ကွတ်ခိုင်မြို့၌ TNLA ကို မြို့ခံကချင်တိုင်းရင်းသားများကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့က စာထုတ်ကန့်ကွက်

9926

သုတကျော် (NP News) - ဖေဖော်ဝါရီ ၇
TNLA က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင် ကချင်တိုင်းရင်းသားများ၏ အိမ်အတွင်းမှ ကချင်အလံများကို ဆွဲဖြုတ်ခြင်း၊ တိုင်ကိုကန်ခြင်း၊ ခြိမ်းခြောက်ခြင်းများစသည်တို့ပြုလုပ်ခဲ့သည့် အပြင် အာဏာရှင်ဆန်ဆန် အမိန့်ပေးဆက်ဆံခဲ့သည့်အပေါ် ကွတ်ခိုင်မြို့နေ ကချင်တိုင်း ရင်းသားများကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်၊ ရက်စွဲဖြင့် စာထုတ်ကာ ကန့်ကွက်ရှုံ့ချခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ကချင်အမျိုးသား တော်လှန်ရေးနေ့ကို ကွတ်ခိုင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေစဉ် TNLA က တားဆီးနှောက်ယှက်ခြင်း၊ အဆိုပါနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့နေ ကချင်တိုင်းရင်းသားများက မိမိတို့ ခြံဝန်းအတွင်း ကချင်အလံကို တစ်နေ့တာ လွှင့်ထူထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA က ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်း နှင့် အလံတိုင်ကို ခြေဖြင့် ကန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း အထက်ပါစာတွင် ဖော်ပြထားသည်။
ထို့ပြင် ကွတ်ခိုင်မြို့ကို TNLA အဖွဲ့က တိုက်ယူထားသည်ဟု ပြောဆိုကာ ပြည်သူကို အာဏာရှင် ဆန်ဆန် အမိန့်ပေးဆက်ဆံခြင်း၊ “လက်သုံးချောင်း ထောင်တာလည်း ငါတို့ TNLA အောက်မှာပဲ နေရမယ်”ဟု ပြောဆိုခြင်း၊ လက်နက်မဲ့ ပြည်သူများကို သေနတ်မောင်း တင်၊ ချိန်ရွယ်ခြိမ်းခြောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း စာတွင် ရေးသားထားချက်အရသိရကာ ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် ကွတ်ခိုင်မြို့နေ ကချင်အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြထား သည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ အဓိကတော့ တရားနည်းလမ်းတကျလေးပေါ့။ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ဖို့ အားလုံးက တာဆူနေတဲ့အချိန်မှာ ဦးဆောင်နေတဲ့ လူတွေကလည်း ပြည် သူလူထုနဲ့ တသားတည်းဖြစ်အောင်ပေါ့။ ဒေသအတွင်းမှာ အတူယှဉ်တွဲ နေထိုင်ရေးလည်း အရေးကြီးတယ်ပေါ့။ ဦးဆောင်တဲ့သူကလည်း တစ်ယောက်နဲ့ တစ်ယောက် တိုင်းရင်းသား အချင်းချင်း တန်ဖိုးထားဖို့ လိုတာပါ”ဟု ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ TNLA ဘက်က ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်လာခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
zawgyi version
ကြတ္ခိုင္ၿမိဳ႕၌ TNLA ကို ၿမိဳ႕ခံကခ်င္တိုင္းရင္းသားမ်ားကိုယ္စား ကြတ္ခိုင္ကခ်င္တမန္အဖြဲ႕က စာထုတ္ကန႔္ကြက္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၇
TNLA က ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕တြင္ ကခ်င္တိုင္းရင္းသားမ်ား၏ အိမ္အတြင္းမွ ကခ်င္အလံမ်ားကို ဆြဲျဖဳတ္ျခင္း၊ တိုင္ကိုကန္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားစသည္တို႔ျပဳလုပ္ခဲ့သည့္ အျပင္ အာဏာရွင္ဆန္ဆန္ အမိန႔္ေပးဆက္ဆံခဲ့သည့္အေပၚ ကြတ္ခိုင္ၿမိဳ႕ေန ကခ်င္တိုင္း ရင္းသားမ်ားကိုယ္စား ကြတ္ခိုင္ကခ်င္တမန္အဖြဲ႕က ေဖေဖာ္ဝါရီလ ၆ ရက္၊ ရက္စြဲျဖင့္ စာထုတ္ကာ ကန႔္ကြက္ရႈံ႕ခ်ခဲ့ေၾကာင္း အဆိုပါအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၅ ရက္က ကခ်င္အမ်ိဳးသား ေတာ္လွန္ေရးေန႔ကို ကြတ္ခိုင္ၿမိဳ႕တြင္ က်င္းပရန္ျပင္ဆင္ေနစဥ္ TNLA က တားဆီးေႏွာက္ယွက္ျခင္း၊ အဆိုပါေန႔ အထိမ္းအမွတ္အျဖစ္ ကြတ္ခိုင္ၿမိဳ႕ေန ကခ်င္တိုင္းရင္းသားမ်ားက မိမိတို႔ ၿခံဝန္းအတြင္း ကခ်င္အလံကို တစ္ေန႔တာ လႊင့္ထူထားစဥ္ အထက္အမိန႔္အရဟုဆိုကာ TNLA က ပိတ္ပင္ျခင္း၊ တားဆီးျခင္း၊ အလံတိုင္ကို ခ်ိဳးဖ်က္၊ ဆြဲဆုတ္၊ ျဖဳတ္ခ်၊ ယူေဆာင္သြားျခင္း ႏွင့္ အလံတိုင္ကို ေျချဖင့္ ကန္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း အထက္ပါစာတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕ကို TNLA အဖြဲ႕က တိုက္ယူထားသည္ဟု ေျပာဆိုကာ ျပည္သူကို အာဏာရွင္ ဆန္ဆန္ အမိန႔္ေပးဆက္ဆံျခင္း၊ “လက္သုံးေခ်ာင္း ေထာင္တာလည္း ငါတို႔ TNLA ေအာက္မွာပဲ ေနရမယ္”ဟု ေျပာဆိုျခင္း၊ လက္နက္မဲ့ ျပည္သူမ်ားကို ေသနတ္ေမာင္း တင္၊ ခ်ိန္႐ြယ္ၿခိမ္းေျခာက္ျခင္း စသည္တို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း စာတြင္ ေရးသားထားခ်က္အရသိရကာ ထိုသို႔ ေဆာင္႐ြက္ခဲ့သည့္အတြက္ ကြတ္ခိုင္ၿမိဳ႕ေန ကခ်င္အမ်ိဳးသားထု တစ္ရပ္လုံးကိုယ္စား ကြတ္ခိုင္ကခ်င္တမန္အဖြဲ႕မွ ကန႔္ကြက္ရႈံ႕ခ်ေၾကာင္း ေဖာ္ျပထား သည္။
“ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ အဓိကေတာ့ တရားနည္းလမ္းတက်ေလးေပါ့။ ဒီမိုကေရစီ ႏိုင္ငံေတာ္ျဖစ္ဖို႔ အားလုံးက တာဆူေနတဲ့အခ်ိန္မွာ ဦးေဆာင္ေနတဲ့ လူေတြကလည္း ျပည္ သူလူထုနဲ႔ တသားတည္းျဖစ္ေအာင္ေပါ့။ ေဒသအတြင္းမွာ အတူယွဥ္တြဲ ေနထိုင္ေရးလည္း အေရးႀကီးတယ္ေပါ့။ ဦးေဆာင္တဲ့သူကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ တိုင္းရင္းသား အခ်င္းခ်င္း တန္ဖိုးထားဖို႔ လိုတာပါ”ဟု ကြတ္ခိုင္ကခ်င္တမန္အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ TNLA ဘက္က ဆက္သြယ္ကမ္းလွမ္း ဖိတ္ေခၚလာျခင္း မရွိေသးေၾကာင္းလည္း ၎က ေျပာသည္။