မြစ်ကြီးနားမြို့တွင် လက်ကိုကြိုးဖြင့်တုတ်၍ ရိုက်နှက်သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ

2173

သန့်ဇင် (NP News) - မတ် ၁ဝ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လက်ကိုကြိုးဖြင့်တုတ်၍ ရိုက်နှက်သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(မတ်လ ၁ဝ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ Mytel ရုံးရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ပတ်ဝန်းကျင်က ဒီအလောင်းတွေ့တယ်ဆိုပြီး လှမ်းခေါ်တာပါ။ ဒဏ်ရာက အတွင်းဒဏ်ရာတွေ များတာပေါ့။ လက်ကလည်း ကြိုးတုတ်ခံထားရတာ။ ခါးမှာ ညိုနေတာတွေ့တယ်။ ခန္ဓာကိုယ်မှာလည်း အပေါက် တွေနဲ့ ဆုံးနေတာပါ” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
သေဆုံးသူမှာ အသက်(၃၀)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လက်(၂)ဖက်အား ကြိုးနှင့်တုတ်ခံရလျက် ပြည်ထောင်စုလမ်းမကြီး၏ ဘေး၌ သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုးဖြစ်စဉ်က အရင်ကတော့ မရှိဘူး။ အခုမှတွေ့ရတာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေမှူး ကိုယ်တိုင်လာပြီး စစ်ဆေးသွားတာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမစ္ႀကီးနားၿမိဳ႕တြင္ လက္ကိုႀကိဳးျဖင့္တုတ္၍ ႐ိုက္ႏွက္သတ္ျဖတ္ခံထားရသည္ဟု ယူဆရသည့္ အမ်ိဳးသား အေလာင္းတစ္ေလာင္း ေတြ႕ရွိ
သန႔္ဇင္ (NP News) - မတ္ ၁ဝ
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ လက္ကိုႀကိဳးျဖင့္တုတ္၍ ႐ိုက္ႏွက္သတ္ျဖတ္ခံထားရသည္ဟု ယူဆရသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း မ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါအေလာင္းကို ယေန႔(မတ္လ ၁ဝ ရက္)၊ နံနက္ ၇ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္း ရပ္ကြက္၊ ျပည္ေထာင္စုလမ္းမႀကီး၊ Mytel ႐ုံးေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကို ပတ္ဝန္းက်င္က ဒီအေလာင္းေတြ႕တယ္ဆိုၿပီး လွမ္းေခၚတာပါ။ ဒဏ္ရာက အတြင္းဒဏ္ရာေတြ မ်ားတာေပါ့။ လက္ကလည္း ႀကိဳးတုတ္ခံထားရတာ။ ခါးမွာ ညိဳေနတာေတြ႕တယ္။ ခႏၶာကိုယ္မွာလည္း အေပါက္ ေတြနဲ႔ ဆုံးေနတာပါ” ဟု မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
ေသဆုံးသူမွာ အသက္(၃၀)ႏွစ္အ႐ြယ္ခန႔္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး လက္(၂)ဖက္အား ႀကိဳးႏွင့္တုတ္ခံရလ်က္ ျပည္ေထာင္စုလမ္းမႀကီး၏ ေဘး၌ ေသဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီလိုမ်ိဳးျဖစ္စဥ္က အရင္ကေတာ့ မရွိဘူး။ အခုမွေတြ႕ရတာ။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး နယ္ေျမမႉး ကိုယ္တိုင္လာၿပီး စစ္ေဆးသြားတာရွိတယ္” ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းက ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။