ယူ ၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကန့်သတ်ချက်ကျော်လွန်သည့် ကစားသမားများကို ထုတ်ပယ်ကာ အနိုင်ရလဒ်များကို ဖျက်သိမ်းခဲ့

 1181

သန့်ဇင် (NP News) - ဇန်နဝါရီ ၆

FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ကျော်လွန်နေသည့် ကစားသမား(၄)ဦးကို ထုတ်ပယ်ကာ အနိုင်ရလဒ်များကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အသိပေးထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇန်နဝါရီလ ၄ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

ဗဟန်းအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ကျင်းပနေသည့် FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုကျရှုံးသည့် ကစားသမား(၄)ဦးကို ပါဝင်ကစားခွင့်ပယ်ဖျက်ခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အသက်စိစစ်ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင် ကစားသမား မှတ်ပုံတင် စာရွက်စာတမ်းများ၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီး အစီရင်ခံစာများကို ကြည့်ရှုသုံးသပ်ပြီး သံသယဖြစ်ဖွယ် ကစားသမားများ၏ ဆေးစစ်မှုရလဒ်များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေးယူခံရသည့် ကစားသမား(၄)ဦးသည် Shwe Pyi Thar FC မှ (၁)ဦး၊ Phar Si Myay FC မှ (၁)ဦး၊ Burmese Youth FC မှ (၁)ဦး နှင့် Artharwady FC မှ(၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

“အသက်(၁၇)နှစ်ထက်ကြီးတဲ့ ကစားသမားတွေကို ထုတ်ပယ်တာပါ။ အရေးယူခံရရင်လည်း အဲဒီအသင်းကပဲကုန်ကျစရိတ်ကို တာဝန်ယူပြီးအရေးယူခံရတာပါ။ အသင်းလိုက်အရေးယူမှုကိုပဲ ပိုပြီးလုပ်ဆောင်ပါတယ်။ ခုချိန်မှာတော့ ယူ ၁၇ မှာပဲ အရေးယူတာ ရှိပါတယ် ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယူ ၁၇ လိဂ် ပြိုင်ပွဲ ပထမပတ်ပွဲစဉ် ၁၊ ၂ တို့မှ Phar Si Myay FC နှင့် Artharwady FC တို့၏ ပွဲစဉ်အနိုင်ရလဒ်များအား ပြန်လည်ပယ်ဖျက်သိမ်းလိုက်ကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် သက်ဆိုင်ရာ အသင်းအုပ်ချုပ်ရေးနည်းပြအဖွဲ့ဝင်များကို ယခုကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်ပွားစေရေးအတွက် သတိပေးထားကြောင်း MFF က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှကျင်းပသော လူငယ်ပြိုင်ပွဲများတွင် မရိုးသားစွာဖြင့် အသက်မှန်ကန်မှုမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင် ကစားမှုများ စစ် ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားဖြစ်ကြောင်းလည်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။

zawgyi version
ယူ ၁၇ လိဂ္ၿပိဳင္ပြဲမွ အသက္ကန႔္သတ္ခ်က္ေက်ာ္လြန္သည့္ ကစားသမားမ်ားကို ထုတ္ပယ္ကာ အႏိုင္ရလဒ္မ်ားကို ဖ်က္သိမ္းခဲ့

သန႔္ဇင္ (NP News) - ဇန္နဝါရီ ၆

FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ္ၿပိဳင္ပြဲတြင္ အသက္ကန႔္သတ္ခ်က္ေက်ာ္လြန္ေနသည့္ ကစားသမား(၄)ဦးကို ထုတ္ပယ္ကာ အႏိုင္ရလဒ္မ်ားကို ဖ်က္သိမ္းလိုက္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)မွ အသိေပးထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ဇန္နဝါရီလ ၄ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္လိုက္ျခင္းျဖစ္ သည္။

ဗဟန္းအားကစားကြင္းႏွင့္ ေလ့က်င့္ေရးကြင္း(၁)တို႔တြင္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္မွ စတင္က်င္းပေနသည့္ FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ္ၿပိဳင္ပြဲတြင္ အသက္စစ္ေဆးမႈက်ရႈံးသည့္ ကစားသမား(၄)ဦးကို ပါဝင္ကစားခြင့္ပယ္ဖ်က္ျခင္းႏွင့္ အေရးယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ရွိ စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီသည္ အသက္စိစစ္ေရးအဖြဲ႕၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားႏွင့္ ၿပိဳင္ပြဲဝင္ ကစားသမား မွတ္ပုံတင္ စာ႐ြက္စာတမ္းမ်ား၊ ၿပိဳင္ပြဲႀကီးၾကပ္ႏွင့္ ဒိုင္လူႀကီး အစီရင္ခံစာမ်ားကို ၾကည့္ရႈသုံးသပ္ၿပီး သံသယျဖစ္ဖြယ္ ကစားသမားမ်ား၏ ေဆးစစ္မႈရလဒ္မ်ားအား စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ အထက္ပါကဲ့သို႔ အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေရးယူခံရသည့္ ကစားသမား(၄)ဦးသည္ Shwe Pyi Thar FC မွ (၁)ဦး၊ Phar Si Myay FC မွ (၁)ဦး၊ Burmese Youth FC မွ (၁)ဦး ႏွင့္ Artharwady FC မွ(၁)ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

“အသက္(၁၇)ႏွစ္ထက္ႀကီးတဲ့ ကစားသမားေတြကို ထုတ္ပယ္တာပါ။ အေရးယူခံရရင္လည္း အဲဒီအသင္းကပဲကုန္က်စရိတ္ကို တာဝန္ယူၿပီးအေရးယူခံရတာပါ။ အသင္းလိုက္အေရးယူမႈကိုပဲ ပိုၿပီးလုပ္ေဆာင္ပါတယ္။ ခုခ်ိန္မွာေတာ့ ယူ ၁၇ မွာပဲ အေရးယူတာ ရွိပါတယ္ ”ဟု ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယူ ၁၇ လိဂ္ ၿပိဳင္ပြဲ ပထမပတ္ပြဲစဥ္ ၁၊ ၂ တို႔မွ Phar Si Myay FC ႏွင့္ Artharwady FC တို႔၏ ပြဲစဥ္အႏိုင္ရလဒ္မ်ားအား ျပန္လည္ပယ္ဖ်က္သိမ္းလိုက္ေၾကာင္းလည္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ သက္ဆိုင္ရာ အသင္းအုပ္ခ်ဳပ္ေရးနည္းျပအဖြဲ႕ဝင္မ်ားကို ယခုကဲ့သို႔ ျဖစ္ရပ္မ်ိဳးမျဖစ္ပြားေစေရးအတြက္ သတိေပးထားေၾကာင္း MFF က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္မွက်င္းပေသာ လူငယ္ၿပိဳင္ပြဲမ်ားတြင္ မ႐ိုးသားစြာျဖင့္ အသက္မွန္ကန္မႈမရွိဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္ ကစားမႈမ်ား စစ္ ေဆးေတြ႕ရွိပါက ျပင္းထန္စြာ အေရးယူသြားျဖစ္ေၾကာင္းလည္း စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ထုတ္ျပန္ေၾကညာထားသည္။

Related news

© 2021. All rights reserved.