန္ႏိုင္ငံတို႔က ပိုင္ဆိုင္အသုံးျပဳလ်က္ ရွိေနၿပီးပါကစၥတန္စစ္တပ္သည္ အိႏၵိယႏိုင္ငံႏွင့္ ျဖစ္ပြားေသာ စစ္ပြဲတြင္ J-10 အမ်ိဳးအစားတိုက္ ေလ ယာဥ္မ်ားကို အဓိကထားအသုံးျပဳခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဘဂၤလားေဒရွ႕္ႏိုင္ငံကလည္း J-10 အမ်ိဳးအစားတိုက္ေလယာဥ္မ်ားကို ဝယ္ယူရန္ စိတ္ဝင္စားလ်က္ရွိေနေၾကာင္းသိရသည္။