နေထိုင်စရာအခက်အခဲရှိနေသော သက်ကြီးပိုင်းလူရွှင်တော်များ (၂)နှစ်အတွင်း တိုက်ခန်းဖြင့် နေနိုင် တော့မည်

 549

သက်ပိုင် (NP News) - အောက်တိုဘာ ၂၄
နေထိုင်ရန်အတွက် အခက်အခဲရှိနေသော သက်ကြီးပိုင်း လူရွှင်တော်များအနေဖြင့် (၂)နှစ် အတွင်း တိုက်ခန်းဖြင့် နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NP News သို့ ပြောသည်။
နေထိုင်စရာအခက်အခဲဖြစ်နေသော လူရွှင်တော်များအတွက် လူရွှင်တော်ကျေးရွာတည်ဆောက် ရန် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး (၂)နှစ်အတွင်း အဆောက်အအုံတစ်ခု အပြီးဆောက်သွားမည်ဖြစ် ကြောင်း နှင့် တည်ဆောက်ပြီးစီးပါက နေထိုင်စရာအခက်အခဲရှိသော သက်ကြီးပိုင်း လူရွှင်တော်များကို ဦးစွာနေရာချထားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုက်တစ်လုံးကို နှစ်နှစ်အတွင်း အပြီး ဆောက်မှာ။ ပြီးတာနဲ့ တကယ်အဆင်မပြေတဲ့ သက်ကြီးတွေကို ဦးစားပေးပြီး အကုန်နေရာချပေးသွား မှာ။ ဘယ်နှစ်အိမ်ထောင်စုလောက်ကို ထားသွားမယ်ဆိုတာတော့ အတိအကျပြောလို့တော့ မရသေးဘူး။ အဆောက်အအုံတစ်လုံးပြီးတိုင်း အဲဒီမှာထပ်ထပ်ပြီး ထားသွားမှာပါ။ မြေအနေအထားအရ လေးလွှာပါ တဲ့ တိုက်ကို ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဦးဒိန်းဒေါင်က ပြောသည်။ လက်ရှိတွင် ပေ((100×40) ကျယ်ဝန်းသည့် ခန်းမတစ်ခုကို စတင်ဆောက်လုပ်ရန်စီစဉ်နေပြီး ခန်းမနှင့်အတူ လူနေထိုင်နိုင်သည့် တိုက်ကိုလည်း တပါတည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဆောက်အအုံတွေဆောက်လို့ မပြီးသေးခင်မှာ အရမ်းအခက်အခဲဖြစ်နေတဲ့သူတွေအနေနဲ့ ခန်းမကြီးမှာလည်း လာနေလို့ရမယ်။ ခန်းမ ကြီးက ပေ(၁၀ဝဍ္ဍ၄၀)ဆိုတော့ အကျယ်ကြီးပဲလေ။ နေချင် တဲ့သူတွေ လာနေလို့ရတာပေါ့။ တကယ်လို့ ကျွန်တော်တို့မှာ သစ်လေးဝါးလေးတွေရှိတယ်။ ဒီအနားမှာ ယာယီအိမ်ဆောက်ပြီးနေချင်တယ်ဆိုရင်လည်း ထားမှာပဲ အဓိကကတော့ သူတို့နေမှုထိုင်မှုအဆင်ပြေဖို့ က အဓိကပါပဲ” ဟု ဦးဒိန်းဒေါင်က ပြောသည်။ နေရေးထိုင်ရေးအခက်အခဲရှိသော လူရွှင်တော်များ အ တွက် နိုင်ငံတော်အစိုးရက (၂၀၂၃) ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် (၄၈) ရပ်ကွက်ရှိ မြေ(၅) ဧကကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမြေပေါ်တွင် အခန်းပေါင်း (၁၅၀) ဆောက် လုပ်သွားမည် ဖြစ်ကြောင်းနှင့် ချုပ်ဆိုထားသောစာချုပ်အရ နှစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောက်လုပ်ရာတွင် အဆောက်အအုံများကို ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ပေးနေခြင်းဖြစ်ပြီး ယခုအချိန်အထိ လိုအပ်သည်များကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိ ရသည်။

Zawgyi Version:
ေနထိုင္စရာအခက္အခဲရွိေနေသာ သက္ႀကီးပိုင္းလူ႐ႊင္ေတာ္မ်ား (၂)ႏွစ္အတြင္း တိုက္ခန္းျဖင့္ ေနႏိုင္ ေတာ့မည္
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၂၄
ေနထိုင္ရန္အတြက္ အခက္အခဲရွိေနေသာ သက္ႀကီးပိုင္း လူ႐ႊင္ေတာ္မ်ားအေနျဖင့္ (၂)ႏွစ္ အတြင္း တိုက္ခန္းျဖင့္ ေနထိုင္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး (ဗဟို) ဥကၠ႒ ဦးဒိန္းေဒါင္က NP News သို႔ ေျပာသည္။
ေနထိုင္စရာအခက္အခဲျဖစ္ေနေသာ လူ႐ႊင္ေတာ္မ်ားအတြက္ လူ႐ႊင္ေတာ္ေက်း႐ြာတည္ေဆာက္ ရန္ စတင္လုပ္ေဆာင္ေနၿပီျဖစ္ၿပီး (၂)ႏွစ္အတြင္း အေဆာက္အအုံတစ္ခု အၿပီးေဆာက္သြားမည္ျဖစ္ ေၾကာင္း ႏွင့္ တည္ေဆာက္ၿပီးစီးပါက ေနထိုင္စရာအခက္အခဲရွိေသာ သက္ႀကီးပိုင္း လူ႐ႊင္ေတာ္မ်ားကို ဦးစြာေနရာခ်ထားေပးသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။ “တိုက္တစ္လုံးကို ႏွစ္ႏွစ္အတြင္း အၿပီး ေဆာက္မွာ။ ၿပီးတာနဲ႔ တကယ္အဆင္မေျပတဲ့ သက္ႀကီးေတြကို ဦးစားေပးၿပီး အကုန္ေနရာခ်ေပးသြား မွာ။ ဘယ္ႏွစ္အိမ္ေထာင္စုေလာက္ကို ထားသြားမယ္ဆိုတာေတာ့ အတိအက်ေျပာလို႔ေတာ့ မရေသးဘူး။ အေဆာက္အအုံတစ္လုံးၿပီးတိုင္း အဲဒီမွာထပ္ထပ္ၿပီး ထားသြားမွာပါ။ ေျမအေနအထားအရ ေလးလႊာပါ တဲ့ တိုက္ကို ေဆာက္သြားမွာျဖစ္ပါတယ္” ဟု ဦးဒိန္းေဒါင္က ေျပာသည္။ လက္ရွိတြင္ ေပ((100×40) က်ယ္ဝန္းသည့္ ခန္းမတစ္ခုကို စတင္ေဆာက္လုပ္ရန္စီစဥ္ေနၿပီး ခန္းမႏွင့္အတူ လူေနထိုင္ႏိုင္သည့္ တိုက္ကိုလည္း တပါတည္း ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“အေဆာက္အအုံေတြေဆာက္လို႔ မၿပီးေသးခင္မွာ အရမ္းအခက္အခဲျဖစ္ေနတဲ့သူေတြအေနနဲ႔ ခန္းမႀကီးမွာလည္း လာေနလို႔ရမယ္။ ခန္းမ ႀကီးက ေပ(၁၀ဝၮ၄၀)ဆိုေတာ့ အက်ယ္ႀကီးပဲေလ။ ေနခ်င္ တဲ့သူေတြ လာေနလို႔ရတာေပါ့။ တကယ္လို႔ ကြၽန္ေတာ္တို႔မွာ သစ္ေလးဝါးေလးေတြရွိတယ္။ ဒီအနားမွာ ယာယီအိမ္ေဆာက္ၿပီးေနခ်င္တယ္ဆိုရင္လည္း ထားမွာပဲ အဓိကကေတာ့ သူတို႔ေနမႈထိုင္မႈအဆင္ေျပဖို႔ က အဓိကပါပဲ” ဟု ဦးဒိန္းေဒါင္က ေျပာသည္။ ေနေရးထိုင္ေရးအခက္အခဲရွိေသာ လူ႐ႊင္ေတာ္မ်ား အ တြက္ ႏိုင္ငံေတာ္အစိုးရက (၂၀၂၃) ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ အမွတ္ (၄၈) ရပ္ကြက္ရွိ ေျမ(၅) ဧကကို ေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ယင္းေျမေပၚတြင္ အခန္းေပါင္း (၁၅၀) ေဆာက္ လုပ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ခ်ဳပ္ဆိုထားေသာစာခ်ဳပ္အရ ႏွစ္ႏွစ္အတြင္း အၿပီးေဆာက္လုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဆာက္လုပ္ရာတြင္ အေဆာက္အအုံမ်ားကို ျပည္သစ္စံကုမၸဏီမွ တာဝန္ယူတည္ေဆာက္ ေပးေနျခင္းျဖစ္ၿပီး ယခုအခ်ိန္အထိ လိုအပ္သည္မ်ားကို အခမဲ့ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိ ရသည္။

Related news

© 2021. All rights reserved.