မင်းဘူးမြို့တွင် လုပ်ငန်းခွင်၌ထိခိုက်မိ၍ မျက်လုံးကွယ်သွားသောအလုပ်သမားအား အကျိုးခံစားခွင့် ကျပ်သိန်း ၄၀ နီးပါးပေးအပ်

 4018

ကျော်(NP News) - ဇန်နဝါရီ ၉

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ လုပ်ငန်းခွင်၌ ထိခိုက်မိသည့်အလုပ်သမားတစ်ဦးအား အမြဲတမ်းမသန်စွမ်း မှုနှင့်ဆိုင်သော အကျိုးခံစားခွင့် ငွေကျပ်သိန်း ၄၀ နီးပါးအား မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးမှ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်)ကပေးအပ်ခဲ့ကြောင်း သိရသည်။

အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သော အကျိုးခံစားခွင့်ရရှိသူသည် မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေတွင် အလုပ်လုပ်ကိုင်နေသော အာမခံအလုပ်သမား ဦးဝေလင်းထွန်းဖြစ်ကြောင်း သိရသည်။

ဦးဝေလင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ ည ၉ နာရီခန့်က ထောက်ရှာပင်- ထန်းကိုင်း-ရေနံမရေနံမြေရှိ ကမ်းနီဒေသ၏ တွင်းအမှတ်(၂၆၈)၌ Pumping Unit ခုတ်မောင်းရန် 400 V O/H Line Connection ပေးနေစဉ် ဒန်းကြိုးဖြင့်ရိုက်ခတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒန်းကြိုးနဲ့ရိုက်မိသွားတဲ့အတွက် ဦးဝေလင်းထွန်းရဲ့ ဘယ်ဘက်မျက်လုံးကိုထိခိုက်မိသွားတယ်။ ထိခိုက်မိတဲ့အရှိန်နဲ့ မျက်လုံးကွယ်သွားခဲ့ပါတယ်။ လုပ်အားဆုံးရှုံးမှုက ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းပါ။ ဒါကြောင့် (၇)နှစ်စာ အမြဲတမ်းမသန်စွမ်းမှုနဲ့ဆိုင်တဲ့ ငွေလုံးငွေရင်းအကျိုးခံစားခွင့်ပေးအပ်ခဲ့တာပါ"ဟု မင်းဘူးမြို့နယ်လူမှုဖူလုံရေးရုံး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၃၈ သိန်းကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

zawgyi version
မင္းဘူးၿမိဳ႕တြင္ လုပ္ငန္းခြင္၌ထိခိုက္မိ၍ မ်က္လုံးကြယ္သြားေသာအလုပ္သမားအား အက်ိဳးခံစားခြင့္ က်ပ္သိန္း ၄၀ နီးပါးေပးအပ္

ေက်ာ္(NP News) - ဇန္နဝါရီ ၉

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္ရွိ လုပ္ငန္းခြင္၌ ထိခိုက္မိသည့္အလုပ္သမားတစ္ဦးအား အၿမဲတမ္းမသန္စြမ္း မႈႏွင့္ဆိုင္ေသာ အက်ိဳးခံစားခြင့္ ေငြက်ပ္သိန္း ၄၀ နီးပါးအား မင္းဘူးၿမိဳ႕နယ္ လူမႈဖူလုံေရး႐ုံးမွ ယမန္ေန႔ (ဇန္နဝါရီလ ၈ ရက္)ကေပးအပ္ခဲ့ေၾကာင္း သိရသည္။

အၿမဲတမ္းမသန္စြမ္းမႈႏွင့္ဆိုင္ေသာ အက်ိဳးခံစားခြင့္ရရွိသူသည္ မင္းဘူးၿမိဳ႕ရွိ ၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံး၌ အက်ဳံးဝင္မွတ္ပုံတင္ထားေသာ ေထာက္ရွာပင္-ထန္းကိုင္း-ေရနံမေရနံေျမတြင္ အလုပ္လုပ္ကိုင္ေနေသာ အာမခံအလုပ္သမား ဦးေဝလင္းထြန္းျဖစ္ေၾကာင္း သိရသည္။

ဦးေဝလင္းထြန္းသည္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္၊ ည ၉ နာရီခန႔္က ေထာက္ရွာပင္- ထန္းကိုင္း-ေရနံမေရနံေျမရွိ ကမ္းနီေဒသ၏ တြင္းအမွတ္(၂၆၈)၌ Pumping Unit ခုတ္ေမာင္းရန္ 400 V O/H Line Connection ေပးေနစဥ္ ဒန္းႀကိဳးျဖင့္႐ိုက္ခတ္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒန္းႀကိဳးနဲ႔႐ိုက္မိသြားတဲ့အတြက္ ဦးေဝလင္းထြန္းရဲ႕ ဘယ္ဘက္မ်က္လုံးကိုထိခိုက္မိသြားတယ္။ ထိခိုက္မိတဲ့အရွိန္နဲ႔ မ်က္လုံးကြယ္သြားခဲ့ပါတယ္။ လုပ္အားဆုံးရႈံးမႈက ၃၃ ဒသမ ၃၃ ရာခိုင္ႏႈန္းပါ။ ဒါေၾကာင့္ (၇)ႏွစ္စာ အၿမဲတမ္းမသန္စြမ္းမႈနဲ႔ဆိုင္တဲ့ ေငြလုံးေငြရင္းအက်ိဳးခံစားခြင့္ေပးအပ္ခဲ့တာပါ"ဟု မင္းဘူးၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံး၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ထို႔ေၾကာင့္ မေကြးတိုင္းေဒသႀကီးလူမႈဖူလုံေရး႐ုံးမွ အၿမဲတမ္းမသန္စြမ္းမႈႏွင့္ ဆိုင္သည့္ ေငြလုံးေငြရင္းအက်ိဳးခံစားခြင့္ ေငြက်ပ္ ၃၈ သိန္းေက်ာ္အား ေပးအပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.