အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်းဈေး သတ်မှတ်မည်ဆိုသည့်သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းနေ

 595

NP News - ဖေဖော်ဝါရီ ၂၃

အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည်ဆိုသည့်သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းနေ ကြောင်း ပဲကုန်သည်များထံက သိရသည်။
ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးမှာ ဈေးကျဆင်းမှုရှိလာတာကြောင့် စောင့်ကြည့်ကာ အရောင်းအဝယ်လုပ်နေ ကြတာကြောင့် အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေသော်လည်း ပြည်တွင်း မြေပဲဆန်မှာ ပြည်တွင်း စက်ပိုင်များ အဝယ်ကောင်းသဖြင့် ဈေးကောင်းရနေခြင်းဖြစ်သည်။

ပို့ကုန်ပဲတွေ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေကြောင်း စံချိန်တင်အမြင့်ဆုံး ဈေးတွေ ပေါက်ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲ ဈေးနှုန်းကို သတ်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း ပဲဈေးတွေ ကျဆင်းကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများမှာ နယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ် ကျဆင်းလာကြောင်း ကုန်သည်များထံမှ သိရသည်။
“ပဲစင်းငုံ၊ မတ်ပဲတွေ ဈေးကျ ဆင်းလာပါတယ်။ ပို့ကုန်ပဲစင်းငုံ တစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀၀၀၀ ထိ ပေါက်ဈေးရောက်မှ ဒီနေ့ပေါက်ဈေးတစ်အိတ် ငွေကျပ် ၃၆၅ဝဝဝ ထိဈေးကျ ဆင်းသွားတယ်။ ပြည်တွင်း ပဲမာလိုင်းတွေကလည်း အသစ်ဝင် ရောက်မှုများလာပါတယ်။ တစ်အိတ် ငွေကျပ် ၄ သိန်း ကျော် ပဲတွေကတော့ ဈေးအေးလာမယ့် အခြေအနေရှိလာပါတယ်။ အိန္ဒိယ နိုင်ငံမှာလည်း ပဲဈေးကို ရည်ညွှန်း ဈေး သတ်မှတ်မယ့်သတင်းတွေ ကြောင့် ယခုလို ဈေးကျဆင်း လာတာပါ။ ဈေးကွက်တစ်ခုလုံး ခြုံသုံးသပ်ရရင် လက်ရှိပေါက် ဈေးတွေနဲ့ အရောင်းအဝယ်ခပ် အေးအေးသာရှိနေပါတယ်။ မြေပဲ ဆန် တစ်မျိုးသာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းနေလို့ ဈေးအကောင်းကြီး မဟုတ်သော်လည်း အရောင်းအဝယ်သွက်နေပါတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ လက်ရှိအချိန်အထိ အိန္ဒိယပဲဈေးကွက်နှင့်ပတ်သတ်သော တိကျခိုင်လုံသော သတင်းများ မရရှိသေးကြောင်း ပဲကုန်သည်များထံမှ သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံ၏ ပဲရည္ၫႊန္းေဈး သတ္မွတ္မည္ဆိုသည့္သတင္းမ်ားေၾကာင့္ ပို႔ကုန္ပဲမ်ား ေဈးက်ဆင္းေန
NP News - ေဖေဖာ္ဝါရီ ၂၃

အိႏၵိယႏိုင္၏ ပဲရည္ၫႊန္ေဈး သတ္မွတ္မည္ဆိုသည့္သတင္းမ်ားေၾကာင့္ ပို႔ကုန္ပဲမ်ား ေဈးက်ဆင္းေန ေၾကာင္း ပဲကုန္သည္မ်ားထံက သိရသည္။
ပဲ၊ ႏွမ္းေဈးကြက္တစ္ခုလုံးမွာ ေဈးက်ဆင္းမႈရွိလာတာေၾကာင့္ ေစာင့္ၾကည့္ကာ အေရာင္းအဝယ္လုပ္ေန ၾကတာေၾကာင့္ အေရာင္းအဝယ္ခပ္ေအးေအးသာ ရွိေနေသာ္လည္း ျပည္တြင္း ေျမပဲဆန္မွာ ျပည္တြင္း စက္ပိုင္မ်ား အဝယ္ေကာင္းသျဖင့္ ေဈးေကာင္းရေနျခင္းျဖစ္သည္။

ပို႔ကုန္ပဲေတြ သီတင္းပတ္ ႏွစ္ပတ္ဆက္တိုက္ ေဈးက်ဆင္းေနေၾကာင္း စံခ်ိန္တင္အျမင့္ဆုံး ေဈးေတြ ေပါက္ေဈးရွိလာရာမွ အိႏၵိယႏိုင္ငံ၏ ျပည္တြင္းပဲ ေဈးႏႈန္းကို သတ္မွတ္ေဈးအတိုင္း ေရာင္းခ်ရန္ဆိုသည့္ သတင္းမ်ားေၾကာင့္ ရန္ကုန္ဝယ္လက္မ်ား၏ ေစာင့္ၾကည့္ဝယ္ယူမႈမ်ားေၾကာင့္ ျပည္တြင္း ပဲေဈးေတြ က်ဆင္းေၾကာင္း ျပည္တြင္းသုံး ပဲမာလိုင္းမ်ားမွာ နယ္စုံဝင္လာတာေၾကာင့္ အျမင့္ေဈးမွ အနည္းငယ္ က်ဆင္းလာေၾကာင္း ကုန္သည္မ်ားထံမွ သိရသည္။
“ပဲစင္းငုံ၊ မတ္ပဲေတြ ေဈးက် ဆင္းလာပါတယ္။ ပို႔ကုန္ပဲစင္းငုံ တစ္အိတ္ အျမင့္ဆုံးေဈး ေငြက်ပ္ ၄၂၀၀၀၀ ထိ ေပါက္ေဈးေရာက္မွ ဒီေန႔ေပါက္ေဈးတစ္အိတ္ ေငြက်ပ္ ၃၆၅ဝဝဝ ထိေဈးက် ဆင္းသြားတယ္။ ျပည္တြင္း ပဲမာလိုင္းေတြကလည္း အသစ္ဝင္ ေရာက္မႈမ်ားလာပါတယ္။ တစ္အိတ္ ေငြက်ပ္ ၄ သိန္း ေက်ာ္ ပဲေတြကေတာ့ ေဈးေအးလာမယ့္ အေျခအေနရွိလာပါတယ္။ အိႏၵိယ ႏိုင္ငံမွာလည္း ပဲေဈးကို ရည္ၫႊန္း ေဈး သတ္မွတ္မယ့္သတင္းေတြ ေၾကာင့္ ယခုလို ေဈးက်ဆင္း လာတာပါ။ ေဈးကြက္တစ္ခုလုံး ၿခဳံသုံးသပ္ရရင္ လက္ရွိေပါက္ ေဈးေတြနဲ႔ အေရာင္းအဝယ္ခပ္ ေအးေအးသာရွိေနပါတယ္။ ေျမပဲ ဆန္ တစ္မ်ိဳးသာ ျပည္တြင္းစက္ပိုင္မ်ား အဝယ္ေကာင္းေနလို႔ ေဈးအေကာင္းႀကီး မဟုတ္ေသာ္လည္း အေရာင္းအဝယ္သြက္ေနပါတယ္” ဟု ပဲကုန္သည္တစ္ဦးက ေျပာသည္။

ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ မတ္ပဲတစ္အိတ္လွ်င္ ေငြက်ပ္ ၂၈၀၀၀၀၊ ပဲစင္းငုံတစ္အိတ္လွ်င္ ေငြက်ပ္ ၃၆၆၀၀၀ ေပါက္ေဈး ျဖစ္လာသည္။ ပဲတီစိမ္းအညာ တစ္အိတ္လွ်င္ ေငြက်ပ္ ၁၈၅၀၀၀ ေပါက္ေဈးျဖင့္ ေဈးျမင့္တက္လာသည္။ လက္ရွိအခ်ိန္အထိ အိႏၵိယပဲေဈးကြက္ႏွင့္ပတ္သတ္ေသာ တိက်ခိုင္လုံေသာ သတင္းမ်ား မရရွိေသးေၾကာင္း ပဲကုန္သည္မ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.