အာဖရိကကမ်းရိုးတန်း၌ ဓားစာခံဖြစ်ခဲ့ရသည့် မြန်မာသင်္ဘောသား (၈) ဦး တစ်လကျော်အကြာတွင် ပြန်လည်လွတ်မြောက်

 3457

Pearl (NP News) - ဖေဖော်ဝါရီ ၃

အာဖရိကကမ်းရိုးတန်း၌ ဓားစာခံဖြစ်ခဲ့ရသည့် မြန်မာသင်္ဘောသား (၈) ဦး တစ်လကျော်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းက အရာရှိတစ်ဦးပါအဝင် မြန်မာနိုင်ငံသားသင်္ဘောသား ၈ ဦး နှင့် အာဖရိကတိုက်မှ သင်္ဘောသား ၁ ဦးကို အနောက်ပိုင်း အာဖရိကကမ်းရိုးတန်း၌ ပင်လယ်ဓားပြများက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းပေ့ါလေ သင်္ဘောပေါ်ကို ပင်လယ်ဓားပြက ဓားပြတိုက်တယ်။ များသော အားဖြင့်ကတော့ ဓားပြတိုက်ရင်သင်္ဘောအစင်းလိုက်ကို ဓားစာခံအဖြစ်ခေါ်သွားလေ့ရှိတယ်။ ဒီတစ်ခေါက်ကတော့ နည်းနည်း ထူးခြားဖြစ်စဉ်လေးက သင်္ဘောပေါ်ကို တက်ပြီးတိုက်တဲ့ ဓားပြက သင်္ဘောကို ချန်ထားခဲ့ပြီးတော့ မြန်မာအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း ၈ ယောက်ရယ်၊ အာဖရိကတိုက် သားတစ်ယောက်ရယ် စုစုပေါင်း ၉ ယောက်ကိုပဲ ဖမ်းသွားတယ်ပေါ့လေ။ သင်္ဘောကို ထားခဲ့တယ်" ဟု MSF မှ ဥက္ကဋ္ဌ ကပ္ပတိန် ဦးစိုးမင်းအောင်က ပြောသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ "ဒီကိစ္စတွေက ပုံမှန်အားဖြင့် ဖြစ်နေကျဆိုတော့ ဖြန်ဖြေပေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ ပြန်ရဖို့ ပြောဆိုတဲ့ အချိန်မှာ ပြန်ရကြတယ်ပေါ့နော်။ ပြန်ရတော့ မြန်မာနိုင်ငံကို မကြာခင် ရက်အနည်းငယ်အတွင်း ပြန်ရောက်မယ့် အခြေအနေလေး ရှိပါတယ်" ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အာဖရိက ကမ်းရိုးတန်း၌ ဆိုမာလီယာပင်လယ် ဓားပြများက သင်္ဘောကို ဓားပြတိုက်ကာ သင်္ဘောနှင့်အတူ မြန်မာသင်္ဘောသားများ အပါအဝင် သင်္ဘောသားများကို ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

zawgyi version
အာဖရိကကမ္း႐ိုးတန္း၌ ဓားစာခံျဖစ္ခဲ့ရသည့္ ျမန္မာသေဘၤာသား (၈) ဦး တစ္လေက်ာ္အၾကာတြင္ ျပန္လည္ လြတ္ေျမာက္

Pearl (NP News) - ေဖေဖာ္ဝါရီ ၃

အာဖရိကကမ္း႐ိုးတန္း၌ ဓားစာခံျဖစ္ခဲ့ရသည့္ ျမန္မာသေဘၤာသား (၈) ဦး တစ္လေက်ာ္အၾကာတြင္ ျပန္လည္ လြတ္ေျမာက္လာခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ (MSF) ထံမွ သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလပိုင္းက အရာရွိတစ္ဦးပါအဝင္ ျမန္မာႏိုင္ငံသားသေဘၤာသား ၈ ဦး ႏွင့္ အာဖရိကတိုက္မွ သေဘၤာသား ၁ ဦးကို အေနာက္ပိုင္း အာဖရိကကမ္း႐ိုးတန္း၌ ပင္လယ္ဓားျပမ်ားက ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ဒီဇင္ဘာလ လဆန္းပိုင္းေပ့ါေလ သေဘၤာေပၚကို ပင္လယ္ဓားျပက ဓားျပတိုက္တယ္။ မ်ားေသာ အားျဖင့္ကေတာ့ ဓားျပတိုက္ရင္သေဘၤာအစင္းလိုက္ကို ဓားစာခံအျဖစ္ေခၚသြားေလ့ရွိတယ္။ ဒီတစ္ေခါက္ကေတာ့ နည္းနည္း ထူးျခားျဖစ္စဥ္ေလးက သေဘၤာေပၚကို တက္ၿပီးတိုက္တဲ့ ဓားျပက သေဘၤာကို ခ်န္ထားခဲ့ၿပီးေတာ့ ျမန္မာအရာရွိနဲ႔ အျခားအဆင့္ စုစုေပါင္း ၈ ေယာက္ရယ္၊ အာဖရိကတိုက္ သားတစ္ေယာက္ရယ္ စုစုေပါင္း ၉ ေယာက္ကိုပဲ ဖမ္းသြားတယ္ေပါ့ေလ။ သေဘၤာကို ထားခဲ့တယ္" ဟု MSF မွ ဥကၠ႒ ကပၸတိန္ ဦးစိုးမင္းေအာင္က ေျပာသည္။

ထိုသို႔ ဖမ္းဆီးခံရၿပီးေနာက္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။ "ဒီကိစၥေတြက ပုံမွန္အားျဖင့္ ျဖစ္ေနက်ဆိုေတာ့ ျဖန္ေျဖေပးတဲ့ အဖြဲ႕အစည္းေတြ၊ ကုမၸဏီေတြ ရွိတယ္ေပါ့ေနာ္။ အဲဒါနဲ႔ ျပန္ရဖို႔ ေျပာဆိုတဲ့ အခ်ိန္မွာ ျပန္ရၾကတယ္ေပါ့ေနာ္။ ျပန္ရေတာ့ ျမန္မာႏိုင္ငံကို မၾကာခင္ ရက္အနည္းငယ္အတြင္း ျပန္ေရာက္မယ့္ အေျခအေနေလး ရွိပါတယ္" ဟု ၎က ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ လပိုင္းအတြင္းကလည္း အာဖရိက ကမ္း႐ိုးတန္း၌ ဆိုမာလီယာပင္လယ္ ဓားျပမ်ားက သေဘၤာကို ဓားျပတိုက္ကာ သေဘၤာႏွင့္အတူ ျမန္မာသေဘၤာသားမ်ား အပါအဝင္ သေဘၤာသားမ်ားကို ဖမ္းဆီး‌ေခၚေဆာင္သြားသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.