ရော်နယ်အရိုဟိုအတွက် ဘိုင်ယန်မြူးနစ်အသင်းထံမှ ယူရိုသန်း(၁ဝဝ)ကမ်းလှမ်းမှုကို မျှော်လင့်နေတဲ့ ဘာစီလိုနာ

 974

Pika (NP News) - ဇန်နဝါရီ ၁၂

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာဒေကိုသည် ၎င်းတို့အသင်း၏ နောက်ခံလူ ရော်နယ်အရိုဟိုအတွက် ဘိုင်ယန်မြူးနစ်အသင်းထံမှ ကမ်းလှမ်းမှုများကို မျှော်လင့်နေကြောင်းလည်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းအတွက် အရေးပါသော ရော်နယ်အရိုဟိုကို ခေါ်ယူရန် ယခင်တည်းက စိတ်ဝင်စားနေခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ရော်နယ်အရိုဟိုသည် အပြောင်းအရွှေ့များကို ငြင်းဆိုထားသော်လည်း ဘာစီလိုနာအသင်းသည် ၎င်းကို လက်ရှိနွေရာသီအပြောင်းအရွှေ့ ကာလတွင် ယူရိုသန်း(၁ဝဝ) ဖြင့် ရောင်းချရန်ပြင်ဆင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

"အပြောင်းအရွှေ့ကာလတိုင်းမှာ ဒီလိုကောလဟာလတွေကတော့ အမြဲရှိနေပါတယ်။ ဒါကပုံမှန်ပါပဲ။ ကျွန်တော် ပြောနိုင်တဲ့တစ်ခုတည်းသောအရာကတော့ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတာပါပဲ။ ဒီအသင်းမှာ ကစားရတာကို ကျွန်တော်တကယ်ပျော်ပါတယ်။ ပြီးတော့ ဒီအသင်းအတွက် အမြဲတမ်းအကောင်းဆုံးကစားပေးနိုင်ဖို့လည်း ကျွန်တော်ကြိုးစားနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ကောလဟာလတွေကတော့ ထွက်စမြဲပါပဲ။ ဒီနွေရာသီမှာ မန်ယူအသင်းနဲ့ပြောဆိုမှုတွေရှိခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းအတွက်ပဲ ကျွန်တော်အာရုံစိုက်နေပါတယ်။ ဒီအသင်းအတွက် အမြဲတမ်း(၁ဝဝ) ရာခိုင်နှုန်း အပြည့်ပေးသွားနိုင်ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ေရာ္နယ္အ႐ိုဟိုအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းထံမွ ယူ႐ိုသန္း(၁ဝဝ)ကမ္းလွမ္းမႈကို ေမွ်ာ္လင့္ေနတဲ့ ဘာစီလိုနာ
Pika (NP News) - ဇန္နဝါရီ ၁၂

ဘာစီလိုနာအသင္း အားကစားဒါ႐ိုက္တာေဒကိုသည္ ၎တို႔အသင္း၏ ေနာက္ခံလူ ေရာ္နယ္အ႐ိုဟိုအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းထံမွ ကမ္းလွမ္းမႈမ်ားကို ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။

ဘိုင္ယန္ျမဴးနစ္အသင္းသည္ ဘာစီလိုနာအသင္းအတြက္ အေရးပါေသာ ေရာ္နယ္အ႐ိုဟိုကို ေခၚယူရန္ ယခင္တည္းက စိတ္ဝင္စားေနခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။ ေရာ္နယ္အ႐ိုဟိုသည္ အေျပာင္းအေ႐ႊ႕မ်ားကို ျငင္းဆိုထားေသာ္လည္း ဘာစီလိုနာအသင္းသည္ ၎ကို လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ ကာလတြင္ ယူ႐ိုသန္း(၁ဝဝ) ျဖင့္ ေရာင္းခ်ရန္ျပင္ဆင္ေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။

"အေျပာင္းအေ႐ႊ႕ကာလတိုင္းမွာ ဒီလိုေကာလဟာလေတြကေတာ့ အၿမဲရွိေနပါတယ္။ ဒါကပုံမွန္ပါပဲ။ ကြၽန္ေတာ္ ေျပာႏိုင္တဲ့တစ္ခုတည္းေသာအရာကေတာ့ ဘာစီလိုနာအသင္းအတြက္ အေကာင္းဆုံးကစားေပးႏိုင္ဖို႔ အာ႐ုံစိုက္ေနတယ္ဆိုတာပါပဲ။ ဒီအသင္းမွာ ကစားရတာကို ကြၽန္ေတာ္တကယ္ေပ်ာ္ပါတယ္။ ၿပီးေတာ့ ဒီအသင္းအတြက္ အၿမဲတမ္းအေကာင္းဆုံးကစားေပးႏိုင္ဖို႔လည္း ကြၽန္ေတာ္ႀကိဳးစားေနပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္တိုင္းမွာ ေကာလဟာလေတြကေတာ့ ထြက္စၿမဲပါပဲ။ ဒီေႏြရာသီမွာ မန္ယူအသင္းနဲ႔ေျပာဆိုမႈေတြရွိခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းအတြက္ပဲ ကြၽန္ေတာ္အာ႐ုံစိုက္ေနပါတယ္။ ဒီအသင္းအတြက္ အၿမဲတမ္း(၁ဝဝ) ရာခိုင္ႏႈန္း အျပည့္ေပးသြားႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားသြားမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.