ပုဂံတွင် ဟိုတယ်များတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြန်လည်စတင်ရန် ဆောင်ရွက်နေ

725
သုတကျော် (NP News) - ဇန်နဝါရီ ၁၀
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြန်လည် စတင်ရန် ဆောင်ရွက်နေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News သတင်းဌာနကို ပြောသည်။

ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာ (မူကြမ်း)တွင် ပါရှိသည့်တင်ပြချက်များနှင့်ပတ်သက်သည့် အစည်း အဝေးကို ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်တို့တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပထမ အကြိမ်ပဲ ရှိသေးတယ်။ ဘာမှ ရလဒ်မရသေးဘူး။ ဟိုတယ်လုပ်ငန်းရှင်တွေ နဲ့ ဌာနဆိုင်ရာတွေ အကြို ဆွေးနွေးတာပဲရှိသေးတယ်။ ဒုတိယအကြိမ် ဘယ်တော့ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးဘူး။ အဓိကတော့ ဒီဟာအတွက် ကော်မတီတစ်ခုဖွဲ့ထားတယ်။ ဟိုတယ်ခရီးက ဒုညွှန်ချုပ်ရယ်၊ ရှေးဟောင်းဘက်က ဒုညွှန်ချုပ်ရယ်ပါတာ ဖွဲ့ထားတာ။ အဲဒီ ကော်မတီကနေ မဟာဗျူဟာကို ရေးမှာ။ ဒါက ပထမအကြိမ်လုပ်တဲ့ အစည်းအဝေးပါ” ဟု ဦးကျော်မျိုးဝင်းက ပြောသည်။
ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းစဉ်က ဟိုတယ်နှင့်ပတ်သက်သည့် ပုဂံဒေသဆိုင်ရာဟိုတယ် မဟာဗျူဟာ ရေးဆွဲရေးစီမံကိန်း(Bagan Hotel Strategy)ရေးဆွဲဆောင်ရွက်ရန် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် သြစတြေးလျ နိုင်ငံသား Dr. Richard Mackay ကို ၂၀၂၀ ခုနှစ်မှစတင်၍ ငှားရမ်း ရေးဆွဲစေခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် “Bagan Hotel Scoping Study” မူကြမ်းကို ကမ္ဘာ့အမွေအနှစ် ကော်မ တီသို့ ပေးပို့ရသည့် နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ကာ Bagan Hotel Strategy ကို ပြီးပြည့်စုံစွာဖြင့် အပြီးသတ်ရေးဆွဲသွားမည်ဟုလည်း ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ ကတိကဝတ်ပြုထားကြောင်း သိရသည်။
ရေးဆွဲနေသည့် Bagan Hotel Strategy မပြီးမီ ဟိုတယ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းများကို မဆောင်ရွက်ရန် ပညာရှင် Dr. Richard Mackay က မေတ္တာရပ်ခံထားရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့ တွေ့ဆုံပူးပေါင်း၍ ရပ်နားထားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ပုဂံဒေသတွင် ဟိုတယ်များ ဆောက်လုပ်လာမှု အခြေအနေကို တွေ့ရှိရသည့်အတွက် Bagan Hotel Strategy ပြီးစီးအောင် ရေးဆွဲရန်လိုအပ်လာပြီဖြစ်ကြောင်းလည်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
Bagan Hotel Strategy သည် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ် ဆောင်ခြင်းဖြစ်ကာ ကောင်းမွန်သော စီမံခန့်ခွဲမှုအတွက် အသေးစိတ်ရေးဆွဲမည်ဖြစ်ပြီး Bagan Hotel Strategy မူကြမ်းကို ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင် ရွက်ရေးကော်မတီ Bagan National Coordinating Committee – BAGANCOM) နှင့် နိုင်ငံတော်အဆင့်အထိတင်ပြပြီးနောက် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
ပုဂံတြင္ ဟိုတယ္မ်ား တည္ေဆာက္ျခင္းႏွင့္ပတ္သက္ ၍ ပုဂံေဒသဆိုင္ရာ ဟိုတယ္မဟာဗ်ဴဟာေရးဆြဲေရး လုပ္ငန္းကို ျပန္လည္စတင္ရန္ ေဆာင္႐ြက္ေန
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၀
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ ဟိုတယ္မ်ား တည္ေဆာက္ျခင္းႏွင့္ပတ္သက္၍ ပုဂံေဒသဆိုင္ရာ ဟိုတယ္မဟာဗ်ဴဟာေရးဆြဲေရးလုပ္ငန္းကို ျပန္လည္ စတင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ပုဂံဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News သတင္းဌာနကို ေျပာ သည္။
ပုဂံေဒသဆိုင္ရာ ဟိုတယ္မဟာဗ်ဴဟာ (မူၾကမ္း)တြင္ ပါရွိသည့္တင္ျပခ်က္မ်ားႏွင့္ပတ္သက္သည့္ အစည္း အေဝးကို ဇန္နဝါရီလ ၈ ရက္ ႏွင့္ ၉ ရက္တို႔တြင္ ပုဂံေရွးေဟာင္းသုေတသနျပတိုက္၌ က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
“ပထမ အႀကိမ္ပဲ ရွိေသးတယ္။ ဘာမွ ရလဒ္မရေသးဘူး။ ဟိုတယ္လုပ္ငန္းရွင္ေတြ နဲ႔ ဌာနဆိုင္ရာေတြ အႀကိဳ ေဆြးေႏြးတာပဲရွိေသးတယ္။ ဒုတိယအႀကိမ္ ဘယ္ေတာ့ လုပ္မယ္ဆိုတာ မသတ္မွတ္ရေသးဘူး။ အဓိကေတာ့ ဒီဟာအတြက္ ေကာ္မတီတစ္ခုဖြဲ႕ထားတယ္။ ဟိုတယ္ခရီးက ဒုၫႊန္ခ်ဳပ္ရယ္၊ ေရွးေဟာင္းဘက္က ဒုၫႊန္ခ်ဳပ္ရယ္ပါတာ ဖြဲ႕ထားတာ။ အဲဒီ ေကာ္မတီကေန မဟာဗ်ဴဟာကို ေရးမွာ။ ဒါက ပထမအႀကိမ္လုပ္တဲ့ အစည္းအေဝးပါ” ဟု ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။
ပုဂံေဒသအား ကမာၻ႔အေမြအႏွစ္တင္သြင္းစဥ္က ဟိုတယ္ႏွင့္ပတ္သက္သည့္ ပုဂံေဒသဆိုင္ရာဟိုတယ္ မဟာဗ်ဴဟာ ေရးဆြဲေရးစီမံကိန္း(Bagan Hotel Strategy)ေရးဆြဲေဆာင္႐ြက္ရန္ ဟိုတယ္လုပ္ငန္းပိုင္းဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ၾသစေၾတးလ် ႏိုင္ငံသား Dr. Richard Mackay ကို ၂၀၂၀ ခုႏွစ္မွစတင္၍ ငွားရမ္း ေရးဆြဲေစခဲ့ၿပီး ၂၀၂၀ ခုႏွစ္၊ ဇြန္လတြင္ “Bagan Hotel Scoping Study” မူၾကမ္းကို ကမာၻ႔အေမြအႏွစ္ ေကာ္မ တီသို႔ ေပးပို႔ရသည့္ ႏွစ္စဥ္အစီရင္ခံစာတြင္ ထည့္သြင္းေဖာ္ျပခဲ့ကာ Bagan Hotel Strategy ကို ၿပီးျပည့္စုံစြာျဖင့္ အၿပီးသတ္ေရးဆြဲသြားမည္ဟုလည္း ကမာၻ႔အေမြ အႏွစ္ေကာ္မတီသို႔ ကတိကဝတ္ျပဳထားေၾကာင္း သိရသည္။
ေရးဆြဲေနသည့္ Bagan Hotel Strategy မၿပီးမီ ဟိုတယ္တည္ေဆာက္ျခင္း၊ ျပင္ဆင္ျခင္းမ်ားကို မေဆာင္႐ြက္ရန္ ပညာရွင္ Dr. Richard Mackay က ေမတၱာရပ္ခံထားရာ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဦးေဆာင္ၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဝန္ႀကီးဌာနတို႔ ေတြ႕ဆုံပူးေပါင္း၍ ရပ္နားထားခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ပုဂံေဒသတြင္ ဟိုတယ္မ်ား ေဆာက္လုပ္လာမႈ အေျခအေနကို ေတြ႕ရွိရသည့္အတြက္ Bagan Hotel Strategy ၿပီးစီးေအာင္ ေရးဆြဲရန္လိုအပ္လာၿပီျဖစ္ေၾကာင္းလည္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ သိရသည္။
Bagan Hotel Strategy သည္ ပုဂံကမာၻ႔ အေမြအႏွစ္ေဒသ၏ အနာဂတ္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လုပ္ ေဆာင္ျခင္းျဖစ္ကာ ေကာင္းမြန္ေသာ စီမံခန႔္ခြဲမႈအတြက္ အေသးစိတ္ေရးဆြဲမည္ျဖစ္ၿပီး Bagan Hotel Strategy မူၾကမ္းကို ပုဂံေဒသအမ်ိဳးသားအဆင့္ပူးေပါင္းေဆာင္ ႐ြက္ေရးေကာ္မတီ Bagan National Coordinating Committee – BAGANCOM) ႏွင့္ ႏိုင္ငံေတာ္အဆင့္အထိတင္ျပၿပီးေနာက္ ကမာၻ႔အေမြအႏွစ္ ေကာ္မတီသို႔ ဆက္လက္တင္ျပရမည္ျဖစ္ေၾကာင္းလည္း သိရသည္။