ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသော အီရန်ငါးဖမ်းသင်္ဘောကို အိန္ဒိယရေတပ်က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ဟုဆို

 2256

Pika (NP News) - ဇန်နဝါရီ ၃ဝ

ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသော အီရန်ငါးဖမ်းသင်္ဘောကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ဇန်နဝါရီလ(၃ဝ)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

အိန္ဒိယစစ်သင်္ဘော INS Sumitra သည် အီရန်အလံလွှင့်တင်ထားကာ ပါကစ္စတန်နိုင်ငံသား အဖွဲ့ဝင်(၁၉)ဦး လိုက်ပါလာသော Al-Naeemi ငါးဖမ်းသင်္ဘောကို ဘေးကင်းစွာပြန်လွှတ်ပေးရန် ဆိုမာလီပင်လယ်ဓါးပြများကို တွန်းအားပေးခဲ့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Al-Naeemi ငါးဖမ်းသင်္ဘောကို ကယ်ဆယ်မှုအား အိန္ဒိယနိုင်ငံ ကိုချီမြို့အနောက်ဘက် ရေပိုင်(၈၅ဝ) အကွာတွင် ဇန်နဝါရီလ(၂၉)ရက် ညပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ဆိုမာလီပင်လယ် ဓါးပြ စုစုပေါင်း(၁၁)ယောက်သည် Al-Naeemi ငါးဖမ်းသင်္ဘော၏ သင်္ဘောသားများကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယရေတပ်က ပြောကြားခဲ့သည်။

အိန္ဒိယရေတပ်က ထုတ်ပြန်ထားသော ဓါတ်ပုံများတွင် ကွန်မန်ဒိုများသည် ငါးဖမ်းသင်္ဘောပေါ်သို့တက်ကာ ဆိုမာလီပင်လယ်ဓါးပြများကို ဝိုင်းထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့အပြင် သင်္ဘောကုန်းပတ်ပေါ်တွင် လက်ကိုနောက်ပြန်ကြိုးတုပ်ကာ ဒူးထောက်နေရသည့်အမျိုးသားများကိုလည်း အဆိုပါဓါတ်ပုံထဲတွင် တွေ့မြင်ခဲ့ရ သည်။

ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသည့် အီရန်အလံလွှင့်တင်ထားသော Iman ငါးဖမ်းသင်္ဘောပေါ်မှ အဖွဲ့သား(၁၇)ဦးကို ရေတပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် (၃၆)နာရီ အကြာတွင် ယခုကဲ့သို့ ကယ်ဆယ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်ကျောထောက်နောက်ခံပြု ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ သီးခြားတိုက်ခိုက်မှုများ မြင့်တက် လာမှုနှင့်အတူ ဆိုမာလီပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲမှုများသည် အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ဓါးပြများ၏ ဝင်ရောက်စီးနင်းမှုများ ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာစေခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားေသာ အီရန္ငါးဖမ္းသေဘၤာကို အိႏၵိယေရတပ္က ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့ဟုဆို
Pika (NP News) - ဇန္နဝါရီ ၃ဝ

ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားေသာ အီရန္ငါးဖမ္းသေဘၤာကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း အိႏၵိယေရတပ္က ဇန္နဝါရီလ(၃ဝ)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

အိႏၵိယစစ္သေဘၤာ INS Sumitra သည္ အီရန္အလံလႊင့္တင္ထားကာ ပါကစၥတန္ႏိုင္ငံသား အဖြဲ႕ဝင္(၁၉)ဦး လိုက္ပါလာေသာ Al-Naeemi ငါးဖမ္းသေဘၤာကို ေဘးကင္းစြာျပန္လႊတ္ေပးရန္ ဆိုမာလီပင္လယ္ဓါးျပမ်ားကို တြန္းအားေပးခဲ့ေၾကာင္း ေရတပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

Al-Naeemi ငါးဖမ္းသေဘၤာကို ကယ္ဆယ္မႈအား အိႏၵိယႏိုင္ငံ ကိုခ်ီၿမိဳ႕အေနာက္ဘက္ ေရပိုင္(၈၅ဝ) အကြာတြင္ ဇန္နဝါရီလ(၂၉)ရက္ ညပိုင္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။ ဆိုမာလီပင္လယ္ ဓါးျပ စုစုေပါင္း(၁၁)ေယာက္သည္ Al-Naeemi ငါးဖမ္းသေဘၤာ၏ သေဘၤာသားမ်ားကို ဓါးစာခံအျဖစ္ ဖမ္းဆီး ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိယေရတပ္က ေျပာၾကားခဲ့သည္။

အိႏၵိယေရတပ္က ထုတ္ျပန္ထားေသာ ဓါတ္ပုံမ်ားတြင္ ကြန္မန္ဒိုမ်ားသည္ ငါးဖမ္းသေဘၤာေပၚသို႔တက္ကာ ဆိုမာလီပင္လယ္ဓါးျပမ်ားကို ဝိုင္းထားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ထို႔အျပင္ သေဘၤာကုန္းပတ္ေပၚတြင္ လက္ကိုေနာက္ျပန္ႀကိဳးတုပ္ကာ ဒူးေထာက္ေနရသည့္အမ်ိဳးသားမ်ားကိုလည္း အဆိုပါဓါတ္ပုံထဲတြင္ ေတြ႕ျမင္ခဲ့ရ သည္။

ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားသည့္ အီရန္အလံလႊင့္တင္ထားေသာ Iman ငါးဖမ္းသေဘၤာေပၚမွ အဖြဲ႕သား(၁၇)ဦးကို ေရတပ္က ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း အိႏၵိယအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ (၃၆)နာရီ အၾကာတြင္ ယခုကဲ့သို႔ ကယ္ဆယ္မႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အီရန္ေက်ာေထာက္ေနာက္ခံျပဳ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕၏ သီးျခားတိုက္ခိုက္မႈမ်ား ျမင့္တက္ လာမႈႏွင့္အတူ ဆိုမာလီပင္လယ္ဓါးျပမ်ား၏ ျပန္ေပးဆြဲမႈမ်ားသည္ အိႏၵိယသမုဒၵရာအတြင္း ပင္လယ္ဓါးျပမ်ား၏ ဝင္ေရာက္စီးနင္းမႈမ်ား ျပန္လည္ေပၚေပါက္လာမည္ကို စိုးရိမ္မႈမ်ား ျမင့္တက္လာေစခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.