ရုရှားနိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် နစက၏ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဖိတ်ကြားထား

720
Pearl (NP News) - ဇန်နဝါရီ ၁၇
ရုရှားနိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် နစက၏ UEC ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို ဖိတ်ကြားထားကြောင်း နစက ၏ အချက်အလက်များအရသိရသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သောအဖွဲ့တို့သည် ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဉ် ရုရှားသံအမတ်ကြီးက လာမည့် မတ်လအတွင်း ကျင်းပမည့် ရုရှားနိုင်ငံ၏ရွေးကောက်ပွဲကို UEC ဥက္ကဋ္ဌ နှင့် ကော်မရှင်မှ အဆင့်မြင့်ကိုယ်စားလှယ်များ လာရောက် လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လေ့လာရေးခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ နှင့် မြန်မာ နှင့် ရုရှား နှစ်နိုင်ငံကြား ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ရုရားနိုင်ငံ၏ ရွေးကောက်ပွဲကို လာမည့် မတ်လ (၁၅) ရက်မှ မတ်လ (၁၇) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ကာလအတွင်းက နစက၏ ရွေးကောက်ပွဲကော်မရှင် နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့ကြား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။
zawgyi version
႐ုရွားႏိုင္ငံေ႐ြးေကာက္ပြဲသို႔ လာေရာက္ေလ့လာရန္ နစက၏ UEC ဥကၠ႒ ႏွင့္အဖြဲ႕ဝင္မ်ားကို ဖိတ္ၾကားထား
Pearl (NP News) - ဇန္နဝါရီ ၁၇
႐ုရွားႏိုင္ငံေ႐ြးေကာက္ပြဲသို႔ လာေရာက္ေလ့လာရန္ နစက၏ UEC ဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ားကို ဖိတ္ၾကားထားေၾကာင္း နစက ၏ အခ်က္အလက္မ်ားအရသိရသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုး ႏွင့္ ႐ုရွားႏိုင္ငံသံအမတ္ႀကီး H.E. Mr. Iskander Azizov ဦးေဆာင္ေသာအဖြဲ႕တို႔သည္ ယမန္ေန႔ (ဇန္နဝါရီလ ၁၆ ရက္) တြင္ ေနျပည္ေတာ္ရွိ ေကာ္မရွင္႐ုံး၌ ေတြ႕ဆုံခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႐ုရွားသံအမတ္ႀကီးက လာမည့္ မတ္လအတြင္း က်င္းပမည့္ ႐ုရွားႏိုင္ငံ၏ေ႐ြးေကာက္ပြဲကို UEC ဥကၠ႒ ႏွင့္ ေကာ္မရွင္မွ အဆင့္ျမင့္ကိုယ္စားလွယ္မ်ား လာေရာက္ ေလ့လာရန္ ဖိတ္ၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေလ့လာေရးခရီးစဥ္အတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္မည့္အေျခအေနမ်ား ႏွင့္ ျမန္မာ ႏွင့္ ႐ုရွား ႏွစ္ႏိုင္ငံၾကား ေ႐ြးေကာက္ပြဲဆိုင္ရာမ်ားႏွင့္ စပ္လ်ဥ္း၍ ေရွ႕ဆက္ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။
႐ုရားႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို လာမည့္ မတ္လ (၁၅) ရက္မွ မတ္လ (၁၇) ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ကာလအတြင္းက နစက၏ ေ႐ြးေကာက္ပြဲေကာ္မရွင္ ႏွင့္ ႐ုရွားႏိုင္ငံ၊ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ၾကား ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးခဲ့သည္။