တောင်ကိုရီးယားသို့ မွန်ပြည်နယ်မှ ဆားကြမ်းတန်ချိန် ငါးထောင် တင်ပို့မည်

1106

NP News - ဖေဖော်ဝါရီ ၁၆
တောင်ကိုရီးယားနိုင်ငံသို့ ဆားကြမ်း တင်ပို့ရန်အတွက် လုပ်ဆောင်မှုများ ရှိနေပြီး ၂ဝ၂၄ ခုနှစ်အတွင်း တန်ချိန် ၅၀၀၀ တင်ပို့ရန် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
ယခု ဖေဖော်ဝါရီ ၂၈ ရက်တွင် တန်ချိန် ၅၀၀ ကို တင်ပို့သွားရန်ရှိကြောင်း၊ ထိုတင်ပို့မှု အဆင်ပြေပါက တန်ချိန် ၅၀၀၀ ကို တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုသွားမည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။
“ပဏာမစာချုပ် MOU ဆိုပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ တန် ၅၀၀၊ ၂၀၂၄ မှာ တန် ၅၀၀၀၊ နောက်နှစ်မှာ တန် ၃၀,၀၀၀ ဆိုပြီးတော့ အဲဒီလိုစာချုပ် MOU ထိုးပါတယ်။ ဒုတိယအဆင့်ကျတော့ ဦးတို့ဆီက တန် ၅၀၀ ကို သူတို့ အရင်ယူမယ်ဆိုပြီးတော့ စာရွက်စာတန်းတွေ လုပ်ခိုင်းနေတယ်။ အနေအထားကတော့ ပထမအဆင့် ပို့ပြီးလို့ အောင်မြင်ရင် ဒုတိယအဆင့်ကို တန် ၅၀၀၀ ထပ်ပြီးတော့ စာချုပ်ချုပ်ဖို့ရှိတယ်” ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆားလုပ်ငန်းတွင် လိုအပ်ချက်ဖြစ်ပေါ်နေသည့် ဆားများ အဆင့်မြှင့်သန့်စင်ရန် နှင့် အခြောက်ခံရန် စက်များကို သက်ဆိုင်ရာဌာနများမှတဆင့် အထောက်အပံ့ရရန် တင်ပြထားကြောင်း၊ ထို့နောက် အသေးစားလုပ်ငန်းရှင်များ အတွက် ချေးငွေထုတ်ချေးရာတွင် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများသည် ဦးစားပေးအဆင့်၌ ပါဝင်ခြင်း ကြောင့် တောင်သူများအနေဖြင့် ဆားများကို အရည်အသွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တင်ပို့သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ထွက်ရှိသည့် အရည်အသွေးပြည့်မှီသော ဆားများကို တင်ပို့ရန် လျာထားကြောင်း သိရသည်။ တောင်ကိုရီးယားမှ ဝယ်ယူသည့်ဈေးနှုန်းသည် မြင့်မားခြင်းကြောင့် လာမည့်နှစ်များတွင် တင်ပို့ရန် သဘောတူထားသည့် ဆားတန်ချိန် ၃၀,၀၀၀ ကို ထပ်မံဝယ်ယူပါက မွန်ပြည်နယ်အတွင်းရှိ ဆားများသာမက ဧရာဝတီတိုင်းများမှ ထွက်ရှိသည့်ဆားများကိုလည်း တင်ပို့သွားမည်ဟု သိရသည်။
“သူတို့က ဆားကို သန့်နေမှ သူက ယူမှာတဲ့။ အဲဒါကိုယ့်ဆားကို ရောင်းချင်တယ်ဆိုရင် ဆားသန့်သန့် လုပ်ပေးပါတဲ့။ ဈေးကွက်ကို မျှော်ပြီးတော့လေ ကျွန်တော်တို့က သူသတ်မှတ်ထားတဲ့စံချိန်အတိုင်း ပြည့်မှီဖို့ ကျနော်တို့ ကြိုးစား ရမှာပေါ့။ ကျွန်တော်တို့က သူသတ်မှတ်ထားတဲ့စံချိန်ကို ပြည့်မှီမှ ကျွန်တော်တို့က ရောင်းဝယ်လို့ ရမှာလေ။ အဆင်ပြေလာနိုင်တာပေါ့လေ။ ကိုရီးယားက ဖြုန်းတဲ့ဈေးကွက်ရတော့ အဆင်ပြေတာပေါ့” ဟု ဆားကုန်သည် တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း ဆားဧက ၅၀၀၀ ခန့်တွင် ဆားထုတ်လုပ်လျက်ရှိနေပြီး တန်ချိန်အားဖြင့် ၅၀,၀၀၀ ထွက်ရှိ ကြောင်း သိရသည်။ အချို့သော ဆားကွင်းများသည် စံချိန်စံညွှန်းပြည့်မှီအောင် ထုတ်လုပ်နေမှုများ မရှိသည့် အတွက် ထိုတောင်သူများအနေဖြင့် ဆားကြမ်းများကို တောင်ကိုရီးယားသို့ တင်ပို့လိုပါက အရည်အသွေးမြှင့်တင် ရန် လိုအပ်ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားသို႔ မြန္ျပည္နယ္မွ ဆားၾကမ္းတန္ခ်ိန္ ငါးေထာင္ တင္ပို႔မည္
NP News - ေဖေဖာ္ဝါရီ ၁၆
ေတာင္ကိုရီးယားႏိုင္ငံသို႔ ဆားၾကမ္း တင္ပို႔ရန္အတြက္ လုပ္ေဆာင္မႈမ်ား ရွိေနၿပီး ၂ဝ၂၄ ခုႏွစ္အတြင္း တန္ခ်ိန္ ၅၀၀၀ တင္ပို႔ရန္ လုပ္ေဆာင္ေနေၾကာင္း မြန္ျပည္နယ္ ဆားလုပ္ငန္းရွင္အသင္းထံမွ သိရသည္။
ယခု ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ တန္ခ်ိန္ ၅၀၀ ကို တင္ပို႔သြားရန္ရွိေၾကာင္း၊ ထိုတင္ပို႔မႈ အဆင္ေျပပါက တန္ခ်ိန္ ၅၀၀၀ ကို တင္ပို႔ရန္အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမည္ဟု မြန္ျပည္နယ္ဆားလုပ္ငန္းရွင္အသင္းမွ သိရသည္။
“ပဏာမစာခ်ဳပ္ MOU ဆိုၿပီးေတာ့ လက္မွတ္ေရးထိုးပါတယ္။ တန္ ၅၀၀၊ ၂၀၂၄ မွာ တန္ ၅၀၀၀၊ ေနာက္ႏွစ္မွာ တန္ ၃၀,၀၀၀ ဆိုၿပီးေတာ့ အဲဒီလိုစာခ်ဳပ္ MOU ထိုးပါတယ္။ ဒုတိယအဆင့္က်ေတာ့ ဦးတို႔ဆီက တန္ ၅၀၀ ကို သူတို႔ အရင္ယူမယ္ဆိုၿပီးေတာ့ စာ႐ြက္စာတန္းေတြ လုပ္ခိုင္းေနတယ္။ အေနအထားကေတာ့ ပထမအဆင့္ ပို႔ၿပီးလို႔ ေအာင္ျမင္ရင္ ဒုတိယအဆင့္ကို တန္ ၅၀၀၀ ထပ္ၿပီးေတာ့ စာခ်ဳပ္ခ်ဳပ္ဖို႔ရွိတယ္” ဟု အသင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဆားလုပ္ငန္းတြင္ လိုအပ္ခ်က္ျဖစ္ေပၚေနသည့္ ဆားမ်ား အဆင့္ျမႇင့္သန႔္စင္ရန္ ႏွင့္ အေျခာက္ခံရန္ စက္မ်ားကို သက္ဆိုင္ရာဌာနမ်ားမွတဆင့္ အေထာက္အပံ့ရရန္ တင္ျပထားေၾကာင္း၊ ထို႔ေနာက္ အေသးစားလုပ္ငန္းရွင္မ်ား အတြက္ ေခ်းေငြထုတ္ေခ်းရာတြင္ မြန္ျပည္နယ္အတြင္းရွိ ဆားလုပ္ငန္းမ်ားသည္ ဦးစားေပးအဆင့္၌ ပါဝင္ျခင္း ေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ ဆားမ်ားကို အရည္အေသြးျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မြန္ျပည္နယ္မွ ထြက္ရွိသည့္ အဆင့္ျမင့္ဆားၾကမ္းကို တင္ပို႔သြားမည္ျဖစ္ၿပီး အဓိကအားျဖင့္ ေရးၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္မ်ားမွ ထြက္ရွိသည့္ အရည္အေသြးျပည့္မွီေသာ ဆားမ်ားကို တင္ပို႔ရန္ လ်ာထားေၾကာင္း သိရသည္။ ေတာင္ကိုရီးယားမွ ဝယ္ယူသည့္ေဈးႏႈန္းသည္ ျမင့္မားျခင္းေၾကာင့္ လာမည့္ႏွစ္မ်ားတြင္ တင္ပို႔ရန္ သေဘာတူထားသည့္ ဆားတန္ခ်ိန္ ၃၀,၀၀၀ ကို ထပ္မံဝယ္ယူပါက မြန္ျပည္နယ္အတြင္းရွိ ဆားမ်ားသာမက ဧရာဝတီတိုင္းမ်ားမွ ထြက္ရွိသည့္ဆားမ်ားကိုလည္း တင္ပို႔သြားမည္ဟု သိရသည္။
“သူတို႔က ဆားကို သန႔္ေနမွ သူက ယူမွာတဲ့။ အဲဒါကိုယ့္ဆားကို ေရာင္းခ်င္တယ္ဆိုရင္ ဆားသန႔္သန႔္ လုပ္ေပးပါတဲ့။ ေဈးကြက္ကို ေမွ်ာ္ၿပီးေတာ့ေလ ကြၽန္ေတာ္တို႔က သူသတ္မွတ္ထားတဲ့စံခ်ိန္အတိုင္း ျပည့္မွီဖို႔ က်ေနာ္တို႔ ႀကိဳးစား ရမွာေပါ့။ ကြၽန္ေတာ္တို႔က သူသတ္မွတ္ထားတဲ့စံခ်ိန္ကို ျပည့္မွီမွ ကြၽန္ေတာ္တို႔က ေရာင္းဝယ္လို႔ ရမွာေလ။ အဆင္ေျပလာႏိုင္တာေပါ့ေလ။ ကိုရီးယားက ျဖဳန္းတဲ့ေဈးကြက္ရေတာ့ အဆင္ေျပတာေပါ့” ဟု ဆားကုန္သည္ တစ္ဦးက ေျပာသည္။
မြန္ျပည္နယ္အတြင္း ဆားဧက ၅၀၀၀ ခန႔္တြင္ ဆားထုတ္လုပ္လ်က္ရွိေနၿပီး တန္ခ်ိန္အားျဖင့္ ၅၀,၀၀၀ ထြက္ရွိ ေၾကာင္း သိရသည္။ အခ်ိဳ႕ေသာ ဆားကြင္းမ်ားသည္ စံခ်ိန္စံၫႊန္းျပည့္မွီေအာင္ ထုတ္လုပ္ေနမႈမ်ား မရွိသည့္ အတြက္ ထိုေတာင္သူမ်ားအေနျဖင့္ ဆားၾကမ္းမ်ားကို ေတာင္ကိုရီးယားသို႔ တင္ပို႔လိုပါက အရည္အေသြးျမႇင့္တင္ ရန္ လိုအပ္ေၾကာင္း သိရသည္။