အိန္ဒိယနဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေကို ခြံစည်းရိုးခတ်သွားမယ်လို့ အိန္ဒိယအစိုးရပြော

 975

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၁

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်မှာ ခြံစည်းရိုးခတ်သွားမှာဖြစ်တယ်လို့ အိန္ဒိယပြည်ထဲရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယဗဟိုအစိုးရဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်မှာ ခြံစည်းရိုးခတ်ထားသလိုမျိုး မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဒေသတွေမှာလည်း ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသတွေကို လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ပေးထာခြင်းကိုလည်း ပြန်လည် သုံးသပ်ပြီးနောက် အဆုံးသတ်တော့မှာဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့နယ်စပ်ဒေသမှာ နယ်နိမိတ်ချင်း ၁ဝ၂ဝ မိုင် ထိစပ်နေကြောင်း သိရပါတယ်။ အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသကနေ ၁ဝ မိုင်အတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပေးထားတဲ့ သဘောတူညီချက်တွေ ရရှိထားပြီး၊ အဲဒီသဘောတူညီချက်တွေကို လက်ရှိအချိန်မှာတော့ ပြန်လည်သုံးသပ်ပြီး ဖျက်သိမ်းတော့မှာဖြစ်ကြောင်း အိန္ဒိယအစိုးရဘက် က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ အာဏာအငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲများဖြစ်လာခဲ့တဲ့ အတွက် မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ဒေသကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းကို နေရပ်စွန့်ခွာသွားရောက် နေထိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြန်မာတပ်မတော်သား တွေဟာ အိန္ဒိယဘက်ခြမ်းကို ဆုတ်ခွာမှုတွေလည်းရှိနေခဲ့ပြီး ဒီသီတင်းပတ်အတွင်းမှာ မြန်မာတပ်မတော်သား ၃ဝဝ နီးပါး အိန္ဒိယဘက်ခြမ်းကို ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အိႏၵိယနဲ႔ ျမန္မာႏိုင္ငံနယ္စပ္ေဒသေတြကို ၿခံစည္း႐ိုးခတ္သြားမယ္လို႔ အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၁

အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံနယ္စပ္ေဒသတစ္ေလွ်ာက္မွာ ၿခံစည္း႐ိုးခတ္သြားမွာျဖစ္တယ္လို႔ အိႏၵိယျပည္ထဲေရး ဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိႏၵိယဗဟိုအစိုးရဟာ အိႏၵိယနဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္မွာ ၿခံစည္း႐ိုးခတ္ထားသလိုမ်ိဳး ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံ နယ္စပ္ေဒသေတြမွာလည္း ၿခံစည္း႐ိုးခတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ အိႏၵိယျပည္ထဲေရး ဝန္ႀကီး Amit Shah က ေျပာပါတယ္။

ဒါ့အျပင္ အိႏၵိယနဲ႔ ျမန္မာနယ္စပ္ေဒသေတြကို လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္ေပးထာျခင္းကိုလည္း ျပန္လည္ သုံးသပ္ၿပီးေနာက္ အဆုံးသတ္ေတာ့မွာျဖစ္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။

အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ေဒသမွာ နယ္နိမိတ္ခ်င္း ၁ဝ၂ဝ မိုင္ ထိစပ္ေနေၾကာင္း သိရပါတယ္။ အိႏၵိယ နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ နယ္စပ္ေဒသကေန ၁ဝ မိုင္အတြင္း လြတ္လပ္စြာသြားလာလႈပ္ရွားခြင့္ေပးထားတဲ့ သေဘာတူညီခ်က္ေတြ ရရွိထားၿပီး၊ အဲဒီသေဘာတူညီခ်က္ေတြကို လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္သုံးသပ္ၿပီး ဖ်က္သိမ္းေတာ့မွာျဖစ္ေၾကာင္း အိႏၵိယအစိုးရဘက္ က ေျပာပါတယ္။

ျမန္မာႏိုင္ငံဘက္ျခမ္းမွာ အာဏာအျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္တိုက္ပြဲမ်ားျဖစ္လာခဲ့တဲ့ အတြက္ ျမန္မာႏိုင္ငံသားေတြဟာ နယ္စပ္ေဒသကိုျဖတ္သန္းၿပီး အိႏၵိယႏိုင္ငံဘက္ျခမ္းကို ေနရပ္စြန႔္ခြာသြားေရာက္ ေနထိုင္ခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာနယ္စပ္ေဒသမွာ ျဖစ္ပြားေနတဲ့တိုက္ပြဲေတြေၾကာင့္ ျမန္မာတပ္မေတာ္သား ေတြဟာ အိႏၵိယဘက္ျခမ္းကို ဆုတ္ခြာမႈေတြလည္းရွိေနခဲ့ၿပီး ဒီသီတင္းပတ္အတြင္းမွာ ျမန္မာတပ္မေတာ္သား ၃ဝဝ နီးပါး အိႏၵိယဘက္ျခမ္းကို ဆုတ္ခြာခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.