Squid Game မင်းသား အိုယောင်းဆိုး အလိုမတူပဲ အမျိုးသမီးကို နမ်းရှုံ့မှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် (၁)နှစ်ကျနိုင်

1659

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၃
တောင်ကိုရီးယား အကျော်အမော်ရုပ်ရှင်ဇာတ်လမ်းတွဲ "Squid Game" မှ သရုပ်ဆောင် အိုယောင်းဆိုး ၂၀၁၇ ခုနှစ်က အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် တစ်နှစ် ကျခံရဖို့ ရှိတယ်လို့ အစိုးရရှေ့နေများရဲ့ ပြောကြားချက်ကို ကိုးကားထားတဲ့ ကိုရီးယားမီဒီယာများ၏ ဖေဖော်ဝါရီလ ၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
Netflix smash hit ဒရာမာ " Squid Game " မှာ Player 001 အိုအီနမ် အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး အသက် ၇၉ နှစ်အရွယ် မင်းသားကြီးဟာ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စွဲချက်တင်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အမျိုးသမီးတစ်ဦးမှ ၎င်းဟာ ဖျော်ဖြေရေး ခရီးစဉ်တစ်ခုအတွင်း သူမရဲ့ ခွင့်ပြုချက်မရဘဲ သူမရဲ့ပါးကိုနမ်းခဲ့တယ်လို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ တောင်ကိုရီးယားရဲတပ်ဖွဲ့က အဆိုပါအမှုကို ကနဦးပယ်ချခဲ့ပေမယ့်လည်း အမျိုးသမီးရဲ့ တောင်းဆိုချက်အရ အမှုကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက် နောက်ဆုံးရုံးချိန်းမှာတော့ Suwon ခရိုင်အစိုးရရှေ့နေရုံးခွဲက ၎င်းကို ထောင်ဒဏ်တစ်နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအတွင်း အိုက စွဲချက်တွေ အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ "ဒီအသက်အရွယ်မှ တရားရုံးမှာ အမှုရင်ဆိုင်ရတာ အရမ်းနာကျင်ပြီး ခက်ခဲပါတယ်”လို့ ၎င်းက ဆိုပါတယ်။
အမှုကို မတ်လ ၁၅ ရက်မှာ ထပ်မံကြားနာရန် စီစဉ်ထားပါတယ်။ အိုဟာ ၂၀၂၂ ခုနှစ်က ရွှေကမ္ဘာလုံးဆုရရှိတဲ့ ပထမဆုံးတောင်ကိုရီးယားမင်းသားဖြစ်ခဲ့ပြီး Squid Game နဲ့ ရုပ်သံကဏ္ဍမှာ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
zawgyi version
Squid Game မင္းသား အိုေယာင္းဆိုး အလိုမတူပဲ အမ်ိဳးသမီးကို နမ္းရႈံ႕မႈ စြပ္စြဲခ်က္နဲ႔ ေထာင္ဒဏ္(၁)ႏွစ္က်ႏိုင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၃
ေတာင္ကိုရီးယား အေက်ာ္အေမာ္႐ုပ္ရွင္ဇာတ္လမ္းတြဲ "Squid Game" မွ သ႐ုပ္ေဆာင္ အိုေယာင္းဆိုး ၂၀၁၇ ခုႏွစ္က အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈနဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ က်ခံရဖို႔ ရွိတယ္လို႔ အစိုးရေရွ႕ေနမ်ားရဲ႕ ေျပာၾကားခ်က္ကို ကိုးကားထားတဲ့ ကိုရီးယားမီဒီယာမ်ား၏ ေဖေဖာ္ဝါရီလ ၂ ရက္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
Netflix smash hit ဒရာမာ " Squid Game " မွာ Player 001 အိုအီနမ္ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီး အသက္ ၇၉ ႏွစ္အ႐ြယ္ မင္းသားႀကီးဟာ လိင္ပိုင္းဆိုင္ရာ အက်င့္ပ်က္ျခစားမႈနဲ႔ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလက စြဲခ်က္တင္ခံခဲ့ရပါတယ္။ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလက အမ်ိဳးသမီးတစ္ဦးမွ ၎ဟာ ေဖ်ာ္ေျဖေရး ခရီးစဥ္တစ္ခုအတြင္း သူမရဲ႕ ခြင့္ျပဳခ်က္မရဘဲ သူမရဲ႕ပါးကိုနမ္းခဲ့တယ္လို႔ တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္ ဧၿပီလမွာ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က အဆိုပါအမႈကို ကနဦးပယ္ခ်ခဲ့ေပမယ့္လည္း အမ်ိဳးသမီးရဲ႕ ေတာင္းဆိုခ်က္အရ အမႈကို ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၂ ရက္ ေနာက္ဆုံး႐ုံးခ်ိန္းမွာေတာ့ Suwon ခ႐ိုင္အစိုးရေရွ႕ေန႐ုံးခြဲက ၎ကို ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြအတြင္း အိုက စြဲခ်က္ေတြ အားလုံးကို ျငင္းဆန္ခဲ့ပါတယ္။ "ဒီအသက္အ႐ြယ္မွ တရား႐ုံးမွာ အမႈရင္ဆိုင္ရတာ အရမ္းနာက်င္ၿပီး ခက္ခဲပါတယ္”လို႔ ၎က ဆိုပါတယ္။
အမႈကို မတ္လ ၁၅ ရက္မွာ ထပ္မံၾကားနာရန္ စီစဥ္ထားပါတယ္။ အိုဟာ ၂၀၂၂ ခုႏွစ္က ေ႐ႊကမာၻလုံးဆုရရွိတဲ့ ပထမဆုံးေတာင္ကိုရီးယားမင္းသားျဖစ္ခဲ့ၿပီး Squid Game နဲ႔ ႐ုပ္သံက႑မွာ အေကာင္းဆုံး ဇာတ္ပို႔သ႐ုပ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။