စင်ကာပူမှာ တရုတ်နှစ်သစ်ကူးကာလအတွင်း အထွေထွေရောဂါကုဆေးခန်းပေါင်း ၁ဝဝဝ နီးပါး ဖွင့်လှစ်ထား

363
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁ဝ
စင်ကာပူမှာ တရုတ်နှစ်သစ်ကူး အစိုးရရုံးပိတ်ရက်တွေမှာ အထွေထွေရောဂါကုဆေးခန်း စုစုပေါင်း ၉၉၃ ခု ဖွင့်လှစ်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) က ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဆေးခန်းများအနက် ၁၇ ခုဟာ ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ပွဲတော်ကာလအတွင်း တစ်ရက်ကို ၂၄ နာရီ ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။ "ပွဲတော်ကာလအတွင်း နေမကောင်းတဲ့ကလေးတွေ အပါအဝင် အသေးစား အခြေအနေတွေအတွက် သူတို့ရဲ့အဆိုပါဆေးခန်းတွေကို သွားဖို့ တိုက်တွန်းပါတယ်” လို့ MOH က ထုတ်ပြန်ထားပါတယ်။
"ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်းနဲ့ သွေးထွက်လွန်ခြင်းလို ပြင်းထန်တဲ့ (သို့မဟုတ်) အသက်အန္တရာယ်ရှိ တဲ့ အရေးပေါ်အခြေအနေတွေမှာသာ ဆေးရုံရဲ့မတော်တဆမှုနဲ့ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူရမှာ ဖြစ်တယ်" လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။
တရုတ်နှစ်သစ်ကူးအားလပ်ရက်ဟာ ဖေဖော်ဝါရီလ ၁ဝ ရက်မှစကာ ဖေဖော်ဝါရီ ၁၇ ရက်ထိ ရှည်ကြာမှာ ဖြစ်ပါတယ်။ လာမယ့် တရုတ်နှစ်ဟာ တရုတ်လူမျိုးတွေရဲ့အကြီးကျယ်ဆုံးနှစ်အဖြစ် ယူဆထားတဲ့ နဂါးနှစ် ကျရောက်မှာဖြစ်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း အေထြေထြေရာဂါကုေဆးခန္းေပါင္း ၁ဝဝဝ နီးပါး ဖြင့္လွစ္ထား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
စင္ကာပူမွာ တ႐ုတ္ႏွစ္သစ္ကူး အစိုးရ႐ုံးပိတ္ရက္ေတြမွာ အေထြေထြေရာဂါကုေဆးခန္း စုစုေပါင္း ၉၉၃ ခု ဖြင့္လွစ္မယ္လိုုု႔ က်န္းမာေရးဝန္ႀကီးဌာန (MOH) က ေဖေဖာ္ဝါရီ ၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါေဆးခန္းမ်ားအနက္ ၁၇ ခုဟာ ေဖေဖာ္ဝါရီ ၉ ရက္မွ ေဖေဖာ္ဝါရီ ၁၂ ရက္အထိ ပြဲေတာ္ကာလအတြင္း တစ္ရက္ကို ၂၄ နာရီ ဖြင့္လွစ္မွာျဖစ္တယ္လို႔သိရပါတယ္။ "ပြဲေတာ္ကာလအတြင္း ေနမေကာင္းတဲ့ကေလးေတြ အပါအဝင္ အေသးစား အေျခအေနေတြအတြက္ သူတို႔ရဲ႕အဆိုပါေဆးခန္းေတြကို သြားဖို႔ တိုက္တြန္းပါတယ္” လို႔ MOH က ထုတ္ျပန္ထားပါတယ္။
"ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရႈမဝျခင္းနဲ႔ ေသြးထြက္လြန္ျခင္းလို ျပင္းထန္တဲ့ (သို႔မဟုတ္) အသက္အႏၲရာယ္ရွိ တဲ့ အေရးေပၚအေျခအေနေတြမွာသာ ေဆး႐ုံရဲ႕မေတာ္တဆမႈနဲ႔ အေရးေပၚဌာနမွာ ေဆးကုသမႈခံယူရမွာ ျဖစ္တယ္" လို႔ ဝန္ႀကီးဌာနက သတိေပးထားပါတယ္။
တ႐ုတ္ႏွစ္သစ္ကူးအားလပ္ရက္ဟာ ေဖေဖာ္ဝါရီလ ၁ဝ ရက္မွစကာ ေဖေဖာ္ဝါရီ ၁၇ ရက္ထိ ရွည္ၾကာမွာ ျဖစ္ပါတယ္။ လာမယ့္ တ႐ုတ္ႏွစ္ဟာ တ႐ုတ္လူမ်ိဳးေတြရဲ႕အႀကီးက်ယ္ဆုံးႏွစ္အျဖစ္ ယူဆထားတဲ့ နဂါးႏွစ္ က်ေရာက္မွာျဖစ္ပါတယ္။