အင်ဒိုနီးရှားနိုင်ငံမှာ လီဝိုတိုဘီလာကီ - လာကီ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

 219

ရောင်နီ(NP News) - ဇွန် ၁၈

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း နူဆာတန်ဂါရာ ပြည်နယ်၊ လီဝိုတိုဘီလာကီ-လာကီ မီးတောင်ကြီး ဇွန် ၁၇ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အမြင့် ၁၁ ကီလိုမီတာထိ ပြာတွေလွင့်စင်ကာ ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံရဲ့ မီးတောင်စောင့်ကြည့်ရေး အေဂျင်စီက ပြောကြားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ချော်ရည်တွေ စီးဆင်းလာနိုင်ဖွယ် ရှိတာကြောင့် မီးတောင်သတိပေးချက် အဆင့်ကို အန္တရာယ်အရှိဆုံးအဖြစ် မြှင့်တင်ထားတယ်လို့ အေဂျင်စီက ပြောကြားပါတယ်။ ဇွန်လ ၁၇ ရက်က အေဂျင်စီမှ မျှဝေထားတဲ့ ဓာတ်ပုံတွေမှာ မှိုပွင့်ပုံသဏ္ဍာန်ရှိတဲ့ လိမ္မော်ရောင် ပြာတိမ်တိုက်ကြီး ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ပေါက်ကွဲမှုကြောင့် လေကြောင်းလိုင်းတွေ ရပ်တန့်ထားမှု ရှိ၊ မရှိတော့ မသိရသေးပါဘူး။ မတ်လက ဖြစ်ပွားခဲ့တဲ့ လီဝိုတိုဘီလာကီ-လာကီ မီးတောင်ပေါက်ကွဲမှုမှာတော့ Australia's Jetstar ၊ Qantas Airways အပါအဝင် ဘာလီကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံမွာ လီဝိုတိုဘီလာကီ - လာကီ မီးေတာင္ ေပါက္ကြဲမႈ ျဖစ္ပြား
ေရာင္နီ(NP News) - ဇြန္ ၁၈

အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္း ႏူဆာတန္ဂါရာ ျပည္နယ္၊ လီဝိုတိုဘီလာကီ-လာကီ မီးေတာင္ႀကီး ဇြန္ ၁၇ ရက္က ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး အျမင့္ ၁၁ ကီလိုမီတာထိ ျပာေတြလြင့္စင္ကာ ေပါက္ကြဲခဲ့တယ္လို႔ ႏိုင္ငံရဲ႕ မီးေတာင္ေစာင့္ၾကည့္ေရး ေအဂ်င္စီက ေျပာၾကားပါတယ္။

မိုးသည္းထန္စြာ ႐ြာသြန္းတဲ့အခါ ေခ်ာ္ရည္ေတြ စီးဆင္းလာႏိုင္ဖြယ္ ရွိတာေၾကာင့္ မီးေတာင္သတိေပးခ်က္ အဆင့္ကို အႏၲရာယ္အရွိဆုံးအျဖစ္ ျမႇင့္တင္ထားတယ္လို႔ ေအဂ်င္စီက ေျပာၾကားပါတယ္။ ဇြန္လ ၁၇ ရက္က ေအဂ်င္စီမွ မွ်ေဝထားတဲ့ ဓာတ္ပုံေတြမွာ မႈိပြင့္ပုံသ႑ာန္ရွိတဲ့ လိေမၼာ္ေရာင္ ျပာတိမ္တိုက္ႀကီး ျဖစ္ေပၚေနတာကို ေတြ႕ရပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ေလေၾကာင္းလိုင္းေတြ ရပ္တန႔္ထားမႈ ရွိ၊ မရွိေတာ့ မသိရေသးပါဘူး။ မတ္လက ျဖစ္ပြားခဲ့တဲ့ လီဝိုတိုဘီလာကီ-လာကီ မီးေတာင္ေပါက္ကြဲမႈမွာေတာ့ Australia's Jetstar ၊ Qantas Airways အပါအဝင္ ဘာလီကို ပ်ံသန္းမယ့္ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.